Apr 25, 2009

တရုပ်ကြီးလည်း အာကာသကိစ္စ လိမ်တယ်ဆိုပဲ

အမေရိကန်က လကမ္ဘာပေါ်မှာ လမ်းလျှောက်တယ်ဆိုပြီး ကမ္ဘာကို ကြေငြာခဲ့ပါတယ်။ အဲဒီကိစ္စ မယုံကြည်သူတွေ အများကြီးရှိနေတယ်။ အာကာသ ယဉ်မှုးတွေဟာ အကြောင်းပေါင်းများစွာနဲ့ သေခဲ့ပါတယ်။ ကျနော်တို့ကြည့်နေရတဲ့ လပေါ်လမ်းလျှောက်တဲ့ ဗီဒီယိုတွေဟာ အမေရိကန် အစိုးရထုတ်တိုက်ရိုက် ထုတ်လွှင့်ချိန်မှာ TV မျက်နှာပြင်ကို ပြန်ရိုက်တားတာမို့ ၀ါးနေတာပါ။ မူရင်းဖလင်ကတော့ ပိုမိုကြည်လင်ပြီးတော့ စွပ်စွဲခံရတဲ့ တချို့ကိစ္စတွေဟာ မှန်ကန်ရဲ့လားဆိုတာ သိလာမှာပါ။ ဒါပေမယ့် NASA ကတော့ ကမ္ဘာ့သမိုင်းမှာ အရေးကြီးတဲ့ မူရင်း ဖလင်တွေဟာ ပျောက်သွားပြီဆိုပဲ။
အာကာသကို တရုတ်ကြီးရောက်သွားတဲ့ သတင်းတွေ ကြားမိမှာပါ။ အဲဒါလည်း လိမ်ညာချက်ဆိုပြီး ဗီဒီယိုထွက်လာပါပြီ။ အာကာသမှာ မဟုတ်ပဲ ရေကန်ကြီးထဲမှာ ရုပ်ရှင်ရိုက်ထားတယ်ဆိုပဲ။ ဒီဗီဒီယိုကိုကြည့်ပြီး မိမိဖာသာ ဆုံးဖြတ်ပါ။ တကယ်လို့ တရုပ်ကြီး လိမ်တယ်လို့ လက်ခံတယ်ဆိုရင် ခင်ဗျား ဘယ်လို တုံ့ပြန်မလဲ? ကမ္ဘာကြီးဟာ လိမ်ညာမှုတွေချည်းပါလားဆိုပြီး ဘ၀ကြီးကို ကြောက်လန့်သွားမှာလား? ဒါမှ မဟုတ်ရင် လူဘောင်ကြီးကတော့ လိမ်ညာမှုတွေနဲ့ ပျက်စီးနေပြီ။ ဒီအတိုင်းလက်ပိုက်ကြည့်နေမယ့်အစား အများအကျိုးအတွက် တတ်စွမ်းတရွေ့ ကူညီလုပ်ကိုင်ပေးမယ်ဆိုတဲ့ စိတ်ထားမျိုးကို မွေးထုတ်မလား? ဖြေကြည့်ပါ။









(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: