Apr 22, 2009

တရား မှတ်စုများ - အပိုင်း ၁


Dama Ku Tho ဘလော့မှ ကူးယူဖေါ်ပြပါသည်။

ပေးကမ်းစွန့်ကျဲတဲ့ အခါ ပြန်ရဖို့ မျှော်လင့်ချက်မထားဘဲ စိတ်သန့်သန့် နဲ့ လှူ ပါ ၊ နဲတာ များတာ အဓိက မကျပါ ၊ အလှူခံ တဲ့ သူ ကောင်းကျိုး ကို မျှော်မှန်းပြီး လှူဒါန်းရမယ်

ဘုရားကို အာရုံပြု ရင်း အနီးမှာ ရှိသကဲ့သို့ ခံစားရပါမယ် ၊ ဒါဆို မကောင်းမူတွေ မလုပ်ရဲတော့ပါဘူး

ဝိပသာနာ နည်းမလုပ် ခင် သမာဓိ ကောင်အောင် သမထ နည်း အရင်ကျင့်ရမယ်

တရားမထိုင်ခင် ကြိုတင်ပြင်ဆင် ရမယ် - မုတ်ဆိတ် ရိတ် ၊ ရေချိုး ၊ လက်သည်းညှပ် ၊ အ၀တ် အစား သန့်သန့်ရှင်းရှင်းဝတ် . . .

တရားမထိုင်ခင် ဘုရား တရား သံဃာ ဆရာ မိဘ တို့ကို ကာယကံ ၀စီကံ မနောကံ ဖြင့်ပြစ်မှား ခဲ့သည် ရှိသော် ခွင့်လွင့်ပါရန် ၀န်ချ တာင်းပန်ပါ

တရားမထိုင်ခင် ခန္တာကိုယ် နှင့် အသက် ကို ဘုရား ကိုအပ်နှံထားပါ

တရားထိုင် ရင် သတိ နဲ့ ၀ိရိယ တွဲ မိအောင် လုပ်ရမယ်

တရား ရှိ မှ စိတ်ထိန်း နိုင်မယ်

တရား သိပြီး ရင် ရှိအောင် လုပ်သင့်တယ်

တရား မှတ်တာ များလာရင် ခန္တာကိုယ် မှာ သံဝေဂတွေ ဖြစ်လာမယ် ၊ ကာမဂုဏ် တွေ လျော့နည်းလာမယ်

ဆရာကောင်း တွေ့ ဖို့ အရေးကြီး တယ်

ဒေါသဖြစ် ရင် မိတ်ဆွေ အပေါင်းအသင်း နဲပါးလာမယ်

သည်းခံတာဟာ အရှူံး ပေးတာ မဟုတ် ၊ လူတိုင်းမရနိုင် တဲ့ အောက်တန်းကျတဲ့ ဒေါသ ကို အနိုင်ရလိုက်တာဘဲ

ခွင့်လွတ်တတ်ရမယ် ၊ ကိုယ်က သူများကို ခွင့်လွတ်ဖို့ တောင်းပန်ရမယ် ၊ ကိုယ်က လဲ သူများ ကို ခွင့်လွတ် ၊ မိမိ ကိုယ်ကိုယ် လဲ ခွင့်လွတ်နိုင်ရမယ် ၊ မှားတာကိုလက်ခံပြီး ဒါမျိုးထပ် မဖြစ်အောင် ကျိုးစားရမယ်

သံဃာ ဆိုတာ ဘုန်းကြီး ၄ ပါးနဲ့ အထက် ကိုဆိုလိုတာ ၊ ဘုန်းကြီး တစ်ပါးထဲ ကို သံဃာ ဟုမခေါ်

မေတ္တာ ပို့တဲ့ အခါ မိမိ ကိုယ်ကိုယ် အရင်ပို့ပြီး စပါ

မေတ္တာ ပို့ရင်း အပို့ ခံ သူ ပြုံးလာအောင်ပို့ ပါ

မေတ္တာ ပွားရင် စိတ်အေးချမ်းမူ ကို ရနိုင်မယ်

မေတ္တာ ထားရင် ကောင်းတဲ့ တုံ့ ပြန်တာ တွေ့ရမယ်

မေတ္တာ ပွားရင်း သမာဓိ ကောင်းလာမယ်

မေတ္တာ ပို့မရရင် သူ့ရဲ့ ကောင်းတဲ့ ဟာတွေကို တွေးလိုက်ပါ

သီလ ကောင်းရင် အသက်ရှည် တယ်

၅ ပါးသီလ မှာ လိမ်တာ အပစ် အကြီး ဆုံးပါဘဲ

ဆွမ်းကပ်တဲ့ အခါ ၂ တောင့် ထွာ အတွင်းကပ်ရမယ် ၊ တစ်ဦးတည်း ကပ်ရမယ် ၊ အများ ပေါင်းပြီး မကပ်သင့်

ဆွမ်းကပ်ဖို့ ပင့်ပါတယ်ဘုရားဟု ဘုန်းကြီး ကိုလျှောက်ရမယ် ၊ ဆွမ်း ဆိုတဲ့ စကားလုံး ပါရမယ် ၊ မုန့်ဟင်းခါး ကပ်ချင်လို့ပါလို့ ပြောရင်အာဘတ်သင့်တယ်

ရုပ်ကလပ် ကို ကိုယ့်ကိုယ်ကိုယ် ဟုအောက်မေ့ပြီး စိတ်ထဲ မှာ အစားသေကြည့်ပြီး ရှု ရမယ်

ငါသည် သေရဦးမယ် ၊ ငါသည် မုချ သေရမည် ၊ ငါသည် သေဖို့ရာ အချိန် အပိုင်းအခြား သာ လိုတော့သည် ၊ ငါ၏ အသက်ရှည်ခြင်းသည် သေခြင်းတရား နှင့်သာ အဆုံးသတ်ရမည် ဟုဆင်ခြင် နှလုံးသွင်းရမယ်

သေရမယ် လို့ မြင်ထားရင် မကောင်းတာတွေ မလုပ်တော့ဘဲ ကောင်းတာ တွေ လုပ်ဖို့ ဖြစ်လာလိမ့်မယ်

မကောင်းတဲ့ စိတ်နဲ့ သေရင် မကောင်းတဲ့ ဘုံ ရောက် တယ် ၊ စိတ်ကောင်း နဲ့ သေရင် ကောင်းတဲ့ ဘုံရောက်တယ်

စီးပွား ပညာ ရှာ ရင် ငါဘယ်တော့ မှ မသေဘူးဟု စိတ်ထဲ မှာ ထားပြီး ရှာဖွေရတယ်

တရားရှာရင် ငါအခု သေတော့မှာ ဟု ဆင်ခြင်ရမယ်

ဒါန သီလ ဘာဝနာ များများ လုပ်ထားမှ အချိန်မရွေး ပြန်ဆင်ခြင်ရင် အောက်မေ့သတိရမယ် ၊ အရမ်းကို ကျေနပ် အားရစိတ်နဲ့ သေသင့်တယ်

သေခါနီး သုအနား မငိုသင့်ပါ ၊ ကောင်းမူကုသိုလ် တွေ ပြန်ပြောပြပါ ၊ ပရိတ်တရား ဖွင့်ပေးပါ ၊ တရားခွေ ဖွင့်ပေးပြီး တရားမှတ်ဖို့ အားပေး ပါ

မွေးကတည်း က အိုခြင်းသေခြင်းတွေ ပါလာ တယ်

ဘ၀ ဟာ သိပ်တိုတာဘဲ ၊ နောက်ထပ် ဘယ်လောက် ထပ်နေရအုံးမလဲ လို့ ကြည့်ရင် အကြာကြီး လိုဘဲ ၊ ပြီးခဲ့ တဲ့ နစ် တွေကိုပြန်ကြည့်လိုက်ရင် ၅ မိနစ်တောင် မကြာဘူးလိုဘဲ ၊ ခဏလေး ဆိုတာ မြင်လာလိမ့်မယ်

သေခြင်းတရား ကို များများ ပွားထားရင် သေခါနီးမှာ ကြောက်စိတ် မရှိဘဲ သေရတယ်

ဦးခေါင်းပေါ်မှာရှိသော ဆံပင်တွေသည် အဆင်း အနံ အားဖြင့် လည်းကောင်း ၊ ပုံသဏာန်အားဖြင့်လည်းကောင်း မှီရာအကြောင်း တည်ရာအားဖြင့်လည်းကောင်း ဘာမျှ နှစ်သက်စရာ မြတ်နိုးဖွယ်ရာ မရှိပါတကား ။

ဆံပင် ၊ အမွှေး ၊ လက်သည်း ခြေသည်း ၊ သွား ၊ အရေ ၊ အသား ၊ အကြော ၊ အရိုး ၊ ခြင်ဆီ ၊ အညို့ ၊ နှလုံး ၊ အသည်း ၊ အမြှေး ၊ အဖျဉ်း ၊ အဆုပ် ၊ အူမ ၊ အူသိမ် ၊ အစာသစ် ၊ အစာဟောင်း ၊ ဦးနောက် ၊ သည်းခြေ ၊ သလိပ် ၊ ပြည် ၊ သွေး ၊ ချွေး ၊ အဆီခဲ ၊ မျက်ရည် ၊ ဆီကြည် ၊ တံတွေး ၊ နှပ် ၊ အစေး ၊ ကျင်ကြီး ကျင်ငယ် စသည် တို့ကို ဆင်ခြင်ရမယ်

ရောဂါဖြစ်တာ ကြို သိတော့ ကြိုပြီး ပြင်ဆင်ရတာပေါ့ ၊ မဟုတ်ရင် ကောင်းမူ ပြုဖို့ မေ့လျော့ နေတတ်တယ်

ရွံတွေ ဟာ ရေ နဲ့ မြေကြီး နဲ့ ပေါင်းပြီး မှ ဖြစ်တာဘဲ ၊ ရေမရှိရင် ရွံ ဘယ်ဖြစ်မလဲ ၊ သန့်စင်ဖို့ ရေနဲ့ ဘဲ ဆေးရမှာပေါ့ ၊ စိတ်နဲ့ ဖြစ်လာတဲ့ ကြောက်စိတ် ကိုလဲ စိတ်နဲ့ ဘဲ ပြန်ဆေးကြောရမယ်

အကြောင်းအရာ တစ်ခုခု ဟာ ကိုယ့် အတွက် ကော သူများ အတွက်ပါ ကောင်းတယ် ဆိုရင် လက်ခံ လိုက်ပါ

အာနာပါန တရားအားထုတ်နည်း ဆိုတာ ၀င်လေထွက်လေ မှတ်တာကိုခေါ်တာပါ

တရားထိုင် အစ မှာ သမာဓိ ကောင်းအောင် ဂဏန်း ရေတွက်နည်း သုံးပါ ၊ ၁ မှ အများဆုံး ၁၀ ထိမှတ်နိုင်တယ်

ဝင်လေ ထွက်လေ ၁ ၊ ၀င်လေ ထွက်လေ ၂ ၊ . . . ၀င်လေ ထွက်လေ ၈ ၊ တစ်က ပြန်စ ၊ ၁၀ ခေါ်က်ပြီးရင် တစ်ဝါရ လို့ ခေါ်တယ်

တရားမထိုင်ခင် ဆိတ်ညိမ် တဲ့ နေရာကိုရွေးရတယ် ၊ အသံကြောင့် သမာဓိ ပျက်တတ်တယ်

စိတ်ဆိုတာ ထိမ်းရခက်တော့ လွတ်ထားရင် ပိုပြီး ထိမ်းရခက်တယ် ၊ လျှောက်သွား နေတဲ့ နွား ကို ကြိုးနဲ့ သစ်ပင်မှာ ချည်လိုက်သကဲ့သို့ စိတ်ကို လဲ တရားရှု နည်းတစ်ခုခု နဲ့ ချည်ထားရမယ်

ဝင်လေ ထွက်လေ မှတ် တဲ့ အချိန်မှာ အသက် ရှူ သွင်း ရှူထုတ် ညီမျှ အောင် မှတ်ရမယ် ၊ ရှူ သွင်းတာ များနေရင် နောက်ပြန်ကျသလို ဖြစ်ပြီး ၊ ရှူ ထုတ်ထာ များနေရင် ခေါင်းငိုက်လာတတ်တယ်

ကောင်းဖို့ အကြံပေးတာ လက်မခံနိုင် သူကို ဆက်ပြီး မပြောသင့် ( ငှက် နှင့် မျောက် မိုးရွာတုံး အခိုက် ဖြစ်ပျက်ပုံ၊ ငှက် က အိမ်နဲ့ နေ ၊ မျောက်က ရေစိုပြီး နေစရာ မရှိ)

ဆုံးမလွယ်တဲ့ သူတွေ လိုချင်ရင် ကိုယ်တိုင် စံပြဖြစ်အောင် နေပြပါ
(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

1 comment:

shane said...

အရမ်း အနှစ်​သာရ ရှိပါတယ်