Apr 14, 2009

နိပေါမှ မျိုးဆက်သစ် သံဃာတော်နှင့် သီလရှင်များ



နိပေါသံဃာတော်နှင့် သီလရှင်များမှာ မြန်မာ့သင်္ကန်းလေးတွေကိုယ်စီနဲ့ပါ။ ဘာသာခြားတွေထဲမှာ အခက်အခဲတွေနဲ့ သာသနာပြုနေရပါသည်။ သို့သော် မြန်မာပြည်မှ သံဃာတော် တွေကတော့ ၀ိနည်းတွေကို နည်းနည်းမှ မလေးစားတဲ့ အပြင် မင်းသမီးများ ပိုစတာကို သူတို့ ကျောင်းတွေမှာပင် ချိတ်ဆွဲနေကြပါပြီ။ ရုပ်ရှင်၊ ဗီဒီယိုတွေကို နေ့စဉ်မပျက်ကြည့်နေပါတယ်။ ၀ိပဿနာလုပ်တယ်ဆိုတာ မရှိပါ။ ဆရာတော်ကြီးတွေကလည်း သာသနာ့အရေးထက် ရွှေကျောင်းကြီးဖြစ်ဖို့ အလေးထားနေပါသည်။ မလိမ်မာသော ဒါယိကာများကို ဆုံးမဖို့ထက် အလှူငွေများဖို့ ဦးစားပေးနေပါသည်။ MSMA ဘလော့မှ သံဃာတော်များဆိုလျှင် ဘုန်းကြီးအချင်းချင်း ခွေး လို့ ခေါ်ဝေါ်နေပါသည်။ လူတွေကလည်း အကျင့်သီလတွေပျက်ပြီး မိမိချမ်းသာဖို့ကိုသာ ဦးစားပေးနေပါသည်။ အများအကျိုးဆိုတာ သူတို့ခေါင်းထဲမှာ မရှိတော့ပါ။

အကျင့်သီလရှိသော ပုဂ္ဂိုလ်များနှင့် ၀ိနည်းကို အင်မတန်လေးစားသော သံဃာတော်များလည်းရှိပါသေးသည်။ သို့သော် အလွန်ကိုနည်းပါးလှပေသည်။ သာသနာ သန့်စင်ရေးအတွက် အခုလို လက်ပိုက်ကြည့်လို့ မရတော့ပါ။ သာသနာသန့်ရှင်းစိတ်ဝင်စားသော တက်ကြွသည့် ရဟန်းပျိုများနှင့် လူငယ်များ ပေါ်ထွက်လာမှ မြန်မာပြည်မှာ ဗုဒ္ဓသာသနာ ဆက်လက်ပွင့်လင်းနေမည်ဖြစ်သည်။

(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: