May 3, 2009

သံဃာတော်မှ ဦးဆောင်၍ ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းဖောက်နေ



ရပ်ရွာအကျိုးကို ဦးဆောင်နေသော သံဃာတော်များနှင့် ခိုကပ်စိတ်မရှိပဲ မိမိဒေသတိုးတက်ရေးကို လက်တွေ့ကျကျ ကူညီလုပ်ကိုင်နေသည့် မွန်ပြည်နယ်မှ မြန်မာများ၏ လုပ်ရပ်ကို ဂုဏ်ယူမိပါသည်။
------------------------------------
Mon 20 Apr 2009, လရီမွန်
ရေးမြို့နယ်မြောက်ပိုင်းရှိ လမိုင်းမြို့နယ်ခွဲ ကော့ဒွတ်ကျေးရွာတွင် သံဃာတော်များမှ ဦးဆောင်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကတ္တရာလမ်းခင်းနေသည်ဟု ဒေသခံများက ပြောသည်။

ကော့ဒွတ်ကျေးရွာရှိ စာချဆရာတော်သည် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော ကျောင်းထိုင် ဆရာတော် အရှင်ဘဒ္ဒန္တဝံသပါလမထေရ်၏ ဇျာပနပွဲတော် ကျင်းပပြီး ပိုလျှံနေသော အလှူ ငွေများနှင့် ရွာသူရွာသားများမှ သဒ္ဓါတရားတတ်အားသမျှ ထည့်ဝင်သောအလှူငွေများ စု ပေါင်းကာ ကျေးရွာဖွံ့ဖြိုးရန်အတွက် ရည်ရွယ်၍ ဖောက်လုပ်နေခြင်းဖြစ်ကြောင်း ရွာခံများ က ပြောသည်။

"ရွာက ရပ်မိရပ်ဖတွေ ဝိုင်းပြီး ကူညီပေးပါတယ်၊ ဒါပေမဲ့ အာဏာပိုင်က ဒီလမ်းအတွက် ထောက်ပံ့ငွေတွေ ပေးတာတော့ မရှိပါဘူး၊ ဘုန်းကြီးပျံက ပိုတဲ့အလှူငွေနဲ့ ရွာသားတွေ ထည့်ဝင်တဲ့အလှူငွေနဲ့ပဲလုပ်တာ" ဟု ကော့ဒွတ်ရွာသားတစ်ဦးက ပြောသည်။

ဖောက်လုပ်ပြီးစီးခဲ့သော လမ်းအရှည်မှာ ၂ မိုင်ခန့် ရှည်လျားပြီး အကျယ် ၁၀ ပေ ခန့်ရှိ သည်။ ယင်းလမ်းကို ဖောက်လုပ်ခဲ့သည်မှာ ၂ ပတ်ကျော်ခန့်ရှိပြီး လမ်း၏ ၃ပုံ ၁ပုံ ကျန်ရှိ နေသေးသည်။

"လမ်းပြင်နေတဲ့နေရာမှာ ကျောက်ခဲဝိုင်းသယ်၊ မြေတွေ ကူဖို့ပေးနေတဲ့ လုပ်အားပေး ရွာ သူရွာသားတွေ၊ မွန်လူငယ်က အဖွဲ့ဝင်တွေနဲ့ စည်ကားနေတာပဲ၊ တစ်ချို့ ကားရှိတဲ့သူ တွေ ဆိုရင်လည်း မြေတွေ ဝိုင်းသယ်ပေးကြတယ်၊ အခုတော့ မိုးရွာထားလို့ ခဏနားထားတယ်၊ မိုးရွာတာ နဲနဲပါးသွား ရင်တော့ အပြီးသတ်ပြန်ဖောက်အုံးမယ် " ဟု ဒေသခံ အမျိုးသ္မီးတစ် ဦးက ပြောသည်။

လမ်းဖောက်သော အလုပ်သမားများမှာ လမိုင်းမြို့တွင် ဖောက်လုပ်ခဲ့သော အလုပ်သမား များကို ဆက်လက်ခေါ်ယူထားခြင်း ဖြစ်သည်။ လမ်းဖောက်နေသော နေရာတွင် စေတနာရှင်များ ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက် အလှူခံပုံးကိုလည်း ထားပေးသည်။

ယင်းကော့ဒွတ်ကျေးရွာနေပြည်သူများ လျှပ်စစ်မီး ရရှိရန်အတွက်လည်း သံဃာတော်များမှ ဦးဆောင်၍ လျှပ်စစ်မီး သွယ်တန်းပေးခဲ့သေးသည်။

ဒေသခံအာဏာပိုင်များ ဦးဆောင်၍ လမိုင်းမြို့ရှိ ဇီဇဝါလမ်းကို ကတ္တရာအခင်းအဖြစ် ပြုပြင် ရာတွင် လမ်းသူလမ်းသားများထံမှ မိမိအိမ်ရှေ့ အတိုင်းအတာအတိုင်း ၁ ပေပတ် လည်ကို ငွေ ၃၀၀၀ ကျပ်နှုန်းဖြစ် ကောက်ခံခဲ့ရာ ပိုက်ဆံတတ်နိုင်သူများအနေဖြင့် အဆင်ပြေသော် လည်း ပိုက်ဆံမပြေလည်သူများအဖို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: