May 18, 2009

တမြေထဲမှာ

မေတ္တာရေငတ်ပြတ်နေတာ ကျန်ာတို့ မြန်မာနိုင်ငံကြီးပါ။
ဘာသာရေး သမားတွေက ဗုဒ္ဓဘာသာဆိုတဲ့ တံဆိပ်ကို ပိုပြီးဂရုစိုက်ပါတယ်။ တရားဓမ္မပျက်ယွင်းနေတာကို ပြုပြင်ဖို့ ထိမ်းသိမ်းဖို့ စိတ်ဝင်စားသူမရှိပါ။ ၀ိနည်းပျက်သံဃာတော်တွေ၊ ဘုရားနေ့တိုင်း ကန်တော့ပြီး အများအကျိုးလုပ်ဖို့တော့ နည်းနည်လေးမှ စိတ်မ၀င်စားသူတွေနဲ့ပြည်နှက်နေတဲ့ မြန်မာ့လူ့ဘောင်။

တိုင်းရင်းသားအမြင်ကျဉ်းဝါဒီတွေက ငါတိုင်းရင်းသားအတွက်ပဲ ငါလုပ်မယ်။ ငါ့တိုင်းရင်းသားမှန်သမျှ လူတော် လူကောင်းတွေဖြစ်တယ်။ တခြားတိုင်းရင်းသားတွေက အလကာပါး ဆိုတဲ့စိတ်ထားတွေနဲ့ပေါ့။ တကယ်ကို စိတ်တွေ မောဟိုက်ဖို့ကောင်းပါတယ်။ လက်တွေ့မှာ မငြိမ်းချမ်းတဲ့ ကျနော်တို့ဘ၀အတွက် တမြေထဲမှာ သီချင်းလေးတင်ဆက်လိုက်ပါတယ်။


(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: