May 3, 2009

လုပ်တိုင်းမဖြစ်စိတ်မညစ်နဲ့


ကျနော့ဆီကို ညီလေးတစ်ယောက် မေးလ်ပို့ပြီး မေးတဲ့အတွက် ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်။ မေးတဲ့ မေးခွန်းကလည်း မေးသင့်တဲ့ မေးခွန်းလေးတစ်ခုပါပဲ။ သူဘယ်လိုမေးလဲဆိုတော့.. သူ ဘုရား၊ တရား၊ သံဃာ အပေါ်၌လည်း သက်ဝင်ယုံကြည်ပါတယ်.. ဘုရားရှင် ဆုံးမခဲ့တဲ့ စကားတွေကိုလည်း အမြဲနှလုံးသွင်းတယ် သူကောင်းတာတွေလုပ်နေတယ်.. မိဘကိုလုပ်ကျွေးပြုစုနေတယ်.. ဒါပေမယ့် သူ့မှာ ဆိုးကျိုးတွေပဲ တွေ့နေရတယ်.. အဲ့ဒါဘာလို့လည်း? နောက်တစ်ချက်က.. ဘုရားရှင် ဆုံးမထားတယ်ပေါ့.. ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်.. မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ် ဆိုတာပါ။ ဒါပေမယ့်.. အခု သူကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းကျိုးတွေပဲ ရနေတယ်.. အဲ့ဒါဘာလို့လည်း? ဆိုတာလေး ရှင်းပြပေးပါတဲ့။ ဟုတ်ပါတယ်.. ဒီအကြောင်းကို သေချာရှင်းရှင်းလင်းလင်း မသိသွားရင် ကိုယ်ကိုးကွယ်နေတဲ့ဘာသာအပေါ်.. ကိုယ်လုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေ အပေါ်မှာ ယုံကြည်မှု သဒ္ဒါတရား မရှိသလိုဖြစ်သွားပါ့မယ်။ နောက်ပြီး.. ကုသိုလ်ဆိုတာ အလကားပါ.. လုပ်နေလို့ အပိုပါပဲဆိုတဲ့ စိတ်တွေဝင်လာရင် ဘာကောင်းမှုကုသိုလ်မှလည်း လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီအချက်လေးကို စိတ်ထဲရှင်းသွားအောင် ဆွေးနွေးတဲ့ သဘောလေးနဲ့ ရေးလိုက်ပါတယ်။

ယခုခေတ် လူအများစုပေါ့.. မကောင်းတာလုပ်တဲ့သူတွေ.. သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်တဲ့သူတွေ.. လိမ်လည် ကောင်ကျစ်နေတဲ့သူတွေ.. ငါကောင်းစားရင်ပြီးရော သူတစ်ပါးဘာဖြစ်ဖြစ် မကောင်းတာဆို အကုန်လုပ်မယ် ဆိုတဲ့သူတွေ ကြီးပွားတာ များတယ်။ ရိုးသားကြိုးစားမှုကိုရှေ့တန်းတင်ပြီး ကိုယ်ကျင့်တရားနဲ့ နေတဲ့သူကျတော့ နေရာမရ.. ကုသိုလ်ကောင်းမှုလုပ်မှ အိမ်မီးလောင်တယ်.. ဒါနပြုမှ ပစ္စည်းအခိုးခံရတယ်.. သီလဆောင်တည်မှ အလိမ်ခံရတယ် ဆိုတာတွေ ကြုံဖူးကြားဖူးကြမှာပါ။ ဒါဘာလို့လည်း? ဓမ္မစေတီဆရာတော်ဘုရား အမြဲတမ်း ဟောပြောဆုံးမတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်.. ကံသာလျှင်အမိ ကံသာလျှင် အဖဆိုတာကတော့ လောကစကား.. ဥာဏ်သာလျှင်အမိ ဥာဏ်သာလျှင်အဖဆိုတာကတော့ ဂေါတမဘုရားရှင်ရဲ့တရား တဲ့။ ဒီလိုဆိုရင်.. လူတိုင်းလူတိုင်းခံစားနေရတဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ ကံအကျိုးပေးပေါ်မူတည်ပြီးတော့ လူတစ်ဦးနဲ့ တစ်ဦးကွဲပြားသွားတယ်လို့ ယူဆလို့ ရလောက်ပါပြီ။ တချို့တွေရုပ်ဆိုးတယ်.. တချို့တွေရုပ်လှတယ်.. တချို့ဆင်းရဲတယ်.. တချို့ချမ်းသာတယ်.. အမျိုးမျိုးပေါ့..။ ဒါဘာလို့လည်းဆိုတော့ သူတို့ လုပ်ခဲ့တဲ့ ကံတွေအပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားကြတာပါ။

ဘုရားရှင်ရဲ့ ဒေသနာတော်နဲ့ ပြောရရင် သဂြိုလ်ဘာသာဋီကာ၊ ၃၄၄ ၊ပါပကာစတုက္က မှာ အကျိုးပေးရာ ကာလ ကွဲပြားသော ကံ(၄)မျိုးကို ပြဆိုထားပါတယ်။ အဲ့ဒါတွေကတော့ (၁) ဒိဋ္ဌဓမ္မဝေဒနိယကံ - မျက်မှောက်ဘ၀မှာ အကျိုးပေးသောကံ။ (၂) ဥပပဇ္ဇှဝေဒနိယကံ - ဒုတိယဘ၀ အကျိုးပေးသောကံ။ (၃) အပရာပရိယကံ - တတိယဘ၀မှ နိဗ္ဗာန်ရတဲ့ ဘ၀တိုင်အောင် အကျိုးပေးသောကံ။ (၄) အဟောသိကံ - အကျိုးပေးခွင့် မရသောကံ တို့ ဖြစ်ကြပါတယ်။ အကျိုးပေးရာ ကံလေးမျိုးဟာ ဇောစေတနာများကြောင့် ဖြစ်ကြပါတယ်။ ကုသိုလ်လုပ်လုပ် အကုသိုလ်လုပ်လုပ် ဇောစေတနာ (၇)ကြိမ်စောကြပါတယ်။ ဒီ(၇)ကြိမ်မှာ ပထမဇောထက်သန်ရင် ယခုလက်ရှိဘ၀ အကျိုးပေးပါတယ်။ နောက်ဆုံးဇောဖြစ်တဲ့ သတ္တမဇောက ထက်သန်ရင် ဒုတိယဘ၀ အကျိုးပေးပါတယ်။ ပထမဇောနဲ့သတ္တမဇောရဲ့ ကြားမှာရှိတဲ့ အလယ်ဇော ငါးချက် ထက်သန်ရင် တတိယဘ၀မှ နိဗ္ဗာန်ရတဲ့ နောက်ဆုံးဘ၀တိုင်အောင် အကျိုးပေးပါတယ်။ ခုကျနော်တို့တွေ ကောင်းတာတွေလုပ်နေရဲ့သားနဲ့ မကောင်းတာတွေဖြစ်နေရတယ်.. မကောင်းတာတွေလုပ်နေရဲ့သားနဲ့ ကောင်းကျိုးတွေခံစားနေရတယ်ဆိုတာ အလယ်ဇော ငါးချက်ကြောင့်ဖြစ်ရတာပါ။ ဒီဘ၀တစ်ခုမှာ ကောင်းတာလုပ်နေတာကိုပဲ သွားကြည့်လို့ မရပါဘူး။ ကိုယ်က ဟိုးအရင်အရင်အတိတ်ဘ၀က အကုသိုလ်တွေ ဘယ်လောက်လုပ်ခဲ့မှန်း.. ကုသိုလ်တွေ ဘယ်လောက် လုပ်ခဲ့မှန်း.. မသိတဲ့အတွက် သူ ကောင်းကျိုးပေးချင်တဲ့အချိန် ပေးမယ်.. ဆိုးကျိုးပေးချင်တဲ့အချိန် ပေးမယ်.. ဘာမှကြိုပြောလို့ မရပါဘူး။ ဒါ့ကြောင့် ကံသာလျှင်အမိ ကံသာလျှင်အဖဆိုတာကတော့ လောကစကားလို့ ဆိုရတာပါ။

ဒီအချက်ကိုကြည့်မယ်ဆိုရင်.. ကိုယ်အရင်ဘ၀က လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေကြောင့် ဒီဘ၀မှာ ကုသိုလ်တွေ လုပ်နေပေမယ့်လည်း မကောင်းကျိုးတွေ ရနေရခြင်းဟာ အလယ်ဇော ငါးချက်ကြောင့်လို့ ပြောလို့ရပါ့မယ်။ ဒီလိုဆိုရင် ကိုယ်ရဲ့ အဓိကအလုပ်ကတော့ ဆိုးတဲ့ကံပဲတွေ့တွေ့ ကောင်းတဲ့ကံပဲတွေ့တွေ့ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တယ် ဆိုတာကို လက်ခံတတ်ဖို့ပါပဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာကို လက်ခံသွားရင် ဘယ်အလုပ်ပဲလုပ်လုပ် လုပ်ရတာ အဆင်ပြေသွားပါတယ်။ ဆရာတော်ဘုရားကြီးတစ်ပါး ဆုံးမသလိုပါပဲ.. ပစ္စည်းတစ်ခုပျောက်ရင် ဘယ်သူ့မှသွားပြီး အပြစ်မတင်နဲ့တဲ့.. မှန်ကိုသွားကြည့်ရင် အဲ့သူခိုးကိုတွေ့လိမ့်မယ် ဆိုတဲ့အတိုင်းပါပဲ။ အရင်ဘ၀က ကိုယ်ကသူများပစ္စည်းကိုခိုးခဲ့လို့ ယခုဘ၀ကိုယ်ဆီက ပြန်အခိုးခံရတာပါ။ ကိုယ်အခိုးခံရတဲ့ အကြောင်းကို လိုက်ပြောနေတာဟာ ငါအရင်ဘ၀က သူခိုးဖြစ်ခဲ့ဘူးတယ်လို့ လိုက်ပြောနေသလို ဖြစ်နေပါတယ် တဲ့။ အားလုံးဟာ အကြောင်းကြောင့် အကျိုးဖြစ်ရတာပါ။

ဥပမာတစ်ခုလိုပေါ့.. ဗောဓိပင်ပျိုးလို့ ခြေကျိုးရ.. ဗောဓိကိုင်းချိုးလို့ ရွှေအိုးရ.. ဆိုတဲ့စကားလေးတစ်ခုလိုပါပဲ။ ဒီစကားကို တိုက်ရိုက်သွားယူမယ်ဆိုရင် မှားယွင်းတဲ့ မိစ္ဆာဥာဏ် ဖြစ်သွားတတ်ပါတယ်။ တကယ်တော့ ဗောဓိပင်ပျိုးတဲ့သူဟာ အဲ့နေ့မှာ သူကသေရမယ့်ကံ ပါလာပါတယ်.. ဒါပေမယ့် ဗောဓိပင်ပျိုးလိုက်တဲ့ အကျိုးစေတနာကံကြောင့် သေရမယ့်ကံမှ လွတ်မြောက်ပြီးတော့ ခြေထောက်ပဲကျိုးရတယ်။ နောက်ဗောဓိကိုင်း ချိုးသူကတော့ အဲ့နေ့မှာ သူက ရွှေအိုးပေါင်းများစွာ ရမယ့်ကံ ပါလာတယ်။ ဒါပေမယ့် ဗောဓိကိုင်းချိုးတဲ့ သူ့ရဲ့ စေတနာအကုသိုလ်ကံကြောင့် ရွှေအိုးတစ်အိုးပဲ ရလိုက်တာပါ။ သူတို့နှစ်ယောက်ဖြစ်ပုံကို ကြည့်မယ်ဆိုရင် တစ်ယောက်က အကုသိုလ်လုပ်လို့ ရွှေအိုးရတယ်.. နောက်တစ်ယောက်က ကုသိုလ်လုပ်လို့ ခြေကျိုးရသလို ဖြစ်နေပါတယ်။ ဒီလိုပါပဲ.. ယခုမျက်မှောက်ကာလမှာလည်း အကုသိုလ်လုပ်ပြီး ချမ်းသာနေတဲ့သူတွေရှိပါတယ်။ ဒါဘာလို့လည်းဆိုတော့ သူတို့ အတိတ်ရဲ့ ကောင်းမှုကံအဟောင်းတွေကို ခံစားနေရတာပါ။ နောက်.. ကုသိုလ်လုပ်ပြီး မကောင်းကျိုးတွေ ခံစားနေရတာတွေလည်း ရှိပါတယ်။ ဒါတွေလည်း သူတို့ရဲ့ အတိတ်မကောင်းမှုကံတွေကို ခံစားနေရတာပါ။ ဘယ့်သူ့ဘယ်သူမှ အပြစ်ပြောလို့ မရပါဘူး။

ဒီလိုဆိုရင်.. ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်လောက်ပြီလို့ ထင်ပါတယ်။ ကိုယ်ကကောင်းတာတွေလုပ်ပြီး ကောင်းကျိုးတွေမရပဲနဲ့ ဆိုးကျိုးတွေရနေတာကိုလည်း စိတ်မညစ်ပါနဲ့.. အရာရာတိုင်းဟာ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာကို လက်ခံဖို့လိုပါတယ်။ အဓိကက ကိုယ်ကကောင်းတာတွေ လုပ်နေဖို့ပဲ လိုပါတယ်။ ကောင်းကျိုးခံစားရတာ မခံစားရတာ သူ့အပိုင်းပါ။ ကောင်းကျိုး ဘာလို့မခံစားရတာလည်းဆိုတာကို လိုက်ကြည့်နေမယ်ဆိုရင်တော့ အကျိုးမျှော်သလိုဖြစ်ပြီးတော့.. ကံနဲ့ ကံရဲ့အကျိုးကို မယုံကြည်သလို ဖြစ်နေပါ့မယ်။ ဒါ့ကြောင့် လုပ်တိုင်းမဖြစ်စိတ်မညစ်ပါနဲ့.. ။ လူသားအားလုံးဟာ ကံစီမံရာကိုခံနေရတဲ့ ကံရဲ့စေခိုင်းရာ ရုပ်သေးရုပ်လိုပါပဲ.. ကံရဲ့ထားရာနေ စေရာသွားနေကြရတာပါ။ ကံကုန်ရင် အသက်တောင် သေပေးကြရတာပဲ မဟုတ်လား။ ဒါ့ကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက အမြဲတမ်းဆုံးမပါတယ်။ ကံမဦးခင် ဥာဏ်ဦးအောင်ကြိုးစားကြပါ..ဆိုပြီးတော့။ နောက်ပြီး အကောင်းလောကဓံ အဆိုးလောကဓံတွေ မခံချင်ဘူးဆိုရင်တော့ အဖြူအမဲမရောတဲ့ ကံဖြစ်တဲ့ ၀ိပဿနာအလုပ်ကို အားထုတ်ဖို့ တိုက်တွန်းလိုပါတယ်။ ဘယ်လောက်ပဲ ဆိုးတဲ့ကံနဲ့တွေ့တွေ့ အကြောင်းတရားကြောင့် အကျိုးတရားတွေ ဖြစ်လာတယ်ဆိုတဲ့ လောကဓံတရားကို လက်ခံပြီးတော့ ကုသိုလ်ကိုများအောင်စုပြီး ကောင်းမှုကို များအောင်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဓမ္မမေတ္တာဘလော့မှ ကူးယူဖေါ်ပြပါသည်



(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: