Mar 19, 2009

ဘာသာရေးဗဟုသုတများ(၁) နှင့် (၂)



မြန်မာပြည်မှ မွတ်ဆလင်ကုလားများ၏ မျိုးရိုးစဉ်ဆက်သည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာကို ငြိမ်းချမ်းစွာ ကိုးကွယ်ခဲ့သူများဖြစ်ပါသည်။ အာရပ်စစ်တပ်များမှ သူတို့အဖိုးအဖွားများ၏ ဒေသကို စစ်တိုက် သိမ်းပိုက်ခဲ့ပါတယ်။ ကုလားတွေရဲ့ အဖိုးကိုသတ်ပြီး အဖွားကို မုဒိမ်းကျင့်ခဲ့ပါတယ်။ သိန်းပေါင်းများစွာသော ကုလားတွေဟာ အရှင်လတ်လတ် မီးရှို့၊ ခေါင်းဖြတ်၊ ခြေဖြတ် စသဖြင့် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ထို့နောက် မွတ်ဆလင်ဘာသာကို အတင်းအကျပ် ကိုးကွယ်စေခဲ့ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူ ဘာသာများ၏ ငြိမ်းချမ်းသော သင်ကြားချက်များကို မေ့ပျောက်သွားအောင် ကျမ်းစာတွေကို မီးရှို့ပြီး ဘာသာရေး အထိမ်းအမှတ်အားလုံးကို ဖျက်ဆီးခဲ့ပါတယ်။ တရားနဲ့ ဝေးကွာခဲ့သော ကုလားများမှာ သူတို့အဖိုးအဖွားကို သတ်ဖြတ် မုဒိမ်းကျင့်သူများကို ရွံရှာမုံန်းတီးရမည့်အစား ကိုးကွယ်ဆည်းကပ်နေကြပါသည်။ ပိုမိုထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်မှာ သူတို့ အဖိုးအဖွားများ ကိုးကွယ်ခဲ့သော ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာကို ဖျက်ဆီးရန် ကြံရွယ်သူများဖြစ်လာခြင်းဖြစ်၏။

သြော်. . . တရားနဲ့ ဝေးကွာသူတို့၏ အပြစ်သည် အင်မတန် ကြောက်ဖို့ကောင်းပေ၏။ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားနိုင်စွမ်းမရှိ။ အတိုင်းမသိသော ဆင်းရဲဒုက္ခများကို ခံစားရတော့မည်။ အမှန်ကို အမှန်အတိုင်း သိမြင်လာစေရန် ရည်မှန်းပြီး အလင်းစေတမန် ဘလော့မှ တရား ဗဟုသုတလေးများကို ကူးယူဖေါ်ပြလိုက်ပါသည်။


----------------------------------------------------------------------------------------




ကျွန်တော် ဗုဒ္ဓဘာသာနဲ. ပတ်သက်တဲ့ သိမှတ်ဖွယ်ရာလေးတွေ ရေးမယ်ဆိုပြီး ရည်ရွယ်ထားတာတော့ ကြာပါပြီ။ အင်တာနက်ကလည်း အမြဲမတက်နိုင် အချိန်ကလည်းမရတော့ တစ်ပတ်မှာတစ်ရက်ပဲ Post တင်နိုင်ပါတယ်။ တခြားအိမ်တွေကိုလည်း တစ်ပတ်တစ်ခါပဲ စာလာဖတ်နိုင်ပါတယ်။ အခုအပတ်ကစပြီး အခွင့်ကြုံရင်ကြုံသလို ဗုဒ္ဓဘာသာနဲ.ပတ်သက်တဲ့ သိမှတ်ဖွယ်ရာလေးတွေကို တက်သလောက်မှတ်သလောက် ဖတ်မှတ်ထားသလောက် ဖော်ပြပေးသွားပါမယ် ခင်ဗျာ။

မေး။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ။ ဗုဒ္ဓဘာသာ ဟူသောအမည်သည် ဗောဓိဆိုသော စကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ “နိုးကြားခြင်း” ဟု အဓိပ္ပယ်သက်ရောက်သည်။ ထို.ကြောင့် ဗုဒ္ဓဘာသာ ဆိုသည်မှာ နိုးကြားမှုကို ဖြစ်စေသောအမြင်၊ အယူအဆပင် ဖြစ်ပါသည်။ (ဆရာတော် V.S Dhammika ဖြေကြားချက်များမှ)

မေး။ ကဆုန်လပြည့်နေ.ကို အဘယ်ကြောင့် ဗုဒ္ဓဘာသာဝင်တို. အလေးအမြတ်ထားကြသနည်း။
ဖြေ။ ကဆုန်လပြည့်နေ.သည် ဗုဒ္ဓမြတ်စွာအလောင်းအလျာ သုမေဓာရှင်ရသေ့ ဒီပင်္ကရာ မြတ်စွာဘုရားရှင်ထံတွင် နိယတဗျာဒိတ် ခံယူသောနေ.ဖြစ်ခြင်း၊ ဗုဒ္ဓမြတ်စွာအလောင်းတော် ဖွားမြင်သောနေ.ဖြစ်ခြင်း၊ ဘုရားအဖြစ် ရောက်တော်မူသောနေ. ဖြစ်ခြင်း၊ ပရိနိဗ္ဗာန်စံဝင်သောနေ. ဖြစ်ခြင်းတို.ကြောင့် ဖြစ်ပါသည်။

မေး။ ဗုဒ္ဓစာပေများတွင် “တောင်ငါးလုံးကာခို ရာဇဂြိုဟ်” ဟူသော စကားရှိပါသည်။ အဘယ်တောင်များ ဖြစ်သနည်း။
ဖြေ။ ရာဇဂြိုဟ်ပြည်အား ၀န်းရံထားသော တောင်ငါးလုံးမှာ-
၁။ ဣသိဂိလိတောင်
၂။ ဝေဘာရတောင်
၃။ ဝေပုလ္လတောင်
၎။ ပဏ္ဍ၀တောင်
၅။ ဂိဇ္ဈကုဋ်တောင် တို.ဖြစ်ပါသည်။

မေး။ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒိဿစေတီနဲ. ပရိဘောဂစေတီတို.ရဲ. အဓိပ္ပယ်တွေကို ရှင်းပြပေးပါ။
ဖြေ။ ဓာတုစေတီဆိုတာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတဲ့အခါ မီးသဂြိင်္ုဟ်လို. ကျန်ရစ်နေတဲ့ ဓာတ်တော်တွေကို ဓာတုစေတီလို.ခေါ်တယ်။ ဓမ္မစေတီဆိုတာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်တော်တွေကို ဌာပနာထားတဲ့ စေတီဖြစ်တယ်။ မြတ်စွာဘုရားရှင်ကို ရည်မှန်းပူဇော်ထားတဲ့ ဘုရားပုံတော်၊ ပန်းချီကား စတဲ့ ဓာတ်တော်မွေတော်တွေ မပါတဲ့ စေတီမျိုးကို ဥဒ္ဒိဿစေတီလို. ခေါ်တယ်။ မြတ်စွာဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်းလို ပရိက္ခရာတွေနဲ. မဟာဗောဓိပင်တို.ကို ပရိဘောဂစေတီလို. ခေါ်တယ်။
မေး။ နှစ်ကျိပ်ရှစ်ဆူဆိုတာ ဘယ်မြတ်စွာဘုရားရှင်တွေဆိုတာ သိပါရစေ။
ဖြေ။ သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာမြတ်စွာဘုရားရှင်ထံမှာ ဗျာဒိတ်ခံယူပြီးတဲ့နောက် လေးသင်္ချေနဲ. ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်တော်မူပါတယ်။ ပါရမီဖြည့်ကျင့်စဉ် ကာလအတွင်း ဒီပင်္ကရာဘုရားနှင့် ဂေါတမမြတ်စွာဘုရားအပါအ၀င် ဘုရားပေါင်း နှစ်ဆယ့်ငါးဆူပွင့်ခဲ့ပါတယ်။ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တဲ့ကမ္ဘာမှာ ဒီပင်္ကရာဘုရားမတိုင်မီ တဏှာင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ ဆိုတဲ့ ဘုရားသုံးဆူ ပွင့်ပြီးပါပြီ။ အဆိုပါ ဘုရားသုံးဆူ အပါအ၀င် နှစ်ကျိပ်ရှစ်ဆူဖြစ်ပါတယ်။

မေး။ ဧတဒဂ်ဆိုတာ ဘာလဲသိပါရစေ။
ဖြေ။ ဧတဒဂ်ဆိုသည်မှာ ဧတဒဂ္ဂဆိုသည့် စကားမှ ဖြစ်ပေါ်လာပြီး ဤသူသည် ဤနေရာတွင် အမြတ်ဆုံးဟု ဆိုလိုသည်။ ဂေါတမ မြတ်စွာဘုရားရှင် ပွင့်ထွန်းစဉ်က ဘိက္ခုပေါင်း ၄၁-ဦး၊ ဘိက္ခုနီပေါင်း ၁၃-ဦး၊ ဥပါသကပေါင်း ၁၁-ဦး၊ ဥပါသိကာပေါင်း ၁၀-ဦးတို. ဧတဒဂ်ဆု ရရှိတော်မူခဲ့ကြသည်။ အချို.ဆုကို ပုဂ္ဂိုလ်တစ်ဦးတည်းသာရ၍၊ အချို.ဆုကို နှစ်ဦး၊ သုံးဦး ပူးတွဲရပါသည်။ ထို.ကြောင့် ၅၈-ခုသာရှိသော ဧတဒဂ်ဆုကို ပုဂ္ဂိုလ် ၇၅-ဦး ရရှိခြင်း ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ် ၇၅-ဦးတွင် အရှင်အာနန္ဒာသည် ဧတဒဂ်ငါးခု ရရှိတော်မူသည်။ အရှင် စူဠပန္ထကနှင့် အရှင် သုဘူတိသည် ဧတဒဂ်နှစ်ခုစီ ရရှိကြပြီး အခြား ၇၂-ဦးတို.မှာ ဧတဒဂ်တစ်ခုစီ ရရှိကြပါသည်။

မေး။ အရှင်အာနန္ဒာရရှိသော ဧတဒဂ်ဆုငါးမျိုးကို ဖော်ပြပါ။
ဖြေ။ အရှင်အာနန္ဒာ ရရှိသော ဧတဒဂ်ဆုများမှာ-
၁။ အကြားအမြင်များခြင်း။
၂။ သတိကောင်းခြင်း။
၃။ ဥာဏ်ကောင်းခြင်း။
၎။ လုံ.လကြီးခြင်း။
၅။ ဘုရားရှင်ကို ဆည်းကပ်လုပ်ကျွေးရာတွင် လုံ.လရှိခြင်း။

မေး။ အရှင်စူဠပန္ထက ရရှိသော ဧတဒဂ်ဆုနှင့် အရှင်သုဘူတိတို. ရရှိသော ဧတဒဂ်ဆု နှစ်ခုဆီကို ဖော်ပြပေးပါ။
ဖြေ။ အရှင်စူဠပန္ထကသည် စိတ်ဖြင့်ပြီးသောကိုယ်ကို ဖန်ဆင်းခြင်းနှင့် ရူပါဝစရဈန်အရာ၌ ဧတဒဂ်ရရှိ၍ အရှင်သုဘူတိသည် ကိလေသာကင်းသောနေခြင်းနှင့် မြတ်သောအလှူ ခံယူတော်မူထိုက်သော အရာတို.တွင် ဧတဒဂ် ရရှိတော်မူကြပါသည်။

မေး။ အနေကဇာတင်တယ်ဆိုတာဘာလဲ။
ဖြေ။ အနေကဇာတင်တယ်ဆိုတာ ရှေးမြန်မာ အစဉ်အလာတစ်ခုသာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ သဗ္ဗညုတဥာဏ်ကို ရတော်မူတဲ့အခါ “အနေကဇာတိ သံသာရံ” အစချီတဲ့ဂါထာနဲ. ဥဒါန်းဂါထာတွေ ကျူးရင့်တော်မူ ခဲ့ပါတယ်။ ဒါကြောင့် ဆင်းတုတော် အသစ်ကို စတင်ပူဇော်တဲ့အခါမှာ မြတ်စွာဘုရားရှင်ရဲ. ကိုယ်စား စေတီဖြစ်လာပြီဆိုတဲ့ သဘောနဲ. ရဟန်းတော်တွေက ဘုရားရှင် ဥဒါန်းကျူးရင့်တော်မူတဲ့ ဂါထာနဲ. ရွတ်ဆိုကြခြင်းဖြစ်ပါတယ်။

မေး။ ဗုဒ္ဓသာသနာ့အလံကို ဘယ်သူတီထွင်ခဲ့ပါသလဲ။
ဖြေ။ သာသနာ့အလံကို တီထွင်သူမှာ အမေရိကန်လူမျိုး Col. Henry Steel Olcott ဖြစ်ပါသည်။ (နောက်အပတ်တွင် Col. Olcott အကြောင်းကို ဆက်လက်ဖော်ပြပါမည်။)


မေး။ ဗုဒ္ဓသာသနာ့အလံကို မည်သူ တီထွင်သနည်း။
ဖြေ။ ဗုဒ္ဓသာသနာ့အလံ တီထွင်သူမှာ အမေရိကန်လူမျိုး ဗိုလ်မှုးကြီးဟောင်း အောလ်ကော့ (Col.Henry Steel Olcott) ဖြစ်သည်။ အတွေးအခေါ်သမိုင်းမှာရော နိုင်ငံရေးနယ်ပယ် မှာပါ ထင်ရှားသူ ဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ.တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ ၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ကျမ်းစာတက် ပုဂ္ဂိုလ်များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင် မန္တလေးသို.လာရောက်ပြီး သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။ သာသနာ့အလံကို မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်ကို ကိုယ်စားပြု၍ တီထွင်ထားခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် အဘိဓမ္မာ(၇)ကျမ်းတွင် ပါဝင်သော ဓမ္မသင်္ဂဏီ၊ ၀ိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ္တိ၊ ကထာဝတ္ထု၊ ယမကဟူသော ရှေးခြောက်ကျမ်းကို ဆင်ခြင်သောအခါ ခန္ဓာကိုယ်မှ ရောင်ခြည်တော်ထွက်ပေါ် လာခြင်း မရှိသေးချေ။ မဟာပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူသော အခါမှသာ ရောင်ခြည်တော်(၆)မျိုး ထွက်ပေါ်လာခဲ့ပါသည်။ ယင်းရောင်ခြည်တော် (၆)မျိုးမှာ-
၁။ နီလ= ညိုမှောင်သောရောင်ခြည်
၂။ ပီတ= ရွှေသောရောင်ခြည်
၃။ လောဟိတ= နီသောရောင်ခြည်
၎။ ဩဒါတ= ဖြူသောရောင်ခြည်
၅။ မဉ္ဇိဋ္ဌ= ညိုမောင်းသောရောင်ခြည်
၆။ ပဘဿရ= ပြိုးပြက်သောရောင်ခြည် တို. ဖြစ်ကြပါသည်။

အောလ်ကော့သည် မြတ်စွာဘုရားရှင်၏ ခန္ဓာကိုယ်မှ ရောင်ခြည်တော်များ ထွက်ပေါ်သည်ဆိုခြင်းကို တန်ခိုးပြာဋိဟာ မဟုတ်ဘဲ သဘာဝအားဖြင့် ထင်ရှားရှိကြောင်း စိတ်စွမ်းရည် မြင့်မားသူများတွင် ဖြစ်ပေါ်တက်ကြောင်း ၁၈၄၄-၄၅ ခုနှစ်များတွင် ပြင်သစ်နိုင်ငံမှ ဒေါက်တာ ဗာရာဒတ်က် (Dr. Baraduc) ၏ လက်တွေ. သုတေသန စာတမ်းများအရ လက်ခံထားသူ ဖြစ်သည်။ ဗုဒ္ဓဘာသ၀င်များ အင်အားတောင့်တင်းစေရေး အတွက် မဟာယာနနှင့် ထေရ၀ါဒ ဂိုဏ်းနှစ်ဂိုဏ်းလုံးက လက်ခံသည့် “ဗုဒ္ဓဘာသာ အခြေခံအချက် (၁၄)ချက်ကို” ပြုစုခဲ့သေးသည်။ ဤအခြေခံ အချက်(၁၄)ချက်ကို ၁၈၉၁ခုနှစ်၊ ဇန်န၀ါရီလ၌ အိန္ဒိယပြည် အဒ္ဒရာတွင် ကျင်းပသော ဗုဒ္ဓဘာသာ ညီလာခံ၌ တင်ပြခဲ့သည်။ ထိုညီလာခံသို. သီဟိုဠ်၊ အိန္ဒိယ၊ မြန်မာ၊ ဂျပန်စသော နိုင်ငံများမှ ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်များ တက်ရောက်ကြရာ အားလုံးက လက်ခံအတည်ပြုကြ ပါသည်။

လက်ခံသဘောတူကြောင်းကို သီဟိုဠ်မှ ဆရာတော်ခြောက်ပါး၊ စစ်တကောင်းမှ ဆရာတော်နှစ်ပါး၊ ဂျပန်မှ ဆရာတော်ရှစ်ပါး၊ မြန်မာနိုင်ငံမှ ဆရာတော်ကြီး နှစ်ဆယ့်သုံးပါးတို. ကိုယ်စား ဦးမွှေးသာအောင်တို.က သဘောတူကြောင်း လက်မှတ်ရေးထိုးကြ ပါသည်။ ထိုသို.သဘောတူကြောင်း ဆန္ဒပြုသည့် မြန်မာနိုင်ငံမှ ဆရာတော်ကြီးများမှာ-
၁။ သာသနာပိုင်ဆရာတော်ကြီး
၂။ အောင်မြေရွှေဘုံဆရာတော်
၃။ မေဃ၀တီဆရာတော်
၎။ မက္ခရာဆရာတော်
၅။ ထီးလင်းဆရာတော်
၆။ မြတောင်ဆရာတော်
၇။ လှထွေဆရာတော်နှင့် အခြားဆရာတော် (၁၆)ပါးတို. ဖြစ်ပါသည်။ ၁၉၀၇ခုနှစ် အောလ်ကော့ ကွယ်လွန်သောအခါ ရုပ်အလောင်းကို ဗုဒ္ဓသာသနာ့ အလံတော်နှင့် အမေရိကန်အလံ နှစ်မျိုးလုံး လွှမ်းခြုံခဲ့ပါသည်။
(မှတ်ချက်။ ဆရာကိုရင်ဩ၏ ကမ္ဘာကျော်ပုဂ္ဂိုလ်များအမြင် စာအုပ်နှင့် အရှင်ကေလာသ၏ ဗုဒ္ဓသာသနာ့အလံကို တီထွင်သူ စာအုပ်တို.မှ ကောက်နှုတ်ဖော်ပြပါသည်။)

မေး။ မဟာသက္ကရာဇ်၊ သာသနာသက္ကရာဇ်၊ ကောဇာသက္ကရာဇ်၊ ခရစ်သက္ကရာဇ်၊ ဘီစီ၊ အေဒီဆိုတာတွေ ရှုတ်ထွေးနေပါတယ်၊ ရှင်းပါဦး။
ဖြေ။ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားရဲ. ဘိုးတော် အဉ္စနမင်းနဲ. ကာလဒေ၀ီရသေ့တို. တည်ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ပထမ သံဂါယနာတင်သောနှစ် အရှင်မဟာကဿပမထေရ်မြတ်နှင့် အဇာတသတ်မင်းကြီးတို. ထားခဲ့သောနှစ်ကို သာသာနာသက္ကရာဇ် ဟုခေါ်ပါသည်။ ကောဇာသက္ကရာဇ် ဆိုသည်မှာ မြန်မာသက္ကရာဇ် ဖြစ်သည်။ သာသနာသက္ကရာဇ် ကဲ့သို.ပင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး ပထမသံဂါယနာတင်သော အချိန်မှ စတင်ရေတွက်ခဲ့သည်။ သို.ရာတွင် သက္ကရာဇ် ၆၂၂ခုနှစ်တွင် သုမုန္ဒရီမင်း(သရေခေတ္တရာ) လက်ထက်မှာ ဖြိုခဲ့ပါသည်။ ထို.နောက် သက္ကရဇ် ၅၆၀ခုနှစ်တွင် ပုပ္ပားစောရဟန်းမင်း(ပုဂံခေတ်) ကတစ်ခါဖြိုပြန်ပါသည်။ ထို.ကြောင့် ကောဇာသက္ကရာဇ်သည် သာသနာသက္ကရာဇ်နှင့် ၁၁၈၂ခု ကွာပါသည်။ (၆၂၂+၅၆၀=၁၁၈၂) ဘီစီဆိုသည်မှာ ခရစ်တော်မပေါ်ခင် ရေတွက်သောနှစ် (Before christ) ဖြစ်သည်။ သာသနာသက္ကရာဇ်(၅၄၄)တွင် ခရစ်တော်ဖွားမြင်သည်။ အေဒီ(Anno Domini) ဆိုသည်မှာ ခရစ်တော် ဖွားမြင်ပြီးနောက် ရေတွက်သောနှစ် ဖြစ်ပါသည်။

မေး။ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး ဆိုတဲ့ အတိုကောက် မှတ်ထားတာလေးက ဘာကို ဆိုလိုပါသလဲ။
ဖြေ။ မြတ်ဗုဒ္ဓနဲ. ပတ်သက်တဲ့နေ.တွေကို အတိုကောက် မှတ်ထားတာပါ။ အဓိပ္ပယ်က-
မ- ကြာသပတေးနေ.- မြတ်စွာဘုရား အလောင်းတော် ပဋိသန္ဓေတည်သောနေ.၊
သိ- သောကြာနေ.- မြတ်စွာဘုရားအလောင်းတော် ဖွားမြင်တော်မူသောနေ.၊
ကြ- တနင်္လာနေ.- တောထွက်တော်မူသောနေ.၊
လျှင်- ဗုဒ္ဓဟူးနေ.- ဘုရားအဖြစ်သို. ရောက်ရှိတော်မူသောနေ.၊
တွေး- စနေနေ.- ဓမ္မစကြာတရား ဟောတော်မူသောနေ.၊
ဆ- အင်္ဂါနေ.- မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံသည်နေ.၊
ဦး- တနင်္ဂနွေ- တေဇောဓာတ် လောင်ကျွမ်းသည့်နေ. တို.ဖြစ်ပါသည်။

အလင်းစေတမန်

(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

1 comment:

Anonymous said...

what the hell r u afraid of ? everybody got a head to think n got a soul which is self control they all can think their own what is right n wrong..u don't need to be worry boy!!!when a relegion is strong u do not even need to pursuade people ..people will come after for it ..but relegion like budhism ... no success found so u may need to do such a dirty jobs like this naw ... humm poor people :P