Mar 19, 2009

သာသနာကွယ်ဖို့ အကြောင်းတရား၊ သာသနာ ကွယ်မည့် သက်တမ်း နှင့် သာသနာ နှစ်-(၅၀၀၀)



(သတိထားရန်မှာ ကုလားတွေဒေသသည် သာသနာကွယ်ခဲ့ပြီ။ စောက်တင်းတွေပဲ ပြောနေတာထက် လက်တွေ့ကျကျ လုပ်ခြင်းသည်သာ အမျိုးဘာသာ၊ သာသနာအတွက် အကျိုးရှိပေမည်။ အဖြရောင်မေတ္တာဘလောက်မှ ကူးယူဖေါ်ပြပါသည်။ )

Q. ဘုန်းဘုန်း မင်္ဂလာပါ.. ဖိုးသား စိတ်ထဲ မရှင်းတာလေး ရှိလို့ မေးပါရစေ ဘုန်းဘုန်း…။

(၁) ယနေ့ ခေတ်တွင် ဘာသာ ရေးတွေ ကတောက် ကဆ ဖြစ်နေတာသည် သာသနာ ကွယ်ဖို့ အကြောင်း တရားတွေ များလား… (အဲလို ယူဆလိုက်ရင် မှန်လား ဘုန်းဘုန်း၊ ဖိုးသားတော့ ဒိဋ္ဌိ မလွတ်ဘူး လားလို့၊ ဒါပေမယ့် အထက်မှာ ဖိုးသား ပြောသလို အရိမေတ္တေယျ ဘုရားပွင့်ဖို့ သာသနာ ကွယ်ရမယ်၊ သာသနာသည် ပျောက်ပျက် သွားတာမျိုးမဟုတ်၊ ခေတ္တ ခဏ ငုပ်သွားခြင်းသာ ဖြစ်တယ်လို့ ဖိုးသား နာဖူးပါတယ်)

(၂) သာသနာ ကွယ်မယ့် သက်တမ်း ဖြစ်နိုင်ရင် သိချင်ပါတယ် ဘုန်းဘုန်း။ နောက်တစ်ခုက

(၃) သာသနာ နှစ် ၅၀၀၀ လို့ လူတော်တော် များများ ပြောနေကြပါတယ်..။ ဒါပေမယ့် ဖိုးသား သိထားတာက ဘုရားဟောခဲ့ တာသည် နှစ် ၅၀၀၀ ဟု မဆိုလို၊ သာသနာသည် မိထွေးတော် ဂေါတမီတို့လို ဘိက္ခူနီမတွေ ၀င်ရောက် လာခြင်းကြောင့် သာသနာ သက်တမ်းသည် ဥပမာ နှစ် ၁၀၀ ရှည်မည် ဆိုလျှင် သာသနာ တော်သို့ အမျိုးသမီးတွေ ၀င်ရောက် လာခဲ့ခြင်းကြောင့် တ၀က်လျော့ကာ နှစ် ၅၀ သာ ရှည်မယ်၊ သာသနာ သက်တမ်း နှစ် ၁၀၀၀၀ ရှည်မည် ဆိုလျှင်လည်း ယင်း ဘိက္ခူနီမတွေကြောင့် နှစ် ၅၀၀၀ သာ ရှည်မယ်၊ ဆိုလိုတာ ကတော့ သာသနာ သက်တမ်းသည် မူလ ရှိရမည်ထက် ၅၀ ရာခိုင်နှုန်း လျော့ကျသွားမယ် လို့ ဖိုးသား နာဖူးပါသည်..။ အဲဒါလေးပါ ဟုတ်မဟုတ် သိချင်ပါတယ် ဘုန်းဘုန်း…။

လေးစားရိုသေစွာ ရှိခိုးဦးခိုက်လျက်
ချစ်တပည့်
ဖိုးသား

××××××××××××××××

A. (၁) ဘာသာရေးတွေ ကတောက် ကဆ ဖြစ်နေတာဟာ သာသနာ ကွယ်ဖို့ အကြောင်း ဖြစ်တယ်လို့ တိုက်ရိုက် မဆိုနိုင် သော်လည်း အနည်းငယ်တော့ ပတ်သက်မှု ရှိပါတယ်။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ဘက် ပြောဆို ဟောပြောမှုများ၊ ဗုဒ္ဓဘာသာကို သိက္ခာကျစေသည့် လုပ်ရပ်များ၊ ဘုရားဟော တရားများကို ပြုပြင် နှောင့်ယှက်မှုများ စတာတွေဟာ အဓမ္မ ၀ါဒတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။

ဘုရား ပရိနိဗ္ဗာန် စံပြီးစမှာလည်း ဒီလို အဓမ္မအမှုတွေ ရှိခဲ့တဲ့အတွက် သံဃာ့ဥသျှောင် မထေရ်ကြီးများက သုတ်သင် ရှင်းလင်း ခဲ့ကြရတာ တွေလည်း ရှိပါတယ်။ အဲဒီခေတ်က အခြေအနေမျိုးလို မဟုတ်ပေမယ့် ယနေ့ခေတ်မှာ ဗုဒ္ဓဘာသာကို စော်ကားတဲ့ အပြောအဆို လုပ်ရပ်တွေ တော်တော်များများ ရှိလာတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘား (Buddha bar) ပုံစံမျိုးဖွင့်ပြီး အရက်နှင့် လောင်းကစား လုပ်တဲ့ပုံစံမျိုး၊ ဘုရားရုပ်ကို အမျိုးသမီး အတွင်းခံများမှာ ရိုက်နှိပ်ပြီး ရောင်းစားတာမျိုး စတာတွေ ရှိပါတယ်။

အဲဒါမျိုးတွေကို ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓဘာသာ နိုင်ငံများက ၀ိုင်းဝန်း ကန့်ကွက်မှု မပြုကြရင် လုပ်တဲ့သူတွေ ပိုပြီး အင်အား ကောင်းလာကာ သဒ္ဓါတရား အားနည်းတဲ့ သူများ အနေဖြင့် ဗုဒ္ဓဘာသာ အပေါ် အထင်လွဲ၍ ဘာသာ တရားကို စွန့်ပယ်သွားရင် ဗုဒ္ဓဘာသာဝင် အားနည်း နိုင်ပါတယ်။ ဘာသာဝင် အားနည်းရင် သာသနာပါ အားနည်း လာတတ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဗုဒ္ဓသာသနာရဲ့ ပြင်ပရန်ကို တတ်နိုင်သမျှ ၀ိုင်းဝန်း ကာကွယ်ရန်လို အပ်ပါတယ်။ ၀ိုင်းဝန်း ကာကွယ်တယ် ဆိုတဲ့နေရာမှာ ကိုယ့်သန္တာန်မှာ ဘုရားရှင် အဆုံးအမ တည်အောင် လုပ်ပြီး စစ်မှန်တဲ့ ဓမ္မကို မသိသေးတဲ့ သူများ၊ သဒ္ဓါတရား အားနည်းသူများ၊ ဘာသာတရားအပေါ် နားလည်မှု လွဲနေသူများအား ပြန်လည် ဟောပြော ပေးခြင်းဖြင့် သူတို့ သဒ္ဓါတရား အားကောင်း လာအောင် ၀ိုင်းဝန်း လုပ်ဆောင် ပေးခြင်းကို ဆိုတာပါ။

အမှန်တော့ သာသနာ တည်တယ်၊ သာသနာ ထွန်းကားတယ် ဆိုတာ ကျောင်းကန် ဘုရားများ ကြီးကျယ်စွာ ပေါ်ပေါက်လာခြင်း၊ ပွားများလာခြင်းကို ဆိုလိုတာ မဟုတ်ပါ။ တစ်ဦးချင်းစီရဲ့ နှလုံးသားမှာ ဘုရားရှင်ရဲ့ အဆုံး အမများ တည်နေခြင်း၊ လိုက်နာ ကျင့်သုံး နေခြင်းကို သာသနာ တည်တယ်လို့ ဆိုတာပါ။ အဲဒီအတွက် ကိုယ့်ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ သာသနာတည်အောင် လုပ်ပေးခြင်းဟာ သာသနာ့ အန္တရာယ်ကို ကာကွယ်ရာ ရောက်သလို စစ်မှန်တဲ့ အမှန်တရားကို သိသွားတဲ့ သူတွေဟာလည်း တစ်ခြား အယူဝါဒတွေ အတိုက် အခိုက်တွေ ဘယ်လောက်ပဲ ရှိနေပါစေ မယိမ်းယိုင် တော့ပါဘူး။

ဒါကြောင့် အဲဒီ အမှန်တရားတွေ နည်းနည်းလာတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ကိုယ်တိုင် မသိမှု နည်းလာတဲ့အခါ အခြားအရာတွေ၊ တိုက်ခိုက်မှု တွေကို အလွယ်တကူ ခံယူပြောင်းလဲ သွားတတ်တဲ့ အတွက် အတိုက် အခိုက်များရန်က ကာကွယ်နိုင်ရန် အစစ်အမှန် ဓမ္မကို ကိုယ်ကိုယ်တိုင် သိအောင် ကြိုးစားပြီး ကိုယ့်ပတ်ဝန်းကျင် ကိုလည်း သိအောင် ဖြန့်ဝေပေးခြင်းဖြင့် သာသနာ ဆုတ်ယုတ်မှုမှ ကာကွယ် ပေးကြရန် လိုအပ်ပါတယ်။

××××××××××××××××

(၂) သာသနာ ကွယ်မည့် သက်တမ်းကို အတိအကျ ဟောထားတာ မရှိပါဘူး။ သာသနာ ကြာရှည်စွာ တည်ခြင်း၊ မတည်ခြင်းဟာ သတိပဋ္ဌာန် လေးပါးကို အားထုတ်ခြင်း၊ မထုတ်ခြင်း အပေါ်မှာ တည်မှီကြောင်း မဟာဝဂ္ဂ သံယုတ်၊ စိရဋ္ဌိတိ သုတ်မှာ ဟောထားတာ ရှိပါတယ်။ ဒါ့အပြင် အင်္ဂုတ္ထိုရ် ပါဠိတော်မှာလည်း တရားတွေကို ဟောထားတာ ရှိပါတယ်။ သာသနာ ကွယ်မှု မကွယ်မှုဟာ သာသနာ့ ၀န်ထမ်း ရဟန်း သံဃာတော်များ အပေါ် အများကြီး တည်ပါတယ်။

စာပေမှာ ဖော်ပြတဲ့ သာသနာ ကွယ်ကြောင်း တရားများမှာ သာသနာ့ ၀န်ထမ်းများ

၁။ တရားမနာခြင်း၊
၂။ စာပေမသင်ခြင်း၊
၃။ နှုတ်တက် အာဂုံမဆောင်ခြင်း၊
၎။ သိအောင် မမှတ်ခြင်း၊
၅။ ပဋိပတ် မကျင့်ခြင်း တို့ဖြစ်ပါတယ်။

နောက်တစ်နည်းမှာ

၁။ စာပေသင်ကြားမှု လျော့နည်းလာခြင်း၊
၂။ တရားဓမ္မ အကျယ်မဟောခြင်း၊
၃။ စာပေအကျယ် မပို့ချခြင်း၊
၎။ အကျယ် မကျက်မှတ်ခြင်း၊
၅။ အကျယ် မကြံခြင်း တို့ဖြစ်ပါတယ်။

ထို့ပြင် နောက်တစ်နည်းမှာ

၁။ စာပေ အက္ခရာများ လွဲချော် ပျက်ပြား မှုများအား လေ့ကျက် သင်ကြားခြင်း၊
၂။ ဆုံးမမှုများကို မခံယူခြင်း၊
၃။ စာပေပို့ချသူ သာသနာ့ ၀န်ထမ်းများ ရှားပါးလာခြင်း၊
၎။ လာဘ်လာဘ ပေါများအောင် ကြံဆောင်ခြင်း၊
၅။ အချင်းချင်း ခိုက်ရန်ဖြစ်ကာ ကွဲပြားခြင်း တို့ဖြစ်ပါတယ်။

ဒီအကြောင်း တရားများ ယုတ်လျော့ လာခြင်းကသာ အမှန်တကယ် သာသနာ ကွယ်ကြောင်း တရားများ ဖြစ်ပါတယ်။

××××××××××××××××

(၃) မှန်ပါတယ်။ သာသနာ နှစ် (၅၀၀၀)သာ တည်မယ်ဆိုတဲ့ အပြောအဆို များဟာ ပါဠိ ပိဋကတ်မှာ တိုက်ရိုက်လာတဲ့ ဟောကြားချက်တော့ မဟုတ်ပါဘူး။ အဋ္ဌကထာ များမှာသာ သာသနာတော် နှစ်ပေါင်း (၅၀၀၀) ရှိကြောင်း ဖွင့်ပြထားချက်များ ရှိပါတယ်။ ဗဟုသုတအဖြစ် တင်ပြပါက

ဒီဃနိကာယ် အလို သာသနာ နှစ်ပေါင်း (၅၀၀၀) ခွဲခြားမှုများမှာ

၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်နှစ်ပေါင်း ၁၀၀၀
၂။ ဆဠာဘိည ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၃။ တေ၀ိဇ္ဖက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၎။ သုက္ခ၀ိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၅။ ပါတိမောက္ခသံဝရသီလခေတ် နှစ်ပေါင်း ၁၀၀၀ အားဖြင့် ၅၀၀၀ ဖြစ်ပါတယ်။ ဒါ့အပြင်

ဝိနယပိဋကနှင့် အင်္ဂုတ္တရ အဋ္ဌကထာ အလို သာသနာ နှစ်ပေါင်း (၅၀၀၀) ခွဲခြားမှုများမှာ

၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၂။ သုက္ခ၀ိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၃။ အနာဂါမ်ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀
၎။ သကဒါဂါပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀
၅။ သောတာပန်ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀ အားဖြင့် ၅၀၀၀ ဖြစ်ပါတယ်။

ဖော်ပြပါ ခွဲခြား သတ်မှတ်မှု များဟာ အဋ္ဌကထာလာ ခွဲခြား သတ်မှတ်မှု များသာ ဖြစ်ပါတယ်။ တကယ်တော့ သာသနာ အရှည်တည်မှု မတည်မှုဟာ သာသနာတော်ကို ကျင့်သုံးလိုက်နာ ထမ်းဆောင် စောင့်ရှောက် သူတို့ အပေါ်မှာသာ တည်ရှိနေပါတယ်။ ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ပါက ၅၀၀၀ မက တည်ရှိနိုင်ပြီး မထိန်းသိမ်း မစောင့်ရှောက် ပါက (၅၀၀၀) မပြည့်ခင်လည်း ကွယ်ပျောက် သွားနိုင်ပါတယ်။ ဒါကြောင့် သာသနာ အရှည်တည်တံ့ဖို့ အားလုံး ၀ိုင်းဝန်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

မှတ်ချက်။ ။ ဒကာဖိုးသားမှ အရှင်ဘုရား တစ်ပါးနှင့် အွန်လိုင်းချက်တွင် ဆွေးနွေး ထားမှုများကို တစ်ခါတည်း ဖော်ပြ လိုသော်လည် ဘုန်းဘုန်း အနေဖြင့် အားလုံးကို မဖော်ပြတော့ဘဲ မေးခွန်း ငါးခုထဲက အဓိကကျတဲ့ မေးခွန်း သုံးမျိုးကိုသာ ဖြေကြား ပေးလိုက်ပါတယ်။ ကျေနပ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေတ္တာဖြင့်
ဘုန်းဘုန်းဝိစိတ္တ်

××××××××××××××××××××××

လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

အဖြူရောင်မေတ္တာ

(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: