Mar 31, 2009

Uganda မှာ သာသနာရောင်ဝါထွန်းဖို့ မြန်မာတွေလည်း ကူညီစေချင်


မနေ့က ဘုန်းဘုန်းဦးဗုဒ္ဓရက္ခိတ ဓါတ်ပုံနဲ့ဗီဒီယိုတွေကို ကြည်ညိုခဲ့ရလို့ ၀မ်းသာကြည်နူးမှုတွေ ရခဲ့ကြမှာပါ။ ဒီနေ့မှာ ဦးဇင်း မွေးတဲ့အချိန်က စပြီး Uganda မှာ ဘုန်းကြီးကျောင်းဆောက်လုပ်တဲ့အထိ ရှင်းပြထားတဲ့ စာတမ်းလေးကို ipaper နဲ့ တင်ပြလိုက်ပါတယ်။ စုစုပေါင်း စာမျက်နှာ ၆၀ ရှိပါတယ်။ အင်္ဂလိပ်လိုရေးထားပေမယ့် ရိုးရှင်းစွာ ရေးထားတာမို့ အားလုံးဖတ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီ စာတမ်းလေးမှာ ခက်ခက်ခဲခဲနဲ့ သာသနာပြုရတဲ့အကြောင်းတွေ ရေးထားပါတယ်။ ဒီအထဲ ကားတွေက အစီးမခံလို့ လမ်းလျှောက်ပြန်ရတဲ့ အဖြစ်မျိုးကလဲ မကြာခဏ ပါပဲ။ ပိုပြီးကြည်ညိုဖို့ကောင်းတာက အခက်အခဲတွေကြားက ၀ိနည်းကို ကြိုးစားစောင့်ထိမ်းခြင်းဖြစ်ပါတယ်။ အကျယ်ကိုတော့ မိမိဖာသာ ဖတ်ကြည့်ပါ။

အဲဒီစာတမ်းလေးဖတ်ပြီးရင် သာဓုခေါ်ရုံနဲ့တော့ မပြီးသင့်ဟု ယူဆပါတယ်။ ဘုန်းဘုန်းနေရာကနေ ကိုယ်ချင်းစာကြည့်ပါ။ ကျောင်းကို အပြီးဖြစ်အောင် ဆောက်ရဖို့ရှိပါတယ်။ ရေဖိုး၊ မီးဖိုးအပါအ၀င် အဆောက်အဦး ထိမ်းသိမ်းခ အတွက် လစဉ် ခေါင်းခဲနေရမယ်ဆိုရင် မဟုတ်သေးဘူးထင်တယ်။ ပြီးတော့ အဲဒီမှာက အလှုရှင်က သိပ်နည်းလွန်းပါတယ်။
ဒါ့ကြောင့် ကျနော်တို့ မြန်မာလူငယ်တွေအနေနဲ့ မိမိတို့ မိသားစုဝင်တွေနဲ့ သော်လည်းကောင်း၊ မိမိတို့ လုပ်ဖေါ်ကိုင်ဖက်များနှင့် သော်လည်းကောင်း စုစည်းပြီး လစဉ်ထောက်ပံ့သွားနိုင်ရင် ဘုန်းဘုန်းအတွက် တော်တော်ကို အဆင်ပြေမှာပဲနော်?။ တစ်လကို တစ်ယောက်စီက ၅ ဒေါ်လာစီပုံမှန် အလှူခံပေးနိုင်ရင် အယောက် ၂၀ ဆိုရင် ဒေါ်လာ ၁၀၀ ရမှာပါ။ ဒါဆိုရင် လစဉ်အသုံးစားရိတ်လေးတော့ ဖူလုံမယ်လို့ ယူဆပါတယ်။ ဖြစ်နိုင်ရင်တော့ ကျောင်းဆောက်ရေးနဲ့ ဝေယျာဝစ္စအတွက်ပါ လှုဒါန်းသင့်ပါကြောင်း တလေးတစား အကြံပြုပါတယ်။ (အင်တာနက်ပေါ်မှလည်း လှုဒါန်းနိုင်ပါတယ်ခင်ဗျာ)

Uganda Buddhist Centre
Plot 31, Garuga Road, Bulega, Entebbe
P.O.Box 16650, Kampala
UGANDA

Telephone: +256-(0)414-662203
Mobile phone: +256-(0)782-159985

E-mail : ugandabuddhistcentre@gmail.com
Web site: http://www.ugandabuddhistcentre.org




Planting Dhamma Seeds the Emergence of Buddhism in Africa Planting Dhamma Seeds the Emergence of Buddhism in Africa uppermyanmar3
(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: