May 4, 2009

ကယားပြည်နယ်မှ မြန်မာ့သီချင်းများ

ကယားပြည်နယ်ဟာ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်နေတာ စိတ်မကောင်းပါဘူး။ မြန်မာတွေက တိုက်အိမ်ကြီးပေါ်မှာနေပြီး စိတ်ဆင်းရဲတာပဲ သတိထားမိပါတယ်။ အရမ်းဆင်းရဲလွန်းရင်လည်း စိတ်မချမ်းသာနိုင်ပါဘူး ဆိုတာလည်း သတိပြုသင့်ပါတယ်။ သူတို့ရဲ့သောကတွေကို မေ့ထားလို့ စိတ်ချမ်းသာ သယောင်မြင်နေရတာပါ။

ဒီလိုဆင်းရဲတာ နိုင်ငံရေးသမားတွေက အဓိကတရားခံဖြစ်ပါတယ်။ ဒီမိုသမားတွေက စီးပွားရေးပိတ်ဆို့ပြီး မြန်မာပြည်ကို ဆင်းရဲသထက် ဆင်းရဲအောင်လုပ်ပါတယ်။ နအဖကလည်း ရှိသမျှငွေကို စစ်တပ်မှာပဲသုံးပြီး ရန်ကုန်လို မြို့ကြီးမှာ ဖွံ့ဖြိုးဖို့ဦးစားပေးပါတယ်။ သူ့တို့အာဏာတည်မြဲရေးကို အဓိကထားတာ သိသာပါတယ်။ နအဖလူတွေက စစ်တပ်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ ၀ါဒဖြန့်စကားကို အဟုတ်ထင်နေတာ ရှိပါတယ်။ အဲဒီစာဟာ မှန်ကန်ရဲ့လားဆိုတာ စစ်တပ်ဘက်ကို ဘက်မလိုက်ပဲ စဉ်းစားကြည့်ပေါ့ဗျာ။

ဒီတော့ နိုင်ငံရေးသမားတွေက အဓိကတရားခံဖြစ်ပေမယ့် သူတို့ကို အပြစ်တင်သင့်သလား? အဲဒီနအဖနဲ့ ဒီမို နိုင်ငံရေးသမားတွေကို မွေးထုတ်ပေးတာ မြန်မာ့လူ့ဘောင်ကြီးက မဟုတ်ပါလား? ကျေးညီနောင်ပုံပြင်လိုပါပဲ လူဆိုး ဓါးပြထဲမှာ ကြီးပြင်းတဲ့ကျေးဟာ ဆိုးသွမ်းပါတယ်။ အတ္တကြီးပြီး မိမိအရေးသာ ဂရုစိုက်တဲ့ မြန်မာ့လူ့ဘောင်ကြီးထဲမှာ ကြီးပြင်းလာတဲ့ ဒီမိုနဲ့ နအဖတွေဟာ နိုင်ငံအကျိုးထက် သူတို့အကျိုးကို အလေးထားတာ မထူးဆန်းပါဘူး။ ဒီတော့ ကျနော်တို့ လူ့ဘောင်ကြီးကို ပြုပြင်ဖို့ အချိန်တန်ပါပြီ။ အများအကျိုးကို ဆောင်ရွက်တတ်တဲ့ စိတ်ဓါတ်တွေ မွေးမြူပေးကြပါ။

နိုင်ငံ့အရေးကို ဘေးမှသာလက်ပိုက်ကြည့်မနေပဲ မိမိဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးကို အုတ်တစ်ချပ်သဲ တစ်ပွင့်အနေနဲ့ လုပ်ကိုင်ကြပါ။ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာစတဲ့ ဘာသာရေးခွဲခြားစိတ်တွေ စွန့်ပြစ်ပါတော့။ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ဗမာဆိုတဲ့ တံဆိပ်တွေထက် အားလုံးဟာ လူသားတွေ ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးကို မွေးမြူပေးကြပါ။ (မွတ်ဆလင် မဟုတ်တဲ့ကုလားတွေကိုလည်း လူသားတွေလို့ မြင်ပေးစေချင်ပါတယ်။ အသားအရောင် မခွဲခြားပါနဲ့) စိတ်ဓါတ် မြင့်မားတဲ့ မြန်မာ့လူ့ဘောင်ကနေ သဘောထားကြီးပြီး တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ နိုင်ငံရေးသမားတွေ ပေါ်ထွက်လာပါလိမ့်မယ်။ ရိုးသားပြီး ချစ်ခင်စရာကောင်းတဲ့ ကယားပြည်နယ်က မြန်မာတို့ရဲ့ သီချင်းလေးတွေ နားထောင်ကြည့်ပါခင်ဗျာ။











(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: