May 1, 2009

မုံန်းဖို့မဟုတ်ပါ


Swine Flu နဲ့ ပတ်သက်ပြီး ဒီမိုမီဒီယာတွေဟာ နည်းမျိုးစုံနဲ့ လိမ်ညာနေတာတွေနဲ့ ၀ါဒမှိုင်းတိုက်နေတာတွေ လုပ်နေပါတယ်။ အဲဒီလုပ်ရပ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဒီမိုမီဒီယာနဲ့ ဆန့်ကျင်တဲ့ သတင်းဆောင်းပါးတွေကို တင်ပြသွားဖို့ရှိပါတယ်။ ဒီသတင်းဆောင်းပါးတွေကြောင့် မြန်မာ့နိုင်ငံရေးမှာ ဒီမိုနဲ့ နအဖ အဖွဲ့ နှစ်ခုအကြား အမုံန်းမကြီးစေလိုပါ။ ၀ါဒမတူလို့ မုံန်းတယ်ဆိုတာ ကလေးအရမ်းဆန်ပါတယ်။ ( အဲဒီသံသရာကြီးကို ရပ်တန့်ချင်ပြီဗျာ။ ) ဒီမိုသမားတိုင်းကို ဒေါ်လာ မက်တယ်လို့ ယူဆရင် လုံးဝ မှားပါတယ်။ ဒီမိုသမားတွေထဲက တိုင်းပြည်ကို တကယ်ချစ်သူတွေ အများကြီးရှိပါတယ်။ အခု ဒီမိုခေါင်းဆောင်တွေဟာ ၈၈၈၈ တုံးက လူငယ်တွေပါ။ တချိန်တုံးက အသက်စွန့်ပြီးတိုင်းပြည်အတွက် လုပ်ကိုင်ခဲ့တာပဲ။ အခုအချိန်မှာတော့ အိမ်ထောင်တွေနဲ့ မိုလို့ ငွေအလွဲသုံးစားမှု လုပ်တာတွေ ရှိလာပါတယ်။ ဒါပေမယ့်ဗျာ သူတို့တွေ လူငယ်ဘ၀တုံးက အနစ်နာခံခဲ့တဲ့ စေတနာကိုတော့ မေ့ပြစ်ဖို့ မသင့်ပါဘူး။
စစ်သားတွေမှာလည်း လူကောင်းတွေ အများကြီးရှိပါတယ်။ ထို့အတူပဲ အာဏာနဲ့ ရာထူးအလွဲသုံးစားလုပ်နေတဲ့ စစ်သားတွေလည်း အများကြီးပေါ့။ ဒီမိုနဲ့ နအဖ ဆိုပြီးတံဆိပ်တွေနဲ့ ရန်ဖြစ်မယ်ဆိုရင် မွတ်ဆလင်တွေက ဓါတ်ဆီလောင်းဖို့ အဆင်သင့်ပဲ။ (မွတ်ဆလင်တွေကို မုံန်းလို့ပြောနေတာ မဟုတ်ဘူးနော်။ သူတို့ဘာသာက အဲလိုအကောက်ကြံဖို့ ဆုံးမထားသလိုပဲ၊ ကျနော်တို့ ဘလော့လောကမှာ နအဖလူဟန်ဆောင်ပြီး ဒီမိုဘက်က မိန်းခလေးတွေကို ဆဲခဲ့တာပဲ မဟုတ်လား?) တဖက်နဲ့ တဖက် သည်းခံခွင့်လွှတ်ကျပါဗျာ။ မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် ဘေးကနေ ဆရာကြီးတွေလို လက်ပိုက်မကြည့်ပါနဲ့။ အချင်းချင်းရန်ဖြစ်နေတာတွေ ရပ်တန့်အောင် တတ်နိုင်သလောက် ကူညီပေးပါ။

တံဆိပ်မရှိတဲ့
တောသား၂ ယောက်

(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: