ကုန်လွန်ခဲ့သော ၂၀ ရာစုနှစ်နှောင်းပိုင်းတွင် သိပ္ပံပညာရပ်များသည် နယ်ပယ်အသီသီးတွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် တိုးတက်ဖြစ်ထွန်းခဲ့ပါသည်။ ယင်းတို့အနက် သင်္ချာ၊ ရူပဗေဒ၊ ကွန်ပျူတာသိပ္ပံနှင့် အင်ဂျင်နီယာ ပညာရပ်များတွင် သေးငယ်သော အပိုင်းလေးတွေခွဲပြီး လေ့လာသည့် ဘာသာရပ်များသည် အထူးစိတ်ဝင်စားခြင်း ခံရသည်။ ဥပမာအားဖြင့် Discrete Mathematics၊ Quantum Physics ၊ nuclear physic ၊Nano-science၊ Quantum Mechanics၊ Finite Element Method၊ Computational Fluid Dynamic တို့ ဖြစ်ပါသည်။
အခြေခံအကျဆုံး ထပ်မံခွဲစိတ်၍ မရတော့သော Quarks ၊ Leptons နှင့် Photon တို့မှသည် အကြီးဆုံး စကြာဝဠာကြီးအဆုံး ၄င်းတို့၏ အနေအထား ရွှေ့ရှားမှု အဖြစ်အပျက်တို့သည် အချိန်နှင့် အမျှပြောင်းလဲနေပြီး ပုံသေမရှိသော စက်ဝိုင်းပုံ လမ်းကြောင်းအတိုင်း ထပ်ပြန် တလဲလဲ သွားနေသည်ဟု လက်ခံလာကြပါသည်။
All objects in our universe possess wave-particle duality. That is a central concept of quantum mechanics. The particle means that those objects can be divided into discrete categories. It is called quantization. The wave means non-locality, i.e. all objects don’t rest in space and always change in time. However their movements or positions or events are in cyclic action although their path may not be identical. For example, the earth orbits around the sun while it is rotating on its axis regularly.
ဤသည်မှာ ဗုဒ္ဓမြတ်စွာ ဟောကြားထားသည့် သံသရာဟူသော အယူအဆနှင့် သံတူကြောင်းကွဲ သဘောပင် မဟုတ်ပါလော။ ဖြစ်စဉ်အနေဖြင့်ကြည့်လျှင် ထပ်ပြန်တလဲလဲ ဖြစ်ပျက်နေသည်ဟု လက်ခံကြသည်မှာ တူညီသောလည်း သက်ရှိသက်မဲ့ အရာအားလုံးတွင် အသစ်အသစ်များက အဟောင်းဟောင်းများနေရာတွင် အစားထိုးသွားခြင်းကိုမှု သိပ္ပံပညာမှ ယနေ့တိုင် တထစ်ချ ကောက်ချက် မချနိုင်သေးဟု ယူဆပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အဟောင်းအသစ် ပြောင်းသည့် ဖြစ်စဉ်သည် အလွန်တိုးတောင်သော အချိန်အတွင်း ဖြစ်တတ်ခြင်း၊ အသစ်အသစ်သည် အဟောင်းအဟောင်းတို့နှင့် ဗီဇသဘော၊ လက္ခဏာသဘော ခွဲရခက်လောက်အောင် တူညီနေသဖြင့် မပြောင်းမလဲ တစ်ခုတည်းဟု ယူဆချင်စရာဖြစ်နေခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ သိသာသော ပြောင်းလဲမှု ဖြစ်စဉ်ကို မြင်တွေ့မှသာ အခြေအနေတစ်ခုမှ အခြားအခြေအနေတစ်ခုသို့ ပြောင်းလဲသည်ဟု ရှုမြင်ကြပါသည်။
ဗုဒ္ဓဘုရားရှင်သည် လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော်ကတည်းက quantization သဘောဖြင့် သက်ရှိသတ္တ၀ါတွေကို အသေးဆုံး အစိတ်အပိုင်းအထိ ခွဲခြမ်းစိတ်ဖြာရှုမြင်နိုင်သော ဉာဏ်မျက်စိဖြင့် ဖောက်ထွင်းရှုမြင်နိုင်ခဲ့သဖြင့် မဖောက်မပြန် မှန်ကန်နေသည့် နိယာမတရားများကို ဖော်ထုတ်သိရှိခဲ့သည်။ ထိုသို့ သတ္တ၀ါတွေများ၏ ရုပ်နာမ်ခန္ဓာတို့ကို အခြေခံကျကျ ပိုင်းခြားရှုမြင်ပြီး ထိုရုပ်နာမ်ခန္ဓာများ အကြောင်းတရားများပေါင်းစုံ၍ ချိတ်ဆက် ပြောင်းလဲနေသည့် နိယာမသဘောတရားကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ဖော်ထုတ်ခဲ့သည်။ ယင်းကို ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်တရားဟု ခေါ်ပါသည်။
အများသူငါသိသော ဘ၀သည် အမိဝမ်းမှ ထွက်သည်ကစ၍ ခေါင်းတလားထဲရောက်သည်အထိ တစ်ဘ၀ဟု သတ်မှတ်ကြသည်။ ထိုကာလအတွင်း သဘာဝတူ ဖြစ်စဉ်ကွဲ ဘ၀ငယ်ပေါင်း ကုဋေရာပေါင်းများစွာ ဖြစ်ပျက်သွားသည်ကို သတိမမူမိကြပေ။ မီးရထား သံလမ်းကို အဝေးမှ ကြည့်သောအခါ အရွယ်တူ သံလမ်းများဆက်ထားသည်ဟု မမြင်ရ။ အနားကပ်ကြည့်မှ အဆက်များကို တွေ့ရသကဲ့သို့ သတ္တ၀ါများသည် ဘုံတစ်ခုတွင် ဘ၀တစ်ခုဖြင့်နေကြသည်ဟု ရှုမြင်ခြင်းမှာအပေါ်ယံအမြင်ဖြစ်ပြီး ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားများကို နားလည်လာပါက ဘ၀ငယ်လေးများဆက်နေသည့်ဟု သိမြင်လာပါလိမ့်မည်။
အခြေခံဘ၀ငယ် (quantum of life)
သီရိလင်္ကာမှ Dr. Senaka Ranasinghe ဆိုသူ ရေးသားသော The quantum theory of life and Buddhism ဆောင်းပါးတွင်(http://www.lankalibrary.com/Bud/energy.htm) ဘ၀ငယ်တစ်ခု သတ်မှတ်ထားပုံမှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ယင်းဆောင်းပါတွင် ရူပါရုံ နဲ့ စက္ခုဒွါရ ထိတွေ့ရာမှာ မြင်သိစိတ်တစ်ခု ဖြစ်သွားခဲ့ပုံကို a quantum of eye consciousness ဟု သုံးနှုန်းသွားပါသည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့တွင် အာရုံနှင့် ဒွါရထိတွေ့ရာမှ ကောင်းမှု မကောင်းမှုတစ်ခု အထမြောက်သွားသည်ကို quantum of life (life-packet) ဟု ခေါ်ဝေါ်သုံးစွဲထားခြင်းမှာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းမှ ပစ္စုပ္ပန်အကျိုးတစ်လွှာနှင့် ပစ္စုပ္ပန်အကြောင်းတစ်လွှာပေါင်းထားသော ဖြစ်စဉ်တစ်ခုကို ရည်ညွှန်းထားခြင်း ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်တရားကို သိပ္ပံရှုထောင့်ဖြင့် ယှဉ်တွဲ သုံးသပ်လိုက်ခြင်းလည်း ဖြစ်ပါသည်။
မြင်သိစိတ်တစ်ခု ဖြစ်ပေါ်ပုံကို ဥပမာပြ၍ အသေးစိတ်တင်ပြထားသော ၄င်း၏အယူအဆကို သဘောကျမိသော်လည်း အဘိဓမ္မာသဘောနှင့်သော်လည်ကောင်း၊ ပဋိစ္စသမုပ္ပါဒ်တရားဖြင့်သော်လည်းကောင်း အနည်းငယ် ကွဲလွဲနေသည်ဟု မိမိ ထင်မြင်မိပါသည်။ မည်သို့ဆိုစေ အဘိဓမ္မာသဘောအရ ပဉ္စဒွါရ၀ီထိ၊ မနောဒွါရ၀ီထိ ၄ ခု ပေါင်း ၀ီထိစိတ် ၅ ခုတစ်စုံ ဖြစ်သွားခြင်းသည် quantum of life (life-packet) တစ်ခုဟု သတ်မှတ်လျှင် သဘာဝကျသည်ဟု ထင်မြင်ပါသည်။ ပဋိစ္စသမုပ္ပါဒ်တရားအရ ပစ္စုပ္ပန်ကာလ အကြောင်းအကျိုး ဖြစ်စဉ်တွင် ၀ိပါက၀ဋ်(၀ိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)မှ ကိလေသ၀ဋ်(တဏှာ၊ ဥပါဒါန်)အလယ် ကမ္မ၀ဋ်(ကမ္မဘ၀)အဆုံးအထိ ဖြစ်စဉ်တစ်ခုကို quantum of life (life-packet) တစ်ခုဟု ဆိုနိုင်ပါသည်။ အဘိဓမ္မာသဘောအရ အာရုံတစ်ခုပေါ်လာပြီး အကောင်းအဆိုးခွဲခြားကာ ကမ္မဘ၀ဆုံးသည်အထိ အနည်းဆုံး ပဉ္စဒွါရ၀ီထိ၊ မနောဒွါရ၀ီထိ ၄ ခု ပေါင်း ၀ီထိစိတ် ၅ ခုမှ အများဆုံး မနောဒွါရ၀ီထိပေါင်းများစွာ ဆက်တိုက်ဖြစ်နိုင်သည်ဟု သိရှိရပါသည်။ ၄င်းဝီထိများကြားတွင်လည်း ဘ၀င်စိတ်ပေါင်းများစွာခြားလျက် ဖြစ်နိုင်ပါသည်။ တစ်ခုသတိထားသင့်သည်မှာ ဘ၀ငယ်(life-packet) တစ်ခု ဖြစ်ပျက်သွားပြီးတိုင်း ပဉ္စမမြောက် သုဒ္ဓမနောဒွါရ၀ီထိမှ စ၍ ၄င်းတွင်ပါသော ဇော ၇ ကြိမ်မှ ဇော တစ်ခု ချုပ်သွားတိုင်း နာနာက္ခဏိက ကမ္မသတ္တိ တစ်ခုစီ ခန္ဓာစဉ်၌ မြုပ်နှံသွားသည်ဟု မှတ်ယူရပါမည်။ ပဉ္စမမြောက်သုဒ္ဓမနောဒွါရ၀ီထိ၏အာရုံကို ဆက်ယူသည့် နောက်ပိုင်း မနေဒွါရ၀ီထိများ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်နေသရွှေ့ ဘ၀ငယ် (life-packet) တစ်ခု အဆုံးမသတ်သေး။ ထိုသို့ မဆုံးသေးသမျှ ဇောစိတ် တစ်ခုချုပ်တိုင်း ကမ္မသတ္တိတစ်ခု ချုပ်မြုပ်သွားသည်ဟု မှတ်ရပါမည်။ ထိုအာရုံကို အကြောင်းပြုပြီး ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရများ ပြီးဆုံးသွားမှ ဘ၀ငယ်တစ်ခု (life-packet) အဆုံးသတ်ပါသည်။ နောက်အာရုံတစ်ခုကို အကြောင်းပြု၍ နောက်ထပ် ဘ၀ငယ်အသစ်တစ်ခု ဆက်ဖြစ်ပါသည်။ ထိုဘ၀ငယ်များ တစ်ခုနှင့် တစ်ခု ကြာမြင့်ချိန်သက်တမ်း မတူနိုင်ပေ။ အထက်ပါစာရေးသူက ဘ၀ငယ်တစ်ခု၏ သက်တမ်းကို 50 milliseconds ဟု သတ်မှတ်ထားပါသည်။ ယင်းကြာချိန်ကို ပျမ်းမျှကြာချိန်ဟု ယူဆသင့်ပါသည်။ လူတစ်ယောက် အိပ်ချိန် တစ်နေ့ ၆ နာရီခန့်ရှိလျှင် တစ်နေ့ပျှမ်းမျှ ဘ၀ငယ်ပေါင်း ၁၃ သိန်းခန့် ရှိနိုင်ပါသည်။ ကုသိုလ်မျိုးစေ့ အကုသိုလ်မျိုးစေ့ပေါင်း မည်မျှ မြုပ်နှံခဲ့ပြီဆိုသည်ကို ခန့်မှန်းကြည့်စေချင်ပါသည်။
အိပ်ချိန်တွင် ဘ၀င်စိတ်များသာ ဖြစ်ပြီး ၀ီထိစိတ်များ ဖြစ်ခွင့်မရသဖြင့် နှစ်နှစ်ချိုက်ချိုက် အိပ်ချိန်တွင် ဘ၀ငယ် များ မဖြစ်နိုင်ပါ။ ခြွင်းချက်အနေဖြင့် အိပ်မက်မက်စဉ် ၀ီထိစိတ်များ ဖြစ်သောကြောင့် ဘ၀ငယ်များ ဖြစ်ခွင့်ရှိ၍ ကုသိုလ် အကုသိုလ် အကျိုးပေးသည်ဟု ဆိုသော်လည်း ပဋိသန္ဓေအကျိုး မပေးပါ။ ထို့အတူ လူ့ဘ၀၊ နတ်ဘ၀၊ တိရိစ္ဆာန်ဘ၀ ကွဲပြားနေသော်လည်း ပရမတ္တနယ်တွင် ထိုဘ၀ငယ်လေးများမှာ ပုဂ္ဂိုလ်သတ္တ၀ါပေါ် အခြေမခံပဲ အာရုံ ဒွါရတိုက်တိုင်း တစ်ခုပြီး တစ်ခု ရှေ့နောက် ဖြစ်ပျက်နေပါသည်။ သမုတိသစ္စာအရ သတ္တ၀ါများ ဘုံတစ်ခုမှ ဘ၀တစ်ခုဆုံး၍ အခြားဘုံဌာနတစ်ခု ဘ၀အသစ်တစ်ခု ကူးပြောင်းသည့်အခါ ပြင်ပပုံပန်း သဏ္ဍန်ပြောင်းသော်လည်း ပရမတ္ထသစ္စာအမြင်အရ ဘုံဌာန၊ ကိုယ်ကာယပေါ်အခြေမခံပဲ ဒွါရ ၆ ပေါက်တွင် ပေါ်လာသော အာရုံ ၆ ပါး ကြောင့် သိစိတ် ၆ မျိုးတို့ တစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နေခြင်းသည် ဘ၀ငယ်တစ်ခု ဖြစ်ပေါ်ရန် လုံလောက်သော အကြောင်းတရားများ ဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် သတ္တ၀ါတစ်ခု သံသရာတစ်လျောက် ဘ၀ငယ် (life-packet) ပေါင်း မည်ရွေ့မည်မျှဖြစ်ပျက်ခဲ့ပြီး သင်္ခါရ၊ ကံပေါင်း မည်ရွေ့မည်မျှ ပြုလုပ်ခဲ့ပါသလဲ။ ၄င်းကံများ အကျိုးပေးလာပါက နောက်ထပ် ဘ၀ငယ်(life packet) ပေါင်း မည်ရွေ့မည်မျှ ရှေ့မှာ ထပ်ဖြစ်လာဦးမည်လဲ ဆိုသည်ကို စောကြောမိပါက အစမထင်ခဲ့သလို အဆုံးလည်းမမြင်နိုင်ပေ။ ထိုသို့ ဘ၀ငယ်(quantum of life) လေးများ အဆက်မပြတ်ဖြစ်နေသော ဖြစ်စဉ်ကို ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းမှသာ သိခွင့်ရပါသည်။ ထိုဘ၀ငယ်များဖြစ်စဉ် တစ်ချိန်တွင် ရပ်တန့်သွားရန် နည်းလမ်းကိုလည်း သိခွင့်ရခဲ့ပါသည်။ ထို့ကြောင့် ပုဂ္ဂိုလ်သတ္တ၀ါ လူ နတ် ဗြဟ္မာ ငါ သူတစ်ပါး ယောက်ျား မိန်းမ သတ္တ၀ါ အမျိုးမျိုး ဘ၀အမျိုးမျိုးဟု မရှုမြင်ပဲ သတ္တ၀ါတစ်ခုစီ ဘ၀ငယ်လေးများ ဖြစ်စဉ်တစ်ခုစီရှိသည်ဟု မှတ်ယူရပါမည်။ ထိုဘ၀ငယ်ကလေးများ၏ ဘယ်ကစသလဲဟု ဘ၀ရှာပုံတော် ဖွင့်လိုသူများရှိခဲ့လျှင် အစမထင်သော် အရေးမကြီး အဆုံးမြင်ဖို့သာ အရေးကြီးသည်ဟု အကြံပြုရင်း ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါသည်။
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ ။
ပြေဇော်
မူရင်း = ဓမ္မလင်းရောင်ခြည်
(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )
No comments:
Post a Comment