ဘဝ
နေရရင် တစ်ခဏပါပဲ။
ဆင်းရဲလည်း တစ်ခဏ
ချမ်းသာလည်း တစ်ခဏပဲ။
တစ်ခဏဆိုတဲ့ တစ်ခဏအတွင်း
ကြုံတွေ့ရတဲ့အာရုံကို ဇွတ်ဆင်းလို့
လွတ်ကွင်းကိုမရှာ ရေစုန်မှာမျောနေခဲ့တာ
တို့တွေကြာခဲ့ပါပြီလေ။
ခုလည်း
တစ်ခဏမှ တစ်ခဏအတွင်းသို့
ခဏအတွင်း သက်ဆင်းသွားပြန်ပြီ။
နင် ... ဘယ်မှာလဲ
ငါ ... ဘယ်မှာလဲ
သံသရာဝဲထဲမှာ
မြုပ်ချည် ၁၀ ခါ၊ ပေါ်ချည်တစ်လှည့်
မြင်ကြည့်လှည့်စမ်းပါ။
ဒီဘ၀အတွက်
ဒီခဏလေးတွေ အတွင်းမှာပဲ
ကိုယ့်ဘ၀ကိုယ်ရှာ
ကိုယ့်နေရာ ဘယ်မှာလဲ ....
လူဖြစ်လာတာ ဘာအတွက်လဲ ..... ။
မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် တစ်ခဏမှ ၁၃၇၁ ခုနှစ် တစ်ခဏသို့ ကူးပြောင်းခြင်း အမှတ်တရအဖြစ် တစ်ခဏခရီးသည် ကဗျာကိုရေးဖွဲ့ပါသည်။
သုခရိပ်
ဓမ္မသုခရိပ်မှ ကူးယူဖေါ်ပြပါသည်
No comments:
Post a Comment