ဘုရားလက်ထက်က နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး၊ ဒကာမကြီးနှစ်ယောက်ရှိပါတယ်။ သူတို့က ဘုရားကို သိပ်ချစ်ပါတယ်။ ဘုရားနဲ့လည်းပဲ အရင်ဘ၀ ဘ၀တွေ တော်တော်များများ သားအမိ သားအဘတော်ခဲ့ဖူးတာကိုး….။ စာထဲကအတိုင်းဆိုရင် နကုလပိတာနဲ့ နကုလမာတာ နှစ်ဦးစလုံးကို တစ်ပြိုင်နက် အဖေ၊ အမေ တော်ခဲ့ရတဲ့ဘ၀ကလည်း (၅၀၀) နည်းပါးလောက် ရှိတယ်။ နကုလပိတာက အခြားသူတစ်ဦးဦးနဲ့ အိမ်ထောင်ကျလို့ သူ့ကိုပဲ အဖေတော်ခဲ့ရတဲ့ဘ၀ကလည်း(၅၀၀) နီးပါးလောက်ရှိတယ်။ နကုလမာတာကလည်း တခြားခင်ပွန်းနဲ့ အိမ်ထောင်ကျလို့ သူ့ကို အမိတော်ခဲ့ရတဲ့ဘ၀တွေကလည်း (၅၀၀)လောက်ရှိတယ်တဲ့။
ဘ၀ပေါင်းများစွာ အမေ၊ အဖေ တော်ခဲ့ရတယ်ဆိုတော့ နကုလပိတာနဲ့ နကုလမာတာဟာ မြတ်စွာဘုရားကို တွေ့တွေ့ချင်း သားလိုပဲ အလွန်ချစ်တယ်။ ဘ၀ဘ၀ က ချစ်ခဲ့တဲ့အရှိန်အဟုန်က မကုန်နိုင်ပဲကိုး။ ဒါတကယ်ပဲ ဖြစ်တတ်ပါတယ်။

ဘုရားကိုမြင်လိုက်လို့ရှိရင် သူတို့က`သား´လို့ပဲ ခေါ်တယ်။ ဒါကို တခြား ရဟန်းတွေကကြားတော့ မြတ်စွာဘုရားရဲ့ ခမည်းတော်နဲ့ မယ်တော်တို့ဟာ သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော်မာယာလို့ ကြားဖူးတာပဲ။ အခုဒီ ဒကာကြီးနဲ့ဒကာမကြီး တွေက ဘုရားကိုတွေ့တော့ သားလို့ခေါ်နေတာ ဘာကြောင့်လဲလို့ မြတ်စွာဘုရားကိုမေး လျှောက်တော့ မြတ်စွာဘုရားကရှင်းပြတယ်။ ဘ၀ပေါင်းများစွာ သားအမိ၊ သားအဖတော် ခဲ့ရတဲ့သူတွေမို့လို့ ယခုဘ၀မှာလည်း တကယ့်မိဘရင်းမဟုတ်သော်လည်းပဲ မိဘအရင်း သားသမီးအရင်းလိုပဲတဲ့။

တစ်နေ့တော့ နကုလပိတာ ဒကာကြီးက မြတ်စွာဘုရားကို ဖူးဘို့ဆိုပြီး တော့ ကျောင်းတော်ကိုလာတယ်။ ရောက်တဲ့အခါကျတော့ ဘုရားကိုလျှောက်တယ်။ `မြတ်စွာဘုရား….တပည့်တော်နေ့တိုင်းပဲ မြတ်စွာဘုရားကိုဖူးချင်ပါတယ်၊ သံဃာတော် တွေကိုလည်း နေ့တိုင်းပဲဖူးချင်ပါတယ်။ ဒါပေမဲ့ အသက်ကကြီးပြီဘုရား၊ အသက်ကကြီး တော့ ခန္ဓာကိုယ်က အခုတစ်မျိုး တော်ကြာတစ်မျိုး ခဏခဏ အပြောင်းအလဲတွေဖြစ် တယ်။ အခုနေကောင်းပေမဲ့ တော်တော်ကြာ နေမကောင်းပြန်ဘူး၊ နေ့စဉ်လာချင်ပေမဲ့ လာလို့မရပါဘူး´….တဲ့။
အဲဒီတော့မြတ်စွာဘုရားက ပြန်အမိန့်ရှိတယ်။ “တစ်မုဟုတ်လောက်ကိုယ့် ကိုယ်ကို ကျန်းမာတယ်လို့ပြောတဲ့သူဟာ အသိဉာဏ်နဲလို့ ပြောတာပါ။ဒီခန္ဓာကိုယ်ဆို တာ အစဉ်အမြဲပဲ ဒုက္ခဝေဒနာတွေဟာ အနဲနဲ့အများ ရှိနေတာပဲ´´တဲ့။
သူက မြတ်စွာဘုရားကို ဆက်လျှောက်တယ်။ “မြတ်စွာဘုရား။ တပည့် တော် အသက်ကြီးပြီဘုရား။ တရားကို ရှည်ရှည်ဟောရင် တပည့်တော်မှတ်မိမှာ မဟုတ် ဘူး။ အဲဒီတော့ မှတ်မိလွယ်အောင် တိုတိုလေး ဟောတော်မူပါဘုရား´´တဲ့။ အဲဒီတော့ မြတ်စွာဘုရားက တကယ့်ကို တရားတိုတိုလေးဟောလိုက်တယ်။ “အာတုရ ကာယဿ မေ သတော စိတ္တံ အနာတုရံ ဘ၀ိဿတိ´´တဲ့။ အဓိပ္ပါယ်က “ခန္ဓာကိုယ်မှာနာကျင် သော်လည်းပဲ စိတ်မှာ မနာကျင်အောင်နေမယ်ဆိုပြီးကျင့်ပါ´´…တဲ့။
ရိုးရိုးလေးပေမယ့် ဒီတရားရဲ့အနှစ်သာရ အဓိပ္ပါယ်ဟာ အလွန့်အလွန်နက်နဲ ပါတယ်။ ဒီတရားဟာ ဘုန်းကြီးအကြိုက်ဆုံးထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
မအီမသာဖြစ်တဲ့ သဘောတွေဟာ ခန္ဓာကိုယ်မှာ အမြဲတမ်းရှိနေတယ်။ သွား လာလုပ်ကိုင်လို့ ဖြစ်နေသေးလို့သာ သူ့ကို ရောဂါလို့အမည်တပ်မနေတော့တာပါ။ ရင်ထဲက ပူသလိုလို၊ မောသလိုလို၊ တစ်ခါတစ်လေ ခေါင်းထဲက မူးသလိုလိုဆိုတာတွေ ဟာ အနဲနဲ့အများ လူတိုင်းမှာရှိတယ်။ ငယ်ရွယ်တဲ့သူတွေ ဒီလောက်မသိဘူး။ စိတ်က လည်း တက်ကြွတဲ့အရွယ်၊ ခန္ဓာကိုယ်ကလည်း သိပ်ပြီးလှုပ်ရှားတဲ့အရွယ်ဖြစ်တယ်ဆို တော့ သတိမပြုမိလို့ပါ။ လုပ်စရာကိုင်စရာတွေ များနေတော့ ကိုယ်လုပ်ချင်ကိုင်ချင်တာ တွေကိုပဲ အာရုံစူးစိုက် စိတ်ဝင်စားနေပြီး ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ မအီ
အသာဖြစ်မှုကို သိပ်အရေးမစိုက်နိုင်ကြဘူး။ တကယ်တော့ မွေးခါစကထဲက မအီမသာတဲ့သဘောက ရှိနေပြီးသားပါ။

“ ဘယ်သူမဆို မအီမသာဖြစ်တဲ့သဘောဟာရှိပါတယ်။ ဒါကြောင့် တမုဟုတ်လောက်များ မိမိကိုယ်ကို ကျန်းမာတယ်၊ မအီမသာဖြစ်တဲ့သဘောမရှိပါဘူးလို့ ပြောတဲ့သူဟစာ အသိဉာဏ်နဲလို့ပြောတာပါ။ ဉာဏ်ရှိရင် သူဒီလိုမပြောဘူး´´

ဒါကြောင့် “ခန္ဓာကိုယ်မှာ နာသော်လည်းပဲ စိတ်မှာ မနာအောင်နေ´´လို့ မြတ်စွာဘုရားဟောခဲ့တဲ့ အဆုံးအမဟာ တိုတိုလေးနဲ့ အင်မတန် နက်နဲတယ်။

ဒီနေ့မနက်ပဲ ဒါကာကြီးတစ်ယောက်က သူတရားအားထုတ်တာနဲ့ပတ်သက် ပြီး လာမေးလျှောက်ရင်းနဲ့ သူပြောပြတာ…“တရားအားထုတ်လို့ အင်မတန်သတိ၊ သမာဓိကောင်းနေတဲ့အခါမှာ ခန္ဓာကိုယ်မှာ အင်မတန်မခံနိုင်လောက်အောင် နာကျင်တဲ့ သဘောရှိသော်လည်းပဲ အဲဒီနာကျင်တဲ့သဘောကို သတိလေးနဲ့ စူးစူးစိုက်စိုက် ကြည့်ပြီး တော့ သိနေရတဲ့အခါမှာ နာတာက နာတာတခြား၊ သိတာက သိတာတခြားဖြစ်နေတယ်´ တဲ့။ ခန္ဓာကိုယ်မှာတော့ နာနေတယ်၊ ဒါပေမယ့် သိနေတဲ့စိတ်က ဘယ်လိုမှမဖြစ်ဘူး။ သိနေတဲ့စိတ်ကလေးက လွတ်နေတယ်တဲ့။ နာတာကို မကျေနပ်တဲ့စိတ် `ဒေါမနဿ´ မဖြစ်ဘူးတဲ့။

သတိလေးနဲ့ကြည့်နေတယ် ဆိုကတည်းက သိတဲ့စိတ်က ဝေဒနာထဲမှာ ရော ပါမသွားဘူး။ နာနေတဲ့ဒုက္ခဝေဒနာသဘောက အာရုံအဖြစ်နဲ့ သီးခြားရှိနေတယ်။ အဲဒီ အာရုံကို သိနေတဲ့စိတ်ကလေးက သူ့ဟာသူ ခပ်ခွာခွာဘေးကနေ အဝေးကနေ ထိုင်ကြည့် ရသလိုပဲ။ နဲနဲကလေးခွာပြီးတော့ ကြည့်နေတော့ ၀င်ပူးပြီးတော့ ခွါမသွားဘူး ရောပါမသွားဘူး။
သတိလေးနဲ့နေတဲ့အခါမှာ အတွေးအတောမရှိဘူး။ သတိတကယ်ကောင်းနေ တဲ့အခါမှာ သမာဓိကလည်း အင်မတန်ကောင်းတယ်။ သတိ၊ သမာဓိ၊ ကောင်းနေတဲ့အခါ မှာ အတွေးမရှိဘူး။ အတွေးမရှိတဲ့အခါ ဖြစ်ပေါ်နေတဲ့ အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ် ချမ်းသာတဲ့ဝေဒနာဖြစ်ဖြစ်၊ ဆင်းရဲတဲ့ ဝေဒနာဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုဘဲ မြင်ရတယ်။ Impersonal ဖြစ်သွားတယ်။ အတွေးက သူ့ကိုလိုက် တွေးလိုက်ရင် ရောပါသွားပြီးတော့ Personal ဖြစ်လာတယ်။ ဒါ့ကြောင့် ပိုပြီးတော့နာ တယ်၊ မခံနိုင်ဘူး။
စိတ်ထဲက “နာလိုက်တာ၊ မခံနိုင်တော့ဘူး´´ ဆိုရင် ဒေါမနဿဝေဒနာတွေ ဖြစ်လာတယ်။ ဒုက္ခဝေဒနာဟာ ဒေါမနဿကိုဖြစ်စေတယ်။ ဒေါမနဿရဲ့သဘောက ဖြစ်ပေါ်လာတဲ့ဝေဒနာကို မြန်မြန်ဖျောက်ပစ်ချင်တယ်၊ လက်ခံမထားချင်ဘူး၊ သည်းမခံနိုင် ဘူး။ ဒေါမနဿရဲ့သဘောက ခံနိုင်တဲ့အရည်အချင်းမရှိဘူး။
သတိ သမာဓိ ကောင်းလာတဲ့အခါမှာ စိတ်ကဖြစ်ပေါ်လာတဲ့ အာရုံအပေါ်မှာ အလိုအလျောက် တုန့်ပြန်မှု ( React) မလုပ်တော့ဘူး။ ဖြစ်ပေါ်လာတဲ့အာရုံကို အသာ လေးဘေးကထိုင်ကြည့်ရသလို ကြည့်လို့ရလာတယ်။ ဒီလိုကြည့်လို့ရလာလို့ရှိရင် နာတာတော့ ရှိတယ်။ နာတာကို ငါနာတယ်လို့မထင်ဘူး။ ခြေထောက်နာနေတယ်ဆိုရင် သတိလေးနဲ့ သေချာကြည့်တဲ့အခါ ခြေထောက်ဆိုတာ ပျောက်သွားတယ်။ နာတာလေး ပဲရှိတယ်။ အဲဒီ နာတာလေးကို သိတာပဲရှိတယ်။
အဲဒီလို involve မဖြစ်တဲ့အခါ၊ သူနဲ့ပတ်သက်ပြီးတော့ အတွေးအတော မရှိ တဲ့အခါ၊ အဲဒီဝေဒနာနာရဲ့ သဘောသဘာဝဟာ အရင်တုန်းကပုံစံမျိုး၊ အရင်တုန်းက သဘာဝမျိုး မဟုတ်တော့ဘူး။ ဒါကြီးပျောက်အောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ပျောက်လည်း မပျောက်နိုင်ပါလားလို့ မတွေးမိဘူး။ အတွေးရှိနေတဲ့အခါမှာ ဝေဒနာရဲ့သဘာဝဟာ ခံစားရတာ တစ်မျိုးဖြစ်နေတယ်။ အတွေးအတော လုံးဝမရှိတော့တဲ့အခါမှာ၊ သက်သက် ကြီး သိနေရတဲ့အခါမှာ ခံစားရတဲ့ဝေဒနာရဲ့သဘာဝဟာ နောက်တစ်မျိုးပြောင်းသွားတယ်

နေမကောင်းလို့ ကိုက်ခဲနေတာ နာနေတာကို ပျောက်အောင်၊ သက်သာ အောင် ဆေးသောက်သင့်ရင်လည်း သောက်ရတာပေါ့။ ဒါပေမဲ့ ဆေးသောက်ထားပါ လျက်နဲ့ သူ့ဟာသူ နာနေတာကို စိတ်ထဲကတွန်းဖယ်နေ


အလင်းစေတမန်မှ ကူးယူဖေါ်ပြပါသည်။