Oct 24, 2009

မိုက်မဲတဲ့ အဖြူမလေးရဲ့ နောင်တ





ကာကွယ်ဆေးတွေမှာ အဆိပ်ခတ်တာ သတိထားမိအောင် ကျုပ်တို့က မကြာခဏ သတိပေးခဲ့ပါတယ်။ mercury ဟာ ကြောက်မက်ဖွယ် အဆိပ်တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းသိတဲ့ အကြောင်းလေးတစ်ခုပါ။ thermometer တွေမှာတောင် အသုံးမပြုဖို့ တားမြစ်ထားတာပဲ။ ဒါပေမယ့် ကျုပ်တို့တွေဟာ အဲလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ အဆိပ်ကို ခန္ဓာကိုယ်ထဲ ဆေးထိုးအပ်နဲ့ ထိုးသွင်းနေတာ စိုးရိမ်တဲ့သူက မရှိသလောက်ဖြစ်နေတယ်။ အဲဒီအဖြစ်ကိုတွေးမိတိုင်းရယ်မိပါတယ်။ လူဆိုတာ စဉ်းစားတွေးခေါ်တတ်တဲ့ သတ္တ၀ါတွေလို့ ဆိုပေမယ့်လည်း ဒီနေရာမှာတော့ မီးပုံထဲဝင်တိုးတဲ့ ပိုးဖလံသာသာပဲရှိပါလားလို့။ အဲဒီ mercury ဆေးတွေက ကလေးငယ်တွေကို အဓိက ဒုက္ခပေးနေတာဖြစ်ပြီး လူငယ်တွေအတွက်လည်း အန္တာရယ်ပါ။ အထက်က ဗီဒီယိုကတော့ အအေးမိရောဂါကာကွယ်ဆေးကို မဆင်မခြင်နဲ့အထိုးခံလိုက်တဲ့ မိုက်မဲတဲ့ အဖြူမလေးတစ်ယောက် ဘ၀ပျက်သွားတဲ့ အကြောင်းပါ။ စဉ်းစားတွေးခေါ်လိုသူများအတွက် တင်ပေးလိုက်တာပါ။ တနည်းအားဖြင့် ပိုးဖလံထက် အဆင့်မြင့်သူများအတွက်ပေါ့ဗျာ။ အဲဒီဗီဒီယိုရဲ့ ကော်မန့်မှာ ဒီမိုနိုင်ငံသားများ၏ ဆွေးနွေးထားပုံလေးတွေကို ဖတ်ရှုဖို့ အကြံပြုလိုပါတယ်။ အခုဗီဒီယိုကြောင့် ခင်ဗျားတို့ သိပ်ပြီးစွဲလန်းနေတဲ့ ဒီမိုဝါဒကြီးကို လူတွေ အထင်သေးမှာ မစိုးရိမ်ပါနဲ့။ ဒီမိုမီဒီယာရဲ့ သတင်းတွေကြောင့် ဘယ်တုံးကမှ ဒီမိုအစိုးရတွေရဲ့ သိက္ခာမထိခိုက်ခဲ့ပါဘူး။ စကားလုံးလှလှလေးတွေ အသုံးပြုပြီး လိမ်ညာလှည့်ဖျားရင်း လုပ်စားလာတာ ကြာခဲ့ပါပြီ။ "အင်မတန်ဖြစ်ခဲပါတယ်" ဆိုတဲ့ စကားလုံးလေးကို အသုံးပြုထားပါတယ်။ ဆရာဝန်အများစုကလည်း ကာကွယ်ဆေးက ပြဿာနမဖြစ်ဘူးဆိုပြီး ပြောဆိုတဲ့အကြောင်း လှည့်ပတ် ပြောပြီးမှ သတင်းကိုတင်ပြထားတာပါ။


မေးပါရစေ . . . အခုလိုဒီမိုအစိုးရတွေ ကာကွယ်ဆေးမှာ အဆိပ်ခတ်တာကို နအဖမီဒီယာတွေမှာ တင်ပြတာရှိခဲ့လား။ ကျုပ်တို့လို ဒီမိုအစိုးရတွေက ကာကွယ်ဆေးမှာ အဆိပ်ခတ်ပြီး လူသတ်တယ်လို့ စွပ်စွဲဖို့ပြောနေတာ မဟုတ်ပါ။ ကာကွယ်ဆေးထိုးလို့ အဆင်မပြေရင် ဘ၀ပျက်တတ်တဲ့အကြောင်းကိုတော့ နအဖမီဒီယာတွေက လူထုကို သတိပေးသင့်တာပေါ့ ။ ကျုပ်တို့ သိသလောက်တော့ အဲဒီအကြောင်း နအဖမီဒီယာတွေမှာ လုံးဝကို မရေးသားပါဘူး။ ကြက်ငှက်တုတ်ကွေးတုံးကလည်း နအဖမီဒီယာတွေကပါ လိုက်ပြီး အူယားဖားယား လုပ်ပြခဲ့တယ်လေ။

ကဲ.. ဗုဒ္ဓဘာသာဝင် သခင်မြန်မာလူမျိုးများခင်ဗျား။ ကျုပ်တို့တွေအပေါ် ဒီမိုအစိုးရတွေက ကောင်းတယ်ဆိုတဲ့ စကားကိုယုံဦးမလား၊ နအဖက ပြည်သူတွေအတွက် လုပ်နေတာ ဆိုတဲ့စကားက မှန်ပါ့မလား။ ဒီမိုအစိုးရ နအဖအစိုးရ ကွန်မြူနစ်အစိုးရ စတဲ့ စံနစ်အမျိုးမျိုးနဲ့ အုပ်ချုပ်နေကြပေမယ့် အားလုံးဟာ သူတို့ အကျိုး တစ်ခုတည်းသာ အဓိက ကြည့်နေတာပါ။ အမှန်တကယ်တော့ အုပ်ချုပ်သူ အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကိုပဲ အပြစ်မတင်အပ်ပါဘူး။ ကျုပ်တို့ပြည်သူတွေ အတွင်းမှာလည်းပဲ လောဘတွေ မွှန်ထူပြီး လူစိတ်တွေ ကင်းမဲ့ပြီး အမြီးကျက် အမြီးစားတွေ လုပ်နေတဲ့သူတွေ တပုံတပင်ကြီးပင် မဟုတ်ပါလား။ အဇြူမလေးဟာ နောင်တရသင့်တာထက် လောဘရဲ့အပြစ်တွေကို သိမြင်ပြီး တရားသဘောကိုသာ ဆင်ခြင်သင့်ပါကြောင်း
(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: