Oct 3, 2009

ဟစ်တလာနှင့် မေတ္တာတရား



လောကကြီးက တကယ်ကို ရှုပ်ထွေးပါတယ်။
တကမ္ဘာလုံးက ကျောင်းတွေမှာ သင်ကြားနေတဲ့ ဟစ်တလာဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်ဆိုတဲ့ ကိစ္စဟာမှားနေတယ်ဆိုပဲ။ တချို့လူတွေဆိုရင် ဟစ်တလာဟာ မကြာမီကမှ အသက်ကြီးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ယူဆနေပါတယ်။ ဘယ်သူကမှန်သလဲ? လူညီရင် ဤကို ကျွဲလို့ခေါ်တယ်ဆိုသလိုပဲ ကြားဖန်များတဲ့ စကားကို အမှန်လို့ပြောလို့ဖြစ်ပါ့မလား? သမိုင်းတွေနဲ့ သတင်းတွေဟာ လုံးဝ စိတ်ချယုံကြည်လို့မရပါဘူး။ မိမိတို့ကိုယ်ကျိုးအတွက် လိုအပ်သလို ပြုပြင်ရေးသားနေကြတာပဲ မဟုတ်ပါလား? တကယ်တော့ ဟစ်တလာ သေသလားဆိုတာ ကျုပ်တို့အတွက် အရေးမကြီးပါဘူး။ ဒါပေမယ့် အဲဒီအချက်ပေါ်မှာ တွေးခေါ်စဉ်းစားသင့်ပါပြီ။ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေ အားလုံးနီးပါးဟာ ဗမာဘုရင်တွေ သတ်ဖြတ်ခဲ့တဲ့ ပါးစပ်ရာဇ၀င်တွေကို ဒီနေ့အထိ စားမြုပ်ပြန်ပြီး ဒေါသထွက်လို့ကောင်းနေဆဲပါ။ ရခိုင်တွေကလဲ ဗမာဘုရင်ရက်စက်တာ ပြောတယ်။ ရှမ်းကလဲပြောတယ်။ ကရင်ကလဲပြောတယ်။ ဒါပေမယ့် ကိုလိုနီခေတ်က အင်္ဂလိပ်တွေ ရက်စက်ခဲ့တာကို ပြန်ပြောပြီးဒေါသထွက်တာ မရှိကြပါဘူး။ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေဟာ မြန်မာအချင်းချင်း သွေးခွဲထားတဲ့ propaganda တွေရဲ့ ထိမ်းချုပ်မှုအောက်မှာ ရောက်နေတဲ့ လက္ခဏာပါပဲ။

ထို့အတူပဲ အနောက်ဖက်တက္ကသိုလ်ကြီးတွေက ဘွဲ့လက်မှတ်ကြီးတွေကိုင်ထားပြီး propaganda ဘာမှန်းမသိတဲ့ မြန်မာတွေအများကြီးရှိနေပါတယ်။ အဲဒီပညာတတ်တွေခမျာ အနောက်ဖက် တက္ကသိုလ်ကြီးတွေဟာ ဒီမိုအစိုးရတွေရဲ့ propaganda အရင်းအမြစ် တစ်ခုဆိုတာ သူတို့တွေ မသိရှာကြပါဘူး။ အဲဒါကြောင့် အဖြူတွေကို မျက်ကန်းအထင်ကြီးပြီး စကားပြောရင်တောင် အင်္ဂလိပ်လိုလေး ညှပ်ပြောရမှ နေသာထိုင်သာ ရှိတဲ့ဘ၀ကို ရောက်သွားတာပေါ့။

propaganda ဆိုတာ သတင်းအမှား၊ သမိုင်းအမှားကိုပဲ တင်ပြတယ်လို့ လူတွေက ယူဆနေကြပါတယ်။ အမှန်ကတော့ သတင်းမှန်၊ သမိုင်းအမှန်ကို တင်ပြရင်လည်း propaganda လို့ ခေါ်နိုင်တယ်ဆိုတာ မသိရှာပါဘူး။ ထို့အတူပဲ အမှန်တ၀က် အမှားတ၀က်ဟာလည်း propaganda ဖြစ်နိုင်ပါတယ်။

လောကကြီးရှုပ်ထွေးလွန်းလှပါတယ်။ လိမ်ညာမှုတွေ အများကြီးနဲ့ပါ။ ဘယ်သမိုင်းက မှန်တယ် ဘယ်သမိုင်းကမှားတယ်။ ဘယ်သတင်းကအမှန်တယ် ဘယ်သတင်းကမှားတယ်စသဖြင့် ခွဲခြားနိုင်တဲ့အစွမ်း ပုထုစဉ်လူသားတွေမှာ လုံးဝကို မရှိပါဘူး။ ဒေါက်တာဦးသန်းထွန်းကြီးပြောတဲ့ မအအောင် သမိုင်းသင်ရတယ်ဆိုတဲ့ စကားလုံးကတော့ အရမ်းကိုလှပါတယ်။ ဒါပေမယ့် လက်တွေ့မှာ လုံးဝကို မမှန်ပါဘူး။ လက်တွေ့ကျကျ အသုံးပြုနိုင်တာက မြတ်ဗုဒ္ဓ၏ မေတ္တာတရား သာလျှင်ဖြစ်ပါတယ်။

သမိုင်းတွေက အမှားပါတယ်ဆိုပြီး လုံးဝ မလေ့လာလို့မရပါဘူး။ သမိုင်းတွေကိုလေ့လာရပါမယ်။ ဖြစ်ပျက်ခဲ့တဲ့အမှားတွေကို သင်ခန်းစာယူရပါမယ်။ ဒါပေမယ့် သမိုင်းအချက်အလက်တွေကိုကြည့်ပြီး ဒေါသထွက်တာနဲ့ လက်စားခြေခြင်တဲ့စိတ်တွေ မဖြစ်ပါစေနဲ့။ တိကျမှုမရှိတဲ့ သမိုင်းအချက်အလက်တွေကို ဖတ်ပြီး ဒေါသထွက်မယ်၊ လက်စားခြေမယ်ဆိုတာ ဖြစ်သင့်ပါသလား? ထို့အတူပဲ သတင်းတွေကို နားထောင်ပါ။ ဒေါသတွေထွက်ပြီး အမုန်းအဃာတတွေမပွားပါနဲ့။ နအဖနဲ့ဒီမို နှစ်ဖက်စလုံးဟာ သတင်းတွေထုတ်လွှင့်နေတာ သူတို့ကိုယ်ကျိုးအတွက်ဆိုတာ ကလေးကအစ သိနေတာပဲ။ ဒီမိုမီဒီယာသတင်းတွေကို နားထောင်ပြီး ဦးသန်းရွှေကို အမုန်းအဃာတတွေ ပွားမယ်။ ပြီးတော့ ဒီမိုဝါဒကို မျက်ကန်းအထင်ကြီးမယ်ဆိုရင် မှန်ကန်ပါ့မလား? နအဖမီဒီယာကထုတ်လွှင့်တဲ့ သတင်းတွေကို နားထောင်ပြီး ဒီမိုသမားတွေကို မုန်းတီးမယ်။ ပြီးတော့ ဦးသန်းရွှေကို မျက်ကန်းအထင်ကြီးမယ်ဆိုတဲ့ စိတ်ထားတွေဟာ ဖြစ်သင့်ပါသလား?

ထပ်ပြောချင်တာက သမိုင်းကိုလေ့လာပါ။ သတင်းတွေကို နားထောင်ပါ။ ဒါပေမယ့် ဒေါသတွေမထွက်ပါနဲ့။ မိမိခေါင်းဆောင်ဟာ ပုထုစဉ် လူသားတစ်ယောက်သာဖြစ်တယ်ဆိုတာ သတိထားကြပါ။ (ဒေါ်အောင်ဆန်းစုကြည်ကို မျက်ကန်းအထင်ကြီးသူတွေနဲ့ ဦးသန်းရွှေကို မျက်ကန်အထင်ကြီးသူတွေ ရည်ရွယ်ပါတယ်။ ထို့အပြင် တိုင်းရင်းသားခေါင်းဆောင်ဆိုသူများကို မျက်ကန်း အထင်ကြီးနေတဲ့ သူတွေကိုပါ ရည်ရွယ်ပါတယ်) မိမိနဲ့ ၀ါဒမတူတဲ့ လူတွေကိုနားလည်ပေးကြပါ။ တဖက်ကို မဝေဖန်ခင် အပုတ်မချခင်မှာ ငါသာ သူ့နေရာမှာ ဖြစ်ခဲ့ရင် ဘယ်လိုခံစားရမလဲ။ ဘယ်လိုပြုမူမလဲဆိုတာကို အရင်စဉ်းစားပြီး ပြောဆိုလုပ်ကိုင်ကြပါ။ ချေးပါ သေးပေါကအစ စောက်တင်းပြောတဲ့ အကျင့်ဆိုးတွေကို ဖျောက်ကြပါ။ မြတ်ဗုဒ္ဓရဲ့ မေတ္တာတရားကို လက်ကိုင်ထားရင် ကျုပ်တို့ အမိနိုင်ငံဟာ မကြာမီမှာပဲ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာမှာပါ။ အာမခံပါတယ်။



ကိုးကားချက် များ

Fresh doubts over Hitler's death after tests on bullet hole skull reveal it belonged to a woman

Propaganda (Wikipedia)


မြတ်ဗုဒ္ဓ၏တရားဓမ္မများကို ဦးထိပ်ပန်ဆင်နေတဲ့
တောသားနှစ်ယောက်
(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: