Jan 7, 2010

များများကြောက်မှ အစိုးရတွေအခွန်ရ



အထက်ကဗီဒီယိုကြည့်ပါ။ မြေပြို.. ရေကြီး.. မုန်တိုင်းတွေဖြစ်တော့မယ်.. ဆူနာမိကလည်း ပါသေးတယ် . . .ဆွေစဉ်မျိုးဆက် ဒုက္ခရောက်တော့မယ်ဆိုပြီး ကြောက်မက်ဖွယ် ပြသထားတဲ့ ဗီဒီယိုပါ. . . မီးခိုးတွေကြောင့် ကမ္ဘာကြီပူနွေးလာတယ်လို့ ပြောကြားချက်ကို လက်ခံလာအောင် ဖြဲချောက်တဲ့နည်းကို အသုံးပြုထားတဲ့ Propaganda ဗီဒီယိုလေးပေါ့။ ဖြဲချောက်ပြီး Propaganda လုပ်တယ်ဆိုတာ မဆန်းတော့ပါဘူး။ နအဖက တိုင်းပြည်ကြီးချောက်ထဲ မကျအောင် ဆွဲတင်ရတယ်ဆိုတာ Propaganda ပါပဲ။ ဒီမိုဝါဒသာ မြန်မာပြည်မှာ မကျင့်သုံးရင် လူလိုသူလို နေလို့ရမှာ မဟုတ်ဘူးဆိုပြီး ရိုက်သွင်းနေတာလဲ Propaganda ပါပဲ။ အခုအချိန်မှာတော့ ဒီမိုဝါဒကို ဝေဖန်တဲ့သူမှန်သမျှ လူဆိုးကြီးတွေလို့ ထင်နေမှာပါ။ အဲလိုအပြုအမူဟာ ဆိုရှယ်လစ် ကွန်မြူနစ် စံနစ်တွေထွန်းကားချိန်ကလဲ ဖြစ်ခဲ့တာပါပဲ။ ဒီမိုနိုင်ငံတွေမှာလုပ်တဲ့ ရွေးကောက်ပွဲ. . . သူတို့ပြောနေတဲ့ လူအခွင့်အရေးတွေဆိုတာ စာရွက်ပေါ်မှာပဲ ရှိတာပါ။ အခုလောက်ဆိုရင် ကျုပ်တို့ကို နအဖလူလို့ သံသယရှိနေပြီ မဟုတ်လား? ဒါဆိုရင် … နအဖဘလော့.. နအဖမီဒီယာ.. … . အကုန်လေ့လာကြည့်ပါ… သူတို့လည်း ဒီမိုဝါဒကို ကောင်းတယ်လို့ ပြောပါတယ်။ ( ဒီမိုစံနစ်က ကောင်းလွန်းပြီး မြန်မာတွေနဲ့ မတန်လို့ ဒီမိုစံနစ်ကိုမပေးတာဆိုပဲ) ကမ္ဘာကြီးပူနွေးတာ မီးခိုးကြောင့်ဖြစ်တယ်လို့ သူတို့ကိုယ်တိုင် ၀ါဒဖြန့်နေတယ်။ 9/11 လဲ ဘင်လာဒင် လုပ်ခဲ့တယ်ဆိုပဲ။ မွတ်ဆလင်ကို ဘာသာတစ်ခုလို့ သူတို့က သဘောထားကျတယ်။ ကျုပ်တို့က သူတို့နဲ့လုံးဝ မတူပါဘူး။ ဒီမိုဝါဒကို အထင်မကြီးဘူး။ (တကယ်တော့ ဒီမိုဝါဒမှ မဟုတ်ဘူး.. အနောက်ဖက် တက္ကသိုလ်တွေက ရေးတဲ့ နိုင်ငံရေး သီအိုရီမှန်သမျှ ဘယ်တစ်ခုမှကို အထင်မကြီးတာပါ) ကမ္ဘာကြီးအပူရှိန်တက်တာ လူတွေရဲ့အပြစ် မဟုတ်ပဲ နေကြောင့်လို့ပြောပါတယ်။ 9/11 ကို အမေရိကန် အစိုးရလုပ်တယ်လို့ ပြောပါတယ်။ မွတ်ဆလင်ကိုလည်း ဘာသာတစ်ခုအဖြစ် လုံးဝ အသိအမှတ်မပြုပါဘူး။ အဲလိုမတူညီတာတွေရှိပါလျှက်နဲ့ ဒီမိုကို ဝေဖန်လို့ နအဖလို့ တံဆိပ်တပ်နေတာ သိပ်ကို ကလေးဆန်လွန်းပါတယ်။

ထို့အတူပဲ နအဖကိုယ်တိုင်ပဲ နာမည်အမျိုးမျိုးသုံးပြီး အခွန်ငွေတွေတိုးကောက်နေတာပဲ! နအဖနဲ့ ဒီမိုအစိုးရတွေ လူထုဆီက အခွန်ငွေတိုးကောက်တဲ့ နေရာမှတော့ ရှေ့သွားနောက်လိုက် ညီတယ်နော် ? သြော်… မေ့သွားတယ်။ အဲဒီမှာ UN ကလဲ မီးခိုးကြောင့်လို့ ပြောနေတယ်နော်… UN ကို အထင်ကြီးတာ ကမ္ဘာမှာ မြန်မာပဲရှိတယ်ဆိုတာ သိကြပါ။ UN ကို ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေရှိတယ်ဆိုတာကို မသိတာလဲ မြန်မာပဲရှိပါတယ်။

အရင်နှစ်တွေထက် တဖြေးဖြေုးပိုအေးလာတာ ကိုယ်တွေ့ပါပဲ။ အအေးလွန်ကဲမှုကြောင့် လူတွေသေနေတာ သတင်းတွေမှာ မြင်နေရပါပြီ။ အဲဒါကို ဒီမိုနဲ့ နအဖမီဒီယာတွေ ကမ္ဘာကြီးက မီးခိုးတွေကြောင့် ပူနွေးနေတယ်လို့ရေးတာကို ယုံမယ်ဆိုရင်တော့ .. စဉ်းစားကြည့်ပေါ့ဗျာ။ အဲဒီဗီဒီယိုမှာ တင်ထားတဲ့ ကော်မန့်တွေကို ဖတ်ကြပါဦးဗျာ။ နောက်ပြီးတော့ . . . လောဘရှိလို့ လူတွေတိုးတက်လာသလား… လောဘကြောင့် လူလောကကြီးပျက်စီးလာ သလားဆိုတာလည်း စဉ်းစားကြပါဦး



ဆက်လက်ဖတ်ရှု့ရန်


☀ Canadians For Global Warming

☀ Global Warming Propaganda from CNN

☀ Global Warming Propaganda Targeted at Kids

☀ 'Build-A-Bear Workshop', Child Indoctrination and Ultimate Global Warming Propaganda

No comments: