Apr 21, 2011

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များအတွက် ဒါကိုဖတ်လိုက်ပါ




မြန်မာလူမျိုး ရခိုင်ညီနောင်တို့ရေ… ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာ ရခိုင်အနွယ်ဝင်တွေ သတ်ခံရပြန်ပြီတဲ့ ။ ဒီအတိုင်းဆိုရင် မကြာမီ ဘင်္ဂလားဒေ့ရှ်မှာ ရခိုင်အမျိုးပြုတ်တော့မယ်။ အဲဒီ သတင်းဖတ်ပြီး စိတ်တော်တော်ကို မကောင်းဖြစ်သွားတယ်။ စိတ်မကောင်း.. ဒေါသထွက်နေလို့လဲ ဘာမှ အကျိုးမရှိပါဘူး။ အဲဒါကို ကာကွယ်ဖို့ ဘာလုပ်သင့်လဲဆိုတာ ၀ိုင်းဝန်းစဉ်းစားရမှာပဲ။ ရခိုင်လူဦးရေက သိပ်နည်းပါးပြီး ဘာလက်နက်မှလဲမရှိဘူးဆိုတော့ ဘယ်လောက်ပဲ ညီညွတ်နေပါစေ . . . ကုလားတွေကို ယှဉ်လို့မရပါဘူး။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ?

စိတ်မဆိုးနဲ့.. အမှန်ကို ပြောပြမယ်။ ရခိုင်တွေဟာ ရခိုင်နိုင်ငံဖြစ်အောင် နှစ်ပေါင်း ၂၀၀ကျော် ရုံးကန်လာပေမယ့် ဒီနေ့အထိ အနာဂတ်ဟာ မျှော်လင့်ချက် မဲ့နေဆဲဖြစ်ပါတယ်။ ရခိုင်အဖိုးအဖွားတွေရဲ့ ဆုံးမချက်ကို နှစ်ပေါင်း ၂၀၀ကျော် နာခံပြီး အသက်တွေ စွန့်ခဲ့တာ လုံလောက်ပြီ ထင်ပါတယ်။ ဒီခေတ်ကာလနဲ့ အဲဒီဆုံးမချက်က လုံးဝကို မကိုက်ညီတော့ပါဘူး။ မြန်မာနိုင်ငံကနေ ခွဲထွက်ဖို့ ကြိုးစားရင် ရခိုင်ကို အမျိုးဖြုတ်ဖို့ လုပ်နေတာနဲ့ အတူတူပါပဲ။ အဲလို ခွဲထွက်ဖို့ ကြိုးစားရင် ပထမဆုံး ပြည်ထောင်စု မပြိုကွဲရေးအတွက် မြန်မာ့တပ်မတော်က တိုက်ခိုက်ရမှာပဲ။ စစ်ဖြစ်တဲ့ဒေသမှာ တရားဥပဒေဆိုတာ လုံးဝမရှိပါဘူး။ ရခိုင်မလေးတွေ မုဒိမ်းကျင့်ခံရတာတွေ.. အစုလိုက် အပြုံလိုက် သတ်ခံရတာတွေ.. ရွာမီးရှို့တာတွေ စတဲ့ အဖြစ်ဆိုးတွေကို ကြုံလာပါလိမ့်မယ်။ အဲလိုပြောလို့ ဗမာစစ်သားတွေက ၇ခိုင်အပေါ်မတရားလုပ်တယ်ဆိုတဲ့ လူမျိုးရေး အမြင်နဲ့ မကြည့်ကြပါနဲ့။ အဲဒါဟာ လူမျိုးရေးနဲ့ မဆိုင်ပါဘူး။ စစ်ရဲ့ ဆိုးကျိုးတစ်ခုသာဖြစ်ပါတယ်။ စစ်ဖြစ်တဲ့ နေရာတိုင်းမှာ အဲလိုအဖြစ်မျိုးကို ကြုံရတာချည်းပါပဲ။ အမေရိကန်စစ်သားတွေလဲ မတရားတာတွေ လုပ်တာပဲ။ KNUလဲ အင်းစိန်တိုက်ပွဲမှာ ဗမာအရပ်သားတွေအများကြီးကို ရက်ရက်စက်စက် သတ်ခဲ့တာပါပဲ။ ကချင်တွေလဲ သူတို့ပြည်နယ်ထဲက ရှမ်းတွေကို သတ်ခဲ့တာပဲ။ တကယ်လို့ စွန့်လွှတ်စွန့်စားလုပ်ပြီး . . မြန်မာပြည်ကနေ လွတ်လပ်ရေးရသွားခဲ့ရင် ရခိုင်တွေ စိတ်ချမ်းသာရမယ် မထင်ပါနဲ့။ အဲဒါဟာ ရခိုင်ကို အမျိုးပြုတ်ဖို့အတွက် လမ်းစပဲဖြစ်မှာပါ။ ဒီခေတ်ကြီးမှာ နိုင်ငံသေးသေးလေးနဲ့ ရပ်တည်လို့ မရတော့ပါဘူး။ ကုလားဆိုတာ ခွေးသားဖေါက်သလို လူတွေကို မွေးထားတော့ နယ်မြေချဲ့ထွင်ဖို့ လိုအပ်နေတာ ခင်ဗျားတို့လဲ သိနေတာပဲ။ ရခိုင်ပြည်လွတ်လပ်ရေးရတာနဲ့ ဘင်္ဂလားဒေ့ရှ်က သိမ်းပိုက်တာကို ခံရမှာပဲ။ ကုလားတွေ ဘယ်လောက်စောက်ကျင့်ယုတ်လဲဆိုတာ ရခိုင်တွေက ပိုသိပါတယ်။

ညီအစ်ကိုလို သဘောထားပြီး အကြံပြုချင်ပါတယ်။ မြန်မာပြည်ကနေ ခွဲထွက်ဖို့ ခေါင်းထဲကနေ ဖျောက်လိုက်ပါ။ ဗမာတွေက လူမျိုးရေအရ ရခိုင်တွေကို နှိမ်ချပြီး အခွင့်အရေး အပြည့်အ၀မပေးဘူးဆိုတဲ့ စကားကို မယုံကြပါနဲ့။ ရခိုင်အစွန်းရောက်တွေက ဗမာမုန်းတီးရေးကို အသုံးပြုပြီး ရခိုင်တော်လှန်ရေးအားကောင်းလာအောင် ၀ါဒဖြန့်နေကြတာပါ။ ရန်ကုန်ရောက်ဖူးတဲ့ ရခိုင်တွေ အများကြီးရှိပါတယ်။ ဘယ်ဗမာက ရခိုင်ထက်ပိုပြီး အခွင့်ထူးမရဘူးဆိုတာ သိကြမှာပါ။ လူနေရပ်ကွက်တွေထဲမှာ ရခိုင်ကို ခွဲခြားတာ ရှိပေမယ့် မပြောပလောက်ပါဘူး။

ကျုပ်အကြံပြုချင်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တိုးတက်အောင် ကူညီကြပါ။ ခွဲထွက်ဖို့ စည်းရုံးနေတဲ့ ရခိုင်အစွန်းရောက်တွေကို ဆန့်ကျင်ပေးကြပါ။ မိမိ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေအကြားမှာ ဗမာတိုင်းရင်းသားတွေကို မုန်းတီးရေးပြောဆိုနေတာတွေလဲ တားမြစ်ပေးကြပါ။ ခင်ဗျားတို့အနေနဲ့ ရခိုင်ပြည်နယ် တစ်ခုရဲ့ အကျိုးကိုပဲ ကြည့်မနေပဲ တိုင်းပြည် တစ်ခုလုံးအကျိုးအတွက် တက်တက်ကြွကြွ လုပ်စေချင်ပါတယ်။ ငါတို့ ရခိုင်တွေအတွက် ဘာအခွင့်အရေးတောင်းရမလဲဆိုတာထက်. . . ပြည်ထောင်စု မြန်မာနိုင်ငံကြီးအတွက် ဘာလုပ်ပေးရမလဲဆိုတာ ဦးစားပေး စဉ်းစားကြပါ။ အဲလိုသာလုပ်မယ်ဆိုရင် မြန်မာနိုင်ငံ တိုးတက်လာမှာပါ။ တိုးတက်လာသည်နဲ့အမျှ မြန်မာရဲ့အရှိန်သြဇာကလဲ ဘေးနိုင်ငံတွေအပေါ်မှာ သက်ရောက်လာမှာပဲ။ မြန်မာနိုင်ငံ အင်အားကြီးမားလာရင် ကုလားတွေဟာ မြန်မာနွယ်ဖွား ရခိုင်တွေအပေါ်မှာ မတရားလုပ်ရဲမှာ မဟုတ်တော့ပါဘူး။ တကယ်လို့ မတရားဆက်လုပ်နေမယ်ဆိုရင် မြန်မာ့တပ်မတော်ဟာ ကုလားကို ၀င်ရောက်တိုက်ခိုက်ပြီး ရခိုင်နဲ့ ဗုဒ္ဓဘာသာတွေအားလုံးကို ကာကွယ်ပေးလို့ရပါတယ်။ ကျုပ်တို့ ညီညွှတ်ရင် ကုလားကို စာရင်းထဲထည့်ဖို့ မလိုပါဘူး။

ဆက်ပြောမယ်။ လွန်ခဲ့တဲ့ နှစ်၂၀၀တုံးကလို ရခိုင်သန့်သန့်လေးပဲ နေချင်တယ်ဆိုတဲ့ အိပ်မက်ကို ဖျောက်လိုက်ပါ။ ပြည်ထောင်စုဖြစ်လာရင် ရခိုင်ယဉ်ကျေးမှုဟာ တခြားမြန်မာနိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ ရောနှောသွားမှာပဲ။ အဲလိုပြောလို့ ရခိုင်ယဉ်ကျေးမှုတော့ ပျက်မှာပဲဆိုပြီး အဆိုးမမြင်ပါနဲ့။ အခုခင်ဗျားတို့ ရခိုင်တွေ ၀တ်နေတဲ့ ဘောင်းဘီဟာ ရခိုင်ယဉ်ကျေးမှု မဟုတ်ပါဘူး။ ခင်ဗျားတို့ ဂီတာတီးပြီး သီဆိုတဲ့ ရခိုင် သီချင်းတွေဟာ အနောက်ဖက်က ယဉ်ကျေးမှုတွေပါ။ အခုခင်ဗျားတို့ရဲ့ ခေါင်းပေါ်မှာရှိတဲ့ ဆံပင်တိုတိုကလဲ အနောက်ဖက်က ယဉ်ကျေးမှုပါပဲ။ အနောက်ဖက်က ဘောင်းဘီနဲ့ စကတ်တွေကို ဂုဏ်ယူစွာနဲ့ဝတ်နေပြီးတော့ . . . မြန်မာနိုင်ငံသားအချင်းချင်း ယဉ်ကျေးမှု ရောနှောဖို့ စိုးရိမ်နေမယ်ဆိုရင် အဲဒီစိတ်ဓါတ်ဟာ မှန်ကန်ရဲ့လားဆိုတာ စဉ်းစားကြည့်ပါ။ ရိုင်းရိုင်းပဲပြောမယ်. . . ရွာနားကမြက် ရွာနွားမစား စကားပုံအရဆိုရင် ခင်ဗျားတို့ဟာ နွားတွေဖြစ်ကုန်မယ်။

နောက်တစ်ခုက တန်ခိုးကြီးမားလှတဲ့ မဟာမြတ်မုနိဘုရားကြီးကို ညီညွတ်ရေးကို ရည်မျှော်ပြီး ရခိုင်နဲ့ မန္တာလေးကို တလှည့်စီ ရွှေ့ပြောင်းပြီး စံတော်မူစေတဲ့ အစီအစဉ်မျိုးလဲ ၀ိုင်းဝန်းကြိုးစားရအောင်။ ကျုပ်တို့လဲ တတ်နိုင်သလောက် ကူညီပါ့မယ်။ (ဒီနှစ်မှာ ရခိုင်မှာ သီတင်းသုံးတယ်ဆိုရင် . .နောက်နှစ်မှာ မန္တာလေးမှာ သီတင်းသုံးတဲ့ အစီအစဉ်ဖြစ်ပါတယ်) မဟာမြတ်မုနိဘုရားကြီး ရခိုင်သို့ ကြွရောက်ပြီး သီတင်းသုံးစေချင်တယ် မဟုတ်လား? ဒီတော့ ဘင်္ဂလားဒေရှ်က ရခိုင်တွေအတွက် . . . မြန်မာပြည်က ရခိုင်တွေအတွက် . . . မြတ်ဗုဒ္ဓ၏သာသနာတော်ကြီးအတွက် . . . ပြည်ထောင်စုကြီးအတွက် . . . လွန်ခဲ့တဲ့ နှစ်၂၀၀ကျော်တုံးက အတိတ်ကာလကို ပြန်သွားဖို့ မကြိုးစားကြပါနဲ့။ ခေတ်နဲ့အညီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး စည်ပင်သာယာရေးကို အုတ်တစ်ချပ် သဲတစ်ပွင့် ကူညီကြပါ။ ကျုပ်တို့တင်ပြချက်ကို ငါက ရခိုင်.. သူကဗမာဆိုတဲ့ တိုင်းရင်းသားအစွဲကို ဖျောက်ပြီး စဉ်းစားပေးကြပါရန် မေတ္တာရပ်ခံပါတယ်။


★ ★ ★ ★ ★
ငါတို့မြန်မာ့မြေတွင် မွတ်ဆလင်တွေလို အဖေက သမီး၊ သားက အမေ၊ အစ်ကိုက ညီမ၊ တူက အဒေါ်၊ မြေးက အဖွားကို မုဒိမ်းကျင့်တဲ့ အဖြစ်မျိုးလုံးဝမရှိ။ တရုတ်လိုလည်း ကလေးအရင်းကို မိန်းခလေးဖြစ်လို့ မွေးခန်းထဲမှာ သတ်ဖြတ်ခြင်းမျိုးငါတို့မှာ မရှိ။ အနောက်ဖက်လိုလည်း ကာကွယ်ဆေးမှာ အဆိပ်ခတ်တာမျိုးလည်းမရှိ။ နအဖနှင့် ဒီမိုသမားတွေအချင်းချင်း စောက်တင်းပြောတာတွေ ကြားဖန်များလို့ ၊ မကြီးမငယ်ရန်ဖြစ်တာတွေ မြင်ဖန်များလို့သာ မြန်မာဖြစ်ရတာကို ဂုဏ်ငယ်နေခြင်းဖြစ်၏ နှစ်သစ်မှာ မြန်မာဖြစ်ရတာဂုဏ်ယူတတ်ပါစေ။ အမျိုးဘာသာ သာသနာအတွက် ဂုဏ်ယူတတ်ပါစေ။ ယုတ်ညံ့သည့်မွတ်ဆလင်ဝါဒ အမြစ်ဖြုတ်ရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်လာပါစေ။

2 comments:

Stop Burmanization said...

ဒါလေးတောအယင်ဖတ်ကြည့်ကြပါ။

http://www.4shared.com/document/iPGCC6BE/Nationalities__Buddhism_under_.html

face said...

မင်းရဲ့ အိုင်ဒီယာကတော့ ကောင်းပါတယ်။ ရေးတာ နည်းနည်းရိုင်းနေလားလို့။ ပြီးတော့..မင်းရဲ့ ဘလော့ခ်က ဘာကိုဦးစားပေးတာလဲ။ အလာပ သလာပ ဘလော့လား။ ရောသမမွှေလား။ အတင်းအဖျင်းလား။ နိုင်ငံရေးလား။ အတခုခုတော့လုပ်ပါ။ ဖတ်တဲ့လူတွေက တကယ်အဟုတ်ထင်ထင်ပြီး ဖတ်မိတုန်း ရိုင်းတဲ့စကားလုံးတွေ တွေ့ရတော့ အထင်သေးခံရတာပေါ့။