Sep 19, 2010

အပြင်းစားတော်လှန်ရေးမှသည် အုတ်တစ်ချပ်သဲတစ်ပွင့် တော်လှန်ရေးဆီသို့



ကျုပ်တို့ အကြံပြုလိုတာက အသက်တွေကို စတေးပြီးလုပ်ရတဲ့ အပြင်းစား တော်လှန်ရေး။ မိမိဘ၀ကိုစတေးပြီး လုပ်ရတဲ့ အပြင်းစားတော်လှန်ရေး။ 24/7 အချိန်ပေးပြီးလုပ်ရတဲ့ အပြင်းစားတော်လှန်ရေးလမ်းစတဲ့ အစွန်းရောက် လမ်းစဉ်တွေကို စွန့်ခွာစေချင်တယ်။ ကျုပ်တို့အပါအ၀င် ပြည်သူအများစုက စိတ်ပဲရှိပြီး တကယ်လက်တွေ့မှာ အဲဒီအစွန်းအထိ မလုပ်နိုင်ဘူးဗျ။ တကယ်တော့ အပြင်းစားတော်လှန်ရေးကို မလုပ်နိုင်လို့ မသိမသာ နောက်ဆုတ်တဲ့သူတွေ အများကြီးရှိပါတယ်။ အပြင်းစားတော်လှန်ရေး အားနည်းချက်ကို ဥပမာပေးကြည့်မယ်. . .

☀ လူတွေက မူအရတော့ . . လမ်းပေါ်ထွက် အသေခံဆန္ဒပြတာတွေ၊ ABSDF နဲ့ KNU တို့လို အသက်ကို စတေးပြီး နအဖကို တော်လှန်ရင် အားပေးထောက်ခံကြတာချည်းပါပဲ။ ထောက်ပဲထောက်ခံရဲတယ် ကိုယ်တိုင်က အသေမခံရဲကြဘူး။ သေမှာ ကြောက်တာသဘာဝဗျ။ ကြောက်တဲ့သူကို အပြစ်တင်လို့ မရဘူး။ ဒီတော့ လူထု မပါဝင်ရဲတဲ့ အသေခံအပြင်းစားတော်လှန်ရေးဟာ ဖြစ်ထွန်းအောင်မြင်ပါ့မလား?


☀ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်လို အနစ်နာခံပြီးထောင်ထဲမှာ နှစ်ပေါင်းများစွာ နေရဲတာကို သတ္တိုရှိတယ်.. စွန့်စားရဲတယ်.. စိတ်ဓါတ်မာတယ် . . အနစ်နာခံရဲတယ် စသဖြင့်.. စသဖြင့်. . . စသဖြင့် လှည့်ပတ်ပြီး ရှိသမျှ စကားလုံးတွေကို သုံးပြီး ချီးကျူး.. ချီးမွမ်းလုပ်ကြပါတယ်။ သူတို့လုပ်ရပ်ကို ချီးကျူးတာနဲ့ ထောက်ခံတာပဲ လုပ်ရဲတာပါ.. ဘယ်သူမှ သူတို့လို ဘ၀ကို မစတေးရဲပါဘူး။ (Mahatma Gandhi လို အစာငတ်ခံတယ်လို့ပြောပြီး .. ကွယ်ရာမှာ ဗိုက်ဆာပြေတဲ့ ဆေးကို ဖျော်သောက်တာမျိုးက နာမည်ကြီးအောင်လုပ်ပြတဲ့ လူလိမ်လုပ်ရပ်ပါ။ အဲဒါကို အားမကျပါနဲ့) သာမန်ပြည်သူတွေလုပ်ရင် မိမိဘ၀တင်မကပဲ မိသားစုနဲ့ ဆွေမျိုးတွေပါ ဒုက္ခရောက်နိုင်တယ်ဆိုတော့ အရမ်းကို စဉ်းစားရတာပေါ့။ လက်တစ်စုတ်စာ လူတစ်စုကပဲ ဘ၀ကိုစတေးရဲပြီး အများစုက ဘေးကနေ လက်ပိုက်ကြည့်နေရင် ဒီအလုပ်ဟာ အောင်မြင်မှာ မဟုတ်ဘူး။ ဒီတော့ ဘ၀ကိုစတေးတဲ့ အပြင်းစားနည်းဟာ တကယ် မကျယ်ပြန့်နိုင်ဘူး... မအောင်မြင်နိုင်ဘူးဆိုရင် ဒီလမ်းစဉ်ကို စွန့်ဖို့သင့်တာပေါ့။


☀ ခင်ဗျားတို့က နိုင်ငံရေးသမားတွေဆိုတော့ နိုင်ငံရေးကသာ အဓိကလို့ခံယူနေကြတယ်။ ဆရာဝန်တွေကို ဆေးကုဖို့ထက် နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားစေချင်ကြတယ်။ မင်းသား/မင်းသမီးတွေကို သူတို့ အနုပညာထက် နိုင်ငံရေးကို ပိုပြီးဦးစားပေးစေချင်တယ်။ ကျောင်းသားတွေ ကျောင်းစာတော်ဖို့ထက် နိုင်ငံရေးအကြောင်းသိဖို့ ပိုပြီးလိုလားနေတယ်။ ဈေးသည်က ဈေးကိုရောင်းအားတက်အောင် ကြိုးစားဖို့ထက် နအဖမတရား လုပ်ရပ်တွေကို ဦးစားပေးပြီး ဆန့်ကျင်စေချင်တဲ့ ဆန္ဒတွေရှိနေတယ်။ စဉ်းစားပါ. . အဲဒါ လက်တွေ့ကျသလား? နိုင်ငံရေးသမား မဟုတ်တဲ့သူတွေကို 24/7 နိုင်ငံရေးထဲ စိတ်ဝင်စားစေချင်တဲ့ ရည်မှန်းချက်ဟာ လက်တွေ့ မကျဘူးဗျ။ အဲဒါကိုတော့ ပြင်မှဖြစ်မယ်။

ခင်ဗျားတို့က အပြင်းစား အစွန်းရောက်တော်လှန်ရေးဗျူဟာတွေပဲ ချပြနေမယ်ဆိုရင် ခင်ဗျားတို့နောက် ပြည်သူတွေက မလိုက်နိုင်တော့ပဲ… ပြည်သူတွေနဲ့ အဆက်ပြတ်သွားမယ်။ (အဲဒါ သတိထားမိရဲ့လား?) နအဖကို တကယ်တော်လှန်ခြင်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ခင်ဗျားတို့လဲသိနေတာပဲ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဈေးသည်၊ ကျောင်းသားတွေက နအဖကို မုန်းပေမယ့် အပြင်းစား တော်လှန်ရေးတော့ လုပ်နိုင်မှာမဟုတ်ဘူး။ ၈၈မှာ အသေခံဆန္ဒပြတယ်ဆိုတာက နတ်ပြည်က အပ်တစင်းနဲ့ မိုးပေါ်က အပ်တစ်စင်း ထိသွားတဲ့သဘောပါပဲ။ စစ်သားတွေလည်း နအဖကို ဆန့်ကျင်ချင်တာပဲ.. ဒါပေမယ့် သူတို့ အသက်၊ ဘ၀နဲ့ မိသားစုတွေကို စတေးရမယ့် အပြင်းစားတော်လှန်ရေးကို မလုပ်ရဲလို့ ငြိမ်နေရတာ သိနေတာပဲ။

ငယ်ရွယ်စဉ်က တောထဲမှာ မာန်အပြည့်နဲ့ အသက်စွန့်ဖို့ ABSDF ထဲဝင်ခဲ့တဲ့ ရဲဘော်တွေဟာ အခု အိမ်ထောင်တွေနဲ့ ဖြစ်နေပါပြီ။ အဲလို မိသားစုနဲ့ဖြစ်လာပြီမို့ အပြင်းစားတော်လှန်ရေးကို မလုပ်လိုတော့ပဲ တတိယနိုင်ငံတွေကို အသီးသီးထွက်ခွာနေကြတယ်။ အဲဒါကို အတင်းအဖျင်းပြောသူတွေရှိပြီး ABSDF အဖွဲ့ဝင်ဟောင်းတွေလဲ လိပ်ပြာတော့ လုံဟန်မတူပါဘူး။ ကျုပ်တို့အမြင်ကတော့ အဲလိုစွန့်ခွာတာ မှားယွင်းတယ်လို့မမြင်ဘူး။ တိုင်းပြည်ထက် မိသားစုအရေးကို ဦးစားပေးရမှာပဲ။ အဲဒီလူတွေရဲ့ သားသမီးနဲ့ ဇနီးတွေနေရာကနေ ခင်ဗျားတို့တွေ စာနာကြည့်ပေါ့ဗျာ။ အဖေလုပ်သူက အိမ်ထောင် တာဝန်ကျေဖို့ထက် သူဝါသနာပါတဲ့ နိုင်ငံရေးလုပ်နေရင် ဘယ်သူမှ ကျေနပ်မှာ မဟုတ်ဘူး။ ဒီတော့ စဉ်းစားဖို့က ABSDF ရဲဘောင်ဟောင်းတွေလို အပြင်းစားတော်လှန်ရေးကို စွန့်ခွာသွားတဲ့သူတွေ။ နအဖကို ဆန့်ကျင်လိုပေမယ့် အပြင်းစားမလုပ်ရဲတဲ့ သာမန်ပြည်သူတွေ။ နအဖကိုမုန်းတီးနေပြီး အပြင်းစားမလုပ်ရဲတဲ့ စစ်သားတွေကို ၀ိုင်းပြင်ကို ထုတ်ထားတာထက် လမ်းစဉ်တစ်ခုခု ချမှတ်ပေးသင့်တယ်။ ကျုပ်တို့အပါအ၀င် ပြည်သူတွေဟာ လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ တော်လှန်ရေးမျိုးဆိုရင် ပူးပေါင်းကူညီကြမှာပါ။

အသက် အသေခံမှ၊ ဘ၀တွေကို စတေးမှ၊ အချိန်ပြည့် နိုင်ငံရေးလုပ်မှ တော်လှန်ရေးလို့ လက်ခံထားတဲ့ အယူအဆကို ပြောင်းလဲသင့်ပြီ။ အပြင်းစားတော်လှန်ရေး အတွေးအခေါ်နဲ့ အပြင်းစားတော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်မှဖြစ်မယ်။ တနိုင်တပိုင် ဘယ်လိုတော်လှန်နိုင်မလဲ… အသက်အန္တာရယ်မရှိပဲ ဘယ်လိုတော်လှန်နိုင်မလဲ… အချိန်မပေးရပဲ ဘယ်လို တော်လှန်နိုင်မလဲဆိုတာ စဉ်းစားပြီး လူထုကို ချပြသင့်တယ်။(မိမိကိုယ်တိုင်လည်း စံနမူနာလုပ်ပြဖို့လည်း လိုတာပေါ့နော်) အဲလိုလွယ်လွယ်ကူကူ လုပ်ပေးရမယ်ဆိုရင် လူထုဘက်က ပူးပေါင်း ပါဝင်မှုတွေ အများကြီးပေါ်ထွက်လာလိမ့်မယ်။ စဉ်းစားပါ။


မြန်မာပြည်ကို အရမ်းချစ်ပြီး.. မြန်မာလူမျိုးအညာသားစစ်စစ်ဖြစ်တဲ့
တောသား၂ယောက်


★ ★ ★ ★ ★
ငါတို့မြန်မာ့မြေတွင် မွတ်ဆလင်တွေလို အဖေက သမီး၊ သားက အမေ၊ အစ်ကိုက ညီမ၊ တူက အဒေါ်၊ မြေးက အဖွားကို မုဒိမ်းကျင့်တဲ့ အဖြစ်မျိုးလုံးဝမရှိ။ တရုတ်လိုလည်း ကလေးအရင်းကို မိန်းခလေးဖြစ်လို့ မွေးခန်းထဲမှာ သတ်ဖြတ်ခြင်းမျိုးငါတို့မှာ မရှိ။ အနောက်ဖက်လိုလည်း ကာကွယ်ဆေးမှာ အဆိပ်ခတ်တာမျိုးလည်းမရှိ။ နအဖနှင့် ဒီမိုသမားတွေအချင်းချင်း စောက်တင်းပြောတာတွေ ကြားဖန်များလို့ ၊ မကြီးမငယ်ရန်ဖြစ်တာတွေ မြင်ဖန်များလို့သာ မြန်မာဖြစ်ရတာကို ဂုဏ်ငယ်နေခြင်းဖြစ်၏ နှစ်သစ်မှာ မြန်မာဖြစ်ရတာဂုဏ်ယူတတ်ပါစေ။ အမျိုးဘာသာ သာသနာအတွက် ဂုဏ်ယူတတ်ပါစေ။ ယုတ်ညံ့သည့်မွတ်ဆလင်ဝါဒ အမြစ်ဖြုတ်ရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်လာပါစေ။

No comments: