Aug 16, 2009

နအဖအရှက်ကွဲပြီ


ယက်တောကြီးကို လုံးဝ လွှတ်ပေးလိုက်ပြီဆိုပဲ။ ဒီလုပ်ရပ်အတွက် နအဖအရမ်းကိုသိက္ခာ ထိခိုက်စေမှာပါ။ ယက်တောကို လွှတ်ပေးလို့သိက္ခာထိခိုက်မှာ မဟုတ်ပါဘူး။ အနောက်ဖက်အစိုးရတွေဟာ တခြားနိုင်ငံသားတွေ သူတို့နိုင်ငံမှာ အပြစ်ကျူးလွန်ရင် သူတို့ဥပဒေနဲ့စီရင်ပေမယ့် … သူတို့လူမျိုးတွေ တခြားနိုင်ငံမှာ အပြစ်ကျူးလွန်ရင်တော့ အဲဒီနိုင်ငံရဲ့ တရားဥပဒေနဲ့ အပြစ်မပေးခံရအောင် လုပ်တာဟာ အစဉ်အလာတစ်ခုပါ။ နားလည်အောင်ပြောရရင် သူများနိုင်ငံရဲ့ ဥပဒေကို စော်ကားတာပေါ့ဗျာ။ ထိုင်းမှာလည်း ဘုရင်ကိုစော်ကားခဲ့တဲ့ ကောင်ကို ထောင်၁၂နှစ် အပြစ်ပေးတာ တစ်လလောက်နဲ့ ပြန်လွှတ်ပေးရတယ်။ ဒီမိုကရေစီနည်းလမ်းမကျလို့ လွှတ်ပေးရတယ်လို့ အဖြူဘက်ကို ရှေ့နေလိုက်ပေးမလို့လား? ဟစ်တလာက ဂျူးတွေကို အဆိပ်ငွေ့နဲ့သတ်ထာ အထောက်အထားမရှိဘူးလို့ ပြောရင် ထောင်ဒဏ်ပေးခံရပါတယ်။ ဒီမိုရဲတွေကိုဓါတ်ပုံရိုက်ရင် ထောင်ဒဏ်ပေးမယ်ဆိုတဲ့ ဥပဒေက ထွက်လာပါပြီ။ အဲဒါတွေက ဒီမိုကရေစီတဲ့လား?

ယက်တောကို လွှတ်ပေးဖို့ နောက်ကွယ်မှာတော့ နအဖကို ခြိမ်းခြောက်တာတွေ အကျပ်ကိုင်တာတွေ ရှိနိုင်ပါတယ်။ အီရန်ရဲ့ရေပိုင်နက်ထဲကို ကျူးကျော်တဲ့ uk စစ်သားတွေ အဖြစ်ကိုပဲ ပြန်ပြီးသတိရပါ။ သူများရေပိုင်နက်ကို အမိန့်ပေးပြီး ကျူးကျော်ခိုင်းပါတယ်။ နောက်ပြီး အီရန်က လွှတ်မပေးရင် စစ်ကြေငြာမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ် မဟုတ်ပါလား။ အဲလိုရန်စတာတွေနဲ့ အနိုင်ကျင့်တာတွေကို ဒီမိုမီဒီယာတွေမှာ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဆက်စပ်လို့ပြောရရင် အမေရိကန်အစိုးရဟာ သူတို့လူမျိုးကို တန်ဖိုးထားလို့ ယက်တောကို လွှတ်လာအောင် လုပ်တယ်လို့တော့ မထင်ပါနဲ့။ အာရှတို့ အာဖရိကလို့တို့လို နိုင်ငံသေးလေးတွေမှာ အဖမ်းခံရမှ အခုလိုလုပ်ပေးပါတယ်။ နိုင်ငံသေးလေးတွေကို အနိုင်ကျင့်တဲ့ သဘောပါပဲ။ (မြန်မာနိုင်ငံက မသေးပါဘူး။ စည်းလုံးမှုမရှိလို့ ဖွံ့ဖြိုးမှုမရှိတာပါ) နောက်တစ်ခုက သူတို့ပြည်သူတွေကို လိမ်ညာလှည့်စား လိုတဲ့သဘောလည်းပါတယ်။ အစိုးရက ပြည်သူတွေကို ဂရုစိုက်ပြီး သူများနိုင်ငံထောင်ထဲကနေ ဆွဲထုတ်ပေးတယ်ဆိုပြီး ဟန်ပြတဲ့သဘောပါ။ တကယ်တော့ နည်းမျိုးစုံနဲ့ သူတို့ပြည်သူတွေကို သတ်ဖြတ်နေတာပဲ မဟုတ်ပါလား?

အခုလိုတခြားနိုင်ငံက လာရောက်စော်ကားရင် မြန်မာလူမျိုးတွေအားလုံးက နအဖဘက်ကနေ ဒေါသထွက်ပေးရမှာပေါ့။ အခုတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ နအဖကို အရှက်ရအောင် စကားနာပဲထိုးကြပါတယ်။ (စကားနာထိုးတဲ့ထဲမှာ မွတ်ဆလင်တွေပါနေပေမယ့် သူတို့ကို လူလိုသဘောမထားလို့ စကားထဲထည့်မပြောပါဘူး) အဲလို စကားနာထိုးတဲ့သူတွေကိုလဲ အပြစ်မတင်ထိုက်ပါဘူး။ နအဖလုပ်ရပ်တွေက အရမ်းကို မှားခဲ့တာကိုး။ နအဖ အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ ပြည်သူတွေအပေါ်မှာ ဘယ်လောက် ရက်စက်ခဲ့လဲဆိုတာ လူတိုင်းသိပါတယ်။ ဖမ်းချင်ရင် အထောက်အထား မခိုင်လုံလဲ ဖမ်းတယ်။ သူတို့ကို ဆန့်ကျင်တဲ့ ဒီမိုသမားတွေကို ထောင်ချရင် နှစ်ရှည်ထောင်ဒဏ်ပေးရုံတင်မကပဲ ဝေးလံတဲ့ ဒေသတွေမှာ ပို့ပြီး မိသားစုကို ဒုက္ခရောက်အောင်လုပ်ခဲ့တာတွေဟာ လူမဆန်တဲ့လုပ်ရပ်တွေပါ။ ကျောင်းသားတွေကိုလဲ ဝေးလန်တဲ့နေရာတွေကိုသွားပြီး ကျောင်းတက်ခိုင်းပါတယ်။ စစ်တက္ကသိုလ်တွေကိုတော့ နန်းတော်ကြီးတွေလို ဆောက်ထားပေမယ့် အရပ်ဖက် တက္ကသိုလ်တွေကတော့ ဓနိမိုး၊ ထရံကာတွေ မဟုတ်ပါလား? စီမံကိန်းကြောင့် အိမ်ဖျက်၊ မြေသိမ်းရင်လည်း တတ်နိုင်သမျှ အဆင်ပြေအောင် လုပ်ပေးတာ မရှိပဲ. . . တာဝန်ကျေပြီးရောဆိုပြီး လုပ်ခဲ့ပါတယ်။

မြန်မာလူမျိုးအချင်းချင်းကို အမျိုးမျိုးရက်စက်တယ်။ အမျိုးမျိုး ဒုက္ခပေးတယ်။ ယက်တောကြီး အမှုကျူးလွန်ပါလျက်နဲ့ ဘာမှ မလုပ်ပဲ လွှတ်ပေးလိုက်တယ်ဆိုတော့ . . . . . အပြောခံရတာပေါ့ဗျာ။ အပြောခံရတဲ့နအဖကို မသနားသလို၊ အပြစ်တင်တဲ့လူတွေကိုလဲ မတားချင်ပါဘူး။ (မွတ်ဆလင်က လူမဟုတ်ဘူး) တားသင့်သလား? တကယ်လို့သာ နအဖဟာ လူတွေကို စာနာစိတ်ထားပြီး မဖြစ်မှပဲ ဖမ်းတယ်။ အရပ်ဖက်နဲ့ စစ်တပ်ကို မခွဲခြားပဲ တန်းတူလုပ်ကိုင်ပေးမယ်။ မိမိကိုဆန့်ကျင်တဲ့ ဒီမိုသမားတွေကိုလည်း အခြေအနေအရ အရေးယူရရင်တောင် တတ်နိုင်သမျှ ဒုက္ခနည်းအောင် လုပ်ပေးမယ်ဆိုရင် . . .အခုကိစ္စမှာ နအဖအရှက်မကွဲပဲ.. ပြည်သူလူထုကတောင် ပိုမိုပြီး ဂရုဏာသက်မှာပါ။ လူထုကလည်း အမေရိကန်ကိုပဲ ဆဲကြမှာပါ။ နအဖအနေနဲ့ သင်ခန်းစာယူသင့်ပါပြီ။ မြန်မာလူမျိုးအချင်းချင်း အနိုင်ကျင့်ပြီး အိမ်ကျယ်သာ ဆက်လုပ်နေမယ်ဆိုရင် တခြားနိုင်ငံက စော်ကားလာရင် အခုလိုပဲ မျက်နှာငယ်နေရမှာပဲ ….. လူထုကလဲ သရော် လှောင်ပြောင် လိမ့်မယ်။

စကားစပ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ပြောလိုပါတယ်။ 2010 ရွေးကောက်ပွဲ မပြီးမချင်း မလွှတ်သင့်ဘူးလို့ ယူဆထားပါတယ်။ သူသာထွက်လာရင် အနောက်ဖက်က ခိုင်းသမျှ ပေါက်ကရ အကုန်လုပ်မယ်။ တိုင်းပြည်လည်း ချာချာလည်မယ်။ ဒါပေမယ့်ဗျာ . . . ဒေါ်အောင်ဆန်းစုကြည်ဟာ လူတစ်ယောက်ပါ။ ကိုယ်ချင်း စာကြည့်ပါ။ အကျယ်ချုပ်နဲ့ နေလာခဲ့ရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ အခုလည်း တစ်နှစ်ခွဲလောက်ထပ်ပြီး နေရဦးမယ်ဆိုတော့ ဘယ်လောက် ခံစားရမလဲဆိုတာ တွေးကြည့်ပါ။ သူလုပ်ရပ်မှားသည်ဖြစ်ပါစေ . . . ဘာပဲဖြစ်ဖြစ် သူ့ဒုက္ခကိုတော့ စာနာ နားလည်ပေးသင့်ပါတယ်။ လွတ်လပ်စွာနေထိုင်ချင်မှာပဲ။ (ဓါတ်ပုံတွေထဲမှာ ထောင်ထောင်လုပ်ပြနေတာ စိတ်ဓါတ်ကျတာကို ဟန်ဆောင်ဖုံးကွယ်နေတဲ့လုပ်ရပ်ပါ) မဖြစ်လို့ ချုပ်နှောင်ထားရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုတာတွေနဲ့ မလိုအပ်တဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အမုံန်းအဃာတတွေ တိုးပွားအောင်လုပ်နေတာ ကောင်းတဲ့ လုပ်ရပ်လည်း မဟုတ်ပါဘူး။ မိမိဘက်ကလူတွေက ဆဲဆိုနေရင်လည်း လက်ပိုက်မကြည့်ပါနဲ့။ မသိဟန်မဆောင်ပါနဲ့။ တားမြစ်ပေးပါလို့ တောင်းဆိုပါတယ်။ အမုံန်း အဃာတတွေကင်းတဲ့ နိုင်ငံရေးသာဖြစ်လာမယ်ဆိုရင် ကျနော်တို့ နိုင်ငံဟာ မကြာမီတိုးတက်လာပြီး အမေရိကန် အနိုင်ကျင့်မှာကို ကြောက်ဖို့လိုမှာ မဟုတ်ပါဘူး။ အထူးသတိပေးချင်တာက. . . ဇတ်တူသားစားရင် အားနည်းတတ်တယ်ဆိုတဲ့ အဆုံးအမကိုမမေ့ပါနဲ့။


စာနာစိတ်ရှိမှ တိုင်းပြည်စည်းလုံးမည်
တောသားနှစ်ယောက်


(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: