Aug 26, 2009

အလှုဒါနဲ့ပါတ်သက်ရင် မြန်မာက နံပါတ်(၁)



အထက်ကဗီဒီယိုလေးကတော့ ကျနော်တို့ မြန်မာတွေနဲ့ မစိမ်းလှပါဘူး။ (မြန်မာဆိုသည်မှာ ကချင်၊ ကယား၊ ကရင်၊ ရခိုင် ၊ မွန် ၊ ဗမာ၊ ရှမ်း စသည့် တိုင်းရင်းသားအားလုံးကို ရည်ညွှန်းပါသည်)။ Ugandaမှ ဆရာတော်ဦးဗုဒ္ဓဓရက္ခိတရဲ့ နောက်ထပ် ဗီဒီယိုတစ်ခုဖြစ်ပါတယ်၊ ဆရာတော်ရဲ့မယ်တော် သီလရှင်ဝတ်တာလဲ မြင်တွေ့ရမှာပါ။ ကျောင်းတော်ကတော့ အင်မတန်ကို ချို့တဲ့လွန်းလှပါတယ်။ ဆရာတော်ရဲ့ သာသာနပြုလုပ်ငန်းအတွက် အွန်လိုင်းကနေလှူဒါန်းပြီး ကုသိုလ်ယူနိုင်ပါပြီ။ မိမိတို့အပေါင်းအသင်းများထံ လိုက်လံအလှုခံပြီး စုပေါင်းလှူဒါန်းမယ်ဆိုရင် အင်မတန်ကို ထိရောက်မယ်လို့လဲ ယုံကြည်ပါတယ်။ အခုလိုအလှုမျိုးဟာ ကြုံတောင့်ကြုံခဲတဲ့ အခွင့်အရေးမျိုးပါ။

ထူးခြားချက်နောက်တစ်ခုကတော့ မြန်မာ အမျိုးသမီးတစ်ယောက် Ugandaကို သွားရောက်ပြီး အလှုဒါနတွေပြုနေတာမြင်ရပါမယ်။ မြန်မာလူမျိုးတွေကတော့ အလှူအတန်းမှာ အင်မတန်ကို ခုံမင်ကြပါတယ်။ နိုင်ငံရေးသမားတွေ မကြီးမငယ်ရန်ဖြစ်နေလို့ ကမ္ဘာမှာ မြန်မာတွေ မျက်နှာငယ်နေရတဲ့ အချိန်ပေါ့ဗျာ။ အားမငယ်ပါနဲ့တော့။ ဒီဗီဒီယိုလေးကိုကြည့်ပြီး ကျုပ်တို့မြန်မာလူမျိုးရဲ့ အလှူဒါနကို သာဓုလည်းခေါ်ရင်း.. အမျိုးသားရေးအတွက် ဂုဏ်ယူနိုင်ပါပြီ
(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: