Jan 22, 2009

ခေတ်လူငယ်များရဲ့ ပေါက်ကွဲသံစဉ်

ဒီမိုဘလော့မှာ ရေးထားတဲ့ သူရိန်ဆိုတဲ့ကောင်ကြောင့် ဒီမိုသမား အားလုံးကို ရောသိမ်းပြီး အပြစ်မတင်လိုပါဘူး။ ဒီမိုသမား ဗုဒ္ဓဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ အခုလိုမျိုးကိစ္စကို လက်မခံဘူးဆိုတာ သိပါတယ်။ ဒီဆောင်းပါးတင်ပေးတဲ့ ဒီမိုဘလော့ပိုင်ရှင်နဲ့ စာရေးသူ သူရိန်တို့ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို စာဖတ်ပြီး မှန်းဆကြည့်နိုင်ပါတယ်။



ပြည်တွင်းက လူငယ်ရဲ့ အသံ

အမှန်ပြောရင် အဲ့လိုကန်ကြလား

ပြောရပြီ။ ဖြစ်ရပ်တခုအပေါ် အနက်ကောက်ယူမှုတွေ အမျိုးမျိုးထွက်လာကြတယ်။ ကျွန်တော့်အမြင်ကိုလည်းပြောချင်လာတယ်။ ရက်ပ်ပါ ဂျောက်ဂျက် underground ထွက်တဲ့သီချင်းကိစ္စပဲ။

လိင်ကိစ္စတွေ၊ ဆယ်ကျော်သက်လူငယ်တွေ အပျော်ကြူးမှုတွေအကြောင်းစာသားတွေ ပါတဲ့ hiphop သီချင်းတွေကို ဂျောက်ဂျက်တို့ဆိုခဲ့ကြတယ်။ ဒီသီချင်းတွေကို ညစ်ညမ်းသီချင်းတွေ၊ အောက်တန်းကျတဲ့သီချင်းတွေ၊ စာရိတ္တပျက်စီးစေတဲ့ သီချင်းတွေ၊ မိန်းကလေးတွေ နားမထောင်သင့်တဲ့ သီချင်းတွေလို့ ပိုးစိုးပက်စက်ဝေဖန်ကြတယ်။ ကျွန်တော်ပြောချင်တာတွေ တချက်ချင်းထောက်ပြချင်ပါတယ်။

၁ ညစ်ညမ်းသီချင်းတွေလို့ ဘာကြောင့်ပြောရတာလဲ။

ဒီသီချင်းတွေမှာပါတဲ့ စကားလုံးတွေကို ဒီလူငယ်တွေကတီထွင်ခဲ့တာလား သိပ်ကိုသန့်ရှင်းမြင့်မြတ်လှတဲ့ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့စည်းထဲမှာရှိနေခဲ့တဲ့ စကားလုံးတွေပဲ မဟုတ်ဘူးလား။ လူသန်းနဲ့ချီပြောနေကြ ခင်းဗျားတို့ကျွန်တော်တို့ပါးစပ်ထဲက စကားလုံးတွေပဲမဟုတ်ဘူးလား ဒီသီချင်းတွေက ညစ်ညမ်းတာလား။ ကျွန်တော်တို့လူသားတွေရဲ့ ပါးစပ်ထဲကညစ်ညမ်းမှုတွေကို လူငယ်တွေက တွေ့ပြီးထုတ်ဖော်ပြတာလား။

၂ အောက်တန်းကျတဲ့သီချင်းတွေ

လူငယ်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အကြောင်းကို အမှန်အတိုင်းပြောရင် အောက်တန်းကျသလား။ အမှန်ကို မျက်ကွယ်ပြုပြီး ဟန်တလုံးပန်တလုံး အိနြေ္ဒရှိပြတာ မှ အထက်တန်းကျတာလား

၃ စာရိတ္တပျက်စီးစေတဲ့သီချင်းတွေ

သီချင်းတပုဒ်နားထောင်ရုံနဲ့တောင် သီချင်းထဲကလိုလိုက်လုပ်ချင်ရမယ်ဆိုရင် လက်တွေ့ကြုံ ရမယ်ဆိုရင် ခင်ဗျားတို့ စာရိတ္တတွေခိုင်မာနိုင်မှာလား။ သီချင်းကစာရိတ္တကိုဖျက်တာလား။ စာရိတ္တကိုယ်တိုင်က ယိမ်းယိုင်နေတာလား။

၎ မိန်းကလေးတွေနားမထောင်သင့်တဲ့သီချင်းတွေ

မိန်းကလေးတွေက လိင်ကိစ္စနဲ့မပတ်သက်ရဘူးလား။ ဒါဆိုယောကျားချင်းပဲ ပတ်သက်ကြတော့ မိန်းကလေးတွေရဲ့ အင်္ဂါကို ပါးစပ်က ယောင်တတ်တဲ့ လူကြီးလူုကောင်းများ။ စောက်ရေးမပါတာလို့ ပြောတတ်သူများ ပြန်စဉ်းစားပါ ဒါလေးပါးစပ်မှာ ဘာလို့အမြဲငုံထားကြတာလဲ။ မိန်းကလေးတွေကိုယ်တိုင်ရော မသုံးဘူးလား။ မကြားဖူးဘူးလား ဒီစကားလုံးတွေ။ သီချင်းတွေထဲက ဇာတ်ကောင်ပြည့်တန်ဆာမိန်းကလေးတွေ အပျော်ကြိုက်မိန်းကလေးတွေ၊ သူတို့တွေက အပြင်မှာ တကယ်မရှိနေတာတွေလား။ နားရှက်စရာတွေကိုနေ့စဉ် ထမင်းစားရေသောက် ပြောနေကြတာမဟုတ်ဘူးလား။


အဓိကအကြောင်းရင်ကို ရှာကြမယ်ဗျာ။ အဝေးကြီးတွေ ကောင်းကင်ဆန်ဆန်စကားတွေ ခဏချထား မြေကြီးအကြောင်း အရင်စဉ်းစားစို့။ လက်ရှိလူငယ်တွေမှာ သူတို့ရဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေရလဲ။
သူတို့ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ။ သူတို့ကပျက်စီးချင်နေသူတွေလား။ ခေတ်ကသူတို့ကို ပျက်စီးစေနေတာလား။ မိန်းကလေးပြည့်တန်ဆာတွေ ဘာလို့ပေါလာတာလဲ။ ဒီနေ့ခေတ်လူငယ်တွေကို ဘာတွေက ခြိမ်းခြောက်နေတာလဲ။ ဒါတွေဟာ အစိုးရကခွင့်ပြုမထားရင် ရှိနေပါ့မလား။ ကလပ်တွေ၊အနှိပ်ခန်းတွေ ၊ပြည့်တန်ဆာရုံတွေကို ဘယ်သူတွေအဓိက ဖွင့်လှစ်လုပ်ကိုင်နေတာလဲ။ ဂျောက်ဂျက်ကမေးခွန်းတွေပေးလိုက်တာပဲ။

ဂျောက်ဂျက်ကိုလေးစားတယ်။ မြင့်မြတ်လို့မဟုတ်ဘူး။ သူရဲကောင်းတယောက်လို့လည်း
မပြောဘူး။ သူဟာ လူငယ်စိတ်အပြည့်ရှိလို့ပဲ။ အမှန်ကို ဖော်ထုတ်ပြရဲလို့ပဲ။ ခင်ဗျားတို့ကိုယ့်ကို ကိုယ်ပြန်မေးပါ။ အမှန်တွေပြောနေကြတာလားဆိုတာ။ တကယ်ဖြစ်နေတဲ့ အခြေအနေကို ခံစားရတဲ့အတိုင်း မှန်တဲ့အတိုင်းထုတ်ဖော်ပြခွင့် မရနိုင်ရင် လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတာလည်း ခင်ဗျားတို့ ဆင်ခြင်တုံတရားတွေရဲ့ ခြေဖ၀ါးအောက်မှာပဲ ဖိနပ်လုပ်စီးလိုက်ကြတော့။

“လူတွေကတော်တော်ဟန်ဆောင်ကောင်းချင်ကြတာပဲ”
လူဆိုပြီးဟန်ဆောင်နေတာတောင် တော်တော်လွန်နေပြီဆိုတာလည်း မသိဟန်ဆောင်ထားကြတုန်းပဲ ဗိုလ်ချုပ်အောင်ဆန်းပါးစပ်က ဖာသယ်ဆိုတဲ့စကား လူသိရှင်ကြားပြောခဲ့တာ ဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ ပြောခဲ့တာကျတော့ ဘယ်သူမှနားထောင်ဖို့မရှက်ကြဘူး ဂျောက်ဂျက်က ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံဖြစ်နေတဲ့အကြောင်းပြောတာကျတော့ မိုက်ရိုင်းတယ်ဆိုပဲ။ ညစ်ညမ်းတယ်ဆိုပဲ။

တကယ်ရှက်ရမှာက ဒီလိုအခြေအနေတွေကို လူငယ်တွေမကြုံရအောင် အကာအကွယ်မပေးနိုင်ခဲ့တဲ့ ခင်ဗျားတို့ ကျုပ်တို့တွေမဟုတ်ဘူးလား။

လူဖြစ်ချင်ရင် လူလိုစဉ်းစားကြဗျာ…..
သူတော်စင်စကားတွေသိပ်မပြောကြနဲ့…....

ပြည်တွင်းက ပြန်လာတဲ့ ပြည်ပရောက် လူငယ်ရဲ့ အသံ
ဟစ်ဟော့ ဆောင်းပါးနဲ့ ပါတ်သက်လို့ ပြည်ပမှာလွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြတာတွေ့ ရတဲ့ အတွက်ဝမ်းသာပါတယ်.....

တကယ်တော့ မြန်မာပြည်ထဲမှာ ပိတ်မိနေတဲ့လူငယ်တွေဟာ မျက်စိ၊ နား၊ ဒွါရခြောက်ပေါက်အပိတ်ခံထားရတာပါ။ ကျွန်တော်မြန်မာပြည်ထဲမှာ ၂လနီးပါးခရီးသွားခဲ့တာပါ။ မြန်မာပြည်ထဲက လူငယ်တော်တော်များများက ကျား၊မ မရွေး နှစ်နှစ်ခြိုက်ခြိုက် နားဆင် နေကြတာ တွေ့ ရပါတယ်။ သူတို့ တွေရဲ့ ဘ၀တွေကို အစိတ်အပိုင်းတော်တော်များများ ရောင်ပြန်ဟပ်လို့ ပါပဲ။

ကျွန်တော်ဆိုလိုတာကတော့ မလွတ်လပ်တဲ့ဘ၀တွေမှာ သူတို့ တွေကို အနုပညာကိုတစ်ခုတည်းသော ထွက်ပေါက်အနေနဲ့ လွတ်လပ်စွာ ပေါက်ကွဲခွင့်ပေးပါ။ ပြည်ပကလူတွေအနေနဲ့ သူတို့ ကပို့ ပေးတဲ့ message အဖြစ် နားထောင်ပေးပါ၊ သူတို့ ဘ၀တွေကိုလေ့လာပါ။ ဒီနည်းနဲ့ ပြည်ပကကျွန်တော်တို့ တွေ အကောင်းဆုံး ကူညီနိုင်မည့် နည်းလမ်းကောင်းတွေရှာဖွေနိုင်ပါလိမ့်မယ်။

စာကြွင်း။ ။ သူတို့ ဟာ ဟစ်ဟော့ဦးဆောာင် အက်ဆစ်၊ ဒုတိယမျိုးဆက် ရသ နဲ့ ဂျေမီတို့ ကိုလည်း ပြစ်ပယ်မထားပါဘူး။

ကျွန်တော်တည့် ပဲပြောမယ်နော်.... စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ထွန်းထွန်း၊ ဟဲလေးလို ကောင်မျိုးတွေကို စာရင်းထဲတောင် ထည့်မထား ပါဘူး။ ဒါတွေကိုပြည်တွင်းကလူငယ်တွေပဲ အသိဆုံးပါ။ မြန်မာနိုင်ငံ နယ်စပ်မဟုတ်တဲ့ မြို ပြတွေမှာပိတ်မိနေတဲ့ ကျွန်တော်တို့လူငယ်တွေ ကို ပါးစပ်တွေဝိုင်းပိတ်နေကြမယ့် အစား ပြည်ပကလူတွေနားလည်နိုင်အောင်ကြိုးစားပေးကြပါလို့ တိုက်တွန်းပါရစေ။

လေးစားစွာဖြင့်
သူရိန်

2 comments:

pee said...

dffddff

Unknown said...

မောင်သူရိန်မင်းငယ်သေးတယ်ထင်တယ် လူဆို တာပြောသင့်တဲ့စကားရှိတယ် မပြောသင့်တဲ့စ ကားရှိတယ်။ပြောသင့်တဲ့စကားတောင်အချိန်အ ခါနဲ့နေရာရှိတယ်။မင်းရေးထားတဲ့စာက မင်းတို့မိသားစုရဲ့ယဉ်ကျေးမူ့ကိုပြနေသလိုဘဲ။ မင်းတို့မိသားစုကြားမှာသ္မီးနဲ့အဖေမပြောသင့်တဲ့ စကားတွေပြောနေလာလို့မေးရမလိုဖြစ်နေပြီ။ ဥပမာ..အဖေရေသ္မီးတော့ရာသီလာနေပြီအပျို ဖြစ်ပြီလို့ပြောလား။စဉ်းစားနော်။မင်းအမေက ရောမင်းရှေ့မှာစကားကိုမဆင်ချင်ဘဲ မင်းအဖေ ကိုပြောတာဘဲလား။ ရေးရမယ်ဆိုအများကြီနော်။မင်းလူယဉ်ကျေးတယောက်ဖြစိဘို့အများကြီလိုသေးတယ်။ မင်းဗုဒ္ဓဘာသာမဟုတ်ဘူးထင်တယ်။