Jan 2, 2009

ဒီမိုမီဒီယာယုံတဲ့သူတွေဖတ်ကြည့်ရန်



လူတွေက ဘာတွေဖြစ်ပျက်နေလဲသိဖို့ ဒီမိုမီဒီယာကို အားကိုးကျတယ်။ နာဂစ်တုံးက လှူတန်းနေသူတွေရဲ့ ဓါတ်ပုံတွေကို ဘလော့တွေမှာ ဝေေ၀ဆာဆာမြင်နေရတာပဲ။ ဦးဇာဂနာတို့ အဖမ်းခံရတာ တခြားအကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ လှူဒါန်းလို့တော့ ဟုတ်မယ် မထင်ဘူး။ ဒါပေမယ့် ဒီမိုမီဒီယာတွေက လှူတဲ့သူတွေကို နအဖက လိုက်ဖမ်းနေတယ်လို့ပြောတော့ လူတွေတော်တော်များများ ယုံခဲ့တာပဲ မဟုတ်လား? ကားမောင်းရင်း လမ်းပေါ်ကို စားစရာတွေပစ်ချပြီးလှူတာက လှူတာမဟုတ်ဘူး။ လူတွေကိုတိရိစ္ဆာန်လို ပြုမှုတာ။ အဲဒါမျိုးမလုပ်ရဘူးလို့ တားမြစ်တာ နအဖမှားသလား? တခုဖြစ်နိုင်တာ တဖက်လှည့်နဲ့ အလှူရှင်တွေကို မလှူရဲအောင် လုပ်နေသလား မပြောတတ်ပါဘူး။ လှူတဲ့သူမရှိရင် ဒုက္ခသည်တွေ ပိုပြီး ဒုက္ခရောက်မယ်။ ဒါမှ အမေရိကန် စစ်တပ် ၀င်ဖို့ အကြောင်းပြချက် ရမယ်လေ။ ဗုဒ္ဓဘာသာမြန်မာတွေက လှူရတာ ၀ါသနာကြီးတော့ ကားကြီး၊ ကားငယ်၊ လှေတွေသုံးပြီး ပျော်ပျော်ပါးပါး လှူခဲ့တာပဲ မဟုတ်လား? (မြန်မာဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းတယ်ဗျာ)

လူတွေဟာ ဒီမိုမီဒီယာတွေ ပြောသမျှ အားလုံးကို အမှန်ပဲဆိုပြီး ကောက်ချက်ချတယ်။ ဒီမိုမီဒီယာတွေကလည်း လူတွေကို ယုံကြည်လာအောင် စကားလုံးလှလှလေးတွေ၊ ဒီဇိုင်းလှလှလေးတွေ သုံးထားတယ်။ မျက်နှာအမူအရာနဲ့ အသံတွေကိုလဲ သေခြာလေ့ကျင့်ပြီးမှ သတင်းကို ကြေငြာတယ် မဟုတ်လား? တောသားနှစ်ယောက်က ပြောချင်ပါတယ် “ဒီမိုမီဒီယာတွေကို အားမကိုးပါနဲ့ . . . မယုံကြည်ပါနဲ့ ။ ငတုံးဖြစ်ချင်သူတွေပဲ ဒီမိုမီဒီယာကို ယုံပါ။ အားကိုးပါ။” ဒီမိုမီဒီယာဆိုတာ ဘာဆို ဘာမှကို အားမကိုးရဘူးဗျ။

အဖြစ်က ဒီလိုဗျ။ ၂၀၀၄ တုံးက Mars ဂြိုလ်ပေါ်ကို စက်ရုတ်နှစ်ခု သွားခဲ့ပါတယ်။ ရောင်စုံ ဓါတ်ပုံတွေကို ကမ္ဘာမြေပြင် ပြန်ပို့ခဲ့တယ်။ အဲဒီပုံတွေကို ဒီမိုမီဒီယာတွေက တခမ်းတနားပြသခဲ့ပါတယ်။ ပိုက်ဆံတွေ အများကြီးလည်း ရခဲ့ပါတယ်။ ဓါတ်ပုံတွေထဲမှာ Mars ဂြိုလ်ကောင်းကင်ကြီးဟာ အနီရောင်ဖြစ်နေတယ်။ မြေသားကလဲ အနီရောင်သန်းနေတယ်။ အဲဒါထူးဆန်းသလား?။ ထူးဆန်းတာရှိပါတယ်။ အဲဒါက စက်ရုပ် က သူ့ကိုယ်သူ ပြန်ရိုက်တဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။ အဲဒီဓါတ်ပုံတွေမှာ အပြာရောင်ရှိတဲ့ အစိတ်အပိုင်းတွေ အားလုံး အနီရောင်ဖြစ်နေပါတယ်။ NASA တံဆိပ်လဲ အပြာရောင်ကနေ အနီရောင် ဖြစ်နေတယ်။ ဘာဖြစ်လို့ အနီရောင် ပြောင်းသွားတာလဲ? Mars ဂြိုလ်ပေါ်ရောက်သွားလို့ စက်ရုပ်ပေါ်မှာ ရှိတဲ့ အစိတ်အပိုင်းတွေ အားလုံးလိုက်ပြီး နီသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဓါတ်ပုံကို အနီဖြစ်အောင် Photoshop နဲ့ အရောင်ချိန်ထားတာ ပေါ်လွင်နေပါတယ်။ ဒီမိုအစိုးရတွေဟာ အင်မတန်ကို လိမ်တာ ညံ့ဖျင်းပါတယ်။ သူတို့ FBI ၀က်ဆိုက်မှာ ဘင်လာဒင်ကို ဘယ်သန်လို့ရေးထားပါတယ်။ CIA လုပ်တဲ့ ဘင်လာဒင်အတု ဗီဒီယိုမှာတော့ ဘင်လာဒင်အတုက ညာဖက်နဲ့ စာရေးနေတယ်။ အမေရိကန် ဘယ်လောက် ညံ့လဲ သိသာပါတယ်။ အခုလဲပဲ ကောင်းကင်ပဲ သတိထားပြီး စက်ရုပ်ပေါ်က အစိတ်အပိုင်းတွေ သတိမထားလိုက်တဲ့ ပုံပါပဲ။ ဒါဆိုရင် အနီရောင်လို့ မြင်ရတဲ့ ကောင်းကင်ကြီးဟာ အပြာရောင်လို့တွက်လို့ရပါတယ်။ မြေကြီးဟာလဲ အဲလောက်မနီပဲ ကမ္ဘာမြေကြီးနဲ့ အရောင်ဆင်တူဖြစ်နိုင်တယ်လို့ တွက်နိုင်ပါတယ်။ အဲဒါလုံးဝသေခြာပါတယ်။NASA ဟာ သတင်းစာရှင်းလင်းပွဲမှာ ဓါတ်ပုံတွေ တသီကြီးပြရင်းနဲ့ တစ်ပုံမှာတော့ ကောင်းကင်ဟာ အပြာရောင် ဖြစ်နေပါတယ်။အရောင်ခြယ်ဖို့ မေ့သွားဟန်တူပါတယ်။ ဒီထက်ပိုပြီးသေခြာတာကတော့ NASA ရဲ့ ၀က်ဆိုက်မှာ တင်ထားတဲ့ပုံ တစ်ခုမှာလည်း ကောင်းကင်ဟာ အပြာရောင်ဖြစ်နေပါတယ်။ တခြားဝက်ဆိုက်ကပုံဆိုရင်တော့ သံသယဖြစ်ဖွယ်ပါ။ အခုဟာ NASA ၀က်ဆိုက်ကပုံပါ (တောသားနှစ်ယောက်က သက်သေအမြဲပေးပါတယ်။ NASA ၀က်ဆိုက်က ပုံ Link ကို ကိုးကားချက်မှာ ထည့်ပေးထားပါမယ်။) သတင်းစာရှင်းလင်းပွဲက ပုံမှာ လည်း အပြာရောင်ကောင်းကင်နဲပုံ မှားပြခဲ့တယ်။ စက်ရုပ်အစိတ်အပိုင်းတွေဟာလည်း အပြာကနေ အနီဖြစ်သွားတာကို ကြည့်ရင် ဒီမိုအစိုးရ အင်မတန် နမော်နမဲ့ နိုင်ပြီး လူတွေကို လိမ်ညာထားတာ သိသာနေပါတယ်။

မပိမရိဖြစ်နေတဲ့ အဲဒီကိစ္စကို လိမ်ညာတဲ့နေရာမှာ တဖက်ကမ်းခတ်တော်တဲ့ ဒီမိုမီဒီယာကြီးတွေက တာဝန်ယူပြီး လိမ်ဇတ်ကို ဆက်ကကြပါတယ်။ ကောင်းကင်ဟာ အပြာရောင်ဖြစ်နိုင်ကြောင်း ပြောချက်တွေထွက်ပြီး နှစ်ပတ်လောက် အကြာမှာ ဒီမိုသမားတွေ သိပ်အထင်ကြီးတဲ့ BBC က စပြီး လိမ်ပါတယ်။ BBC က ဘာပြောလဲဆိုရင် ကင်မရာဟာ အရောင်မှန် ချိန်ဖို့ အခက်အခဲဖြစ်နေတယ်တဲ့။ ဒါ့ကြောင့် NASA တံဆိပ်က အနီရောင်ဖြစ်သွားတယ်ဆိုပဲ။ သြော် . . . . ဟုတ်လား? အရောင်မမှန်ဘူးဆိုတဲ့ အဖြစ်က အပြာကနေ အပြာပုတ်ဖြစ်မယ်။ အပြာပျော့ဖြစ်သွားတယ်။ စတဲ့ ကိစ္စမျိုးပဲ ကြားဖူးပါတယ်။ အခုဟာ အပြာကနေ လုံးဝ အနီရောင်ဖြစ်သွားတယ်။ ယုတ္တိရှိသလား? ကျနော်တို့ နည်းပညာ နားမလည်လို့ပဲထားပါ။ ဒီနေ့အထိ ဆိုရင် နှစ်ပေါင်း လေးနှစ် ကြာခဲ့ပြီ။ ကင်မရာအရောင်ပြန်ညှိပြီးတော့ ရိုက်လိုက်တဲ့ပုံဆိုပြီး ထွက်လာတာ မရှိသေးဘူး။ အရောင်မှန်သွားပြီဆိုရင် ကောင်းကင်အရောင်၊ မြေသားအရောင်တွေ ဟာ လုံးဝ ပြောင်းသွားမှာ သေခြာပါတယ်။ အဲဒီဓါတ်ပုံအသစ်တွေကို ဘာကြောင့် ဒီမိုမီဒီယာတွေက NASA ကို မတောင်းကြည့်သလဲ? အဲဒီဓါတ်ပုံအသစ်တွေဟာ လူတိုင်းစိတ်ဝင်စားမှာ သေခြာတယ်။ ဒီမိုသတင်းစာတွေ ပိုက်ဆံအများကြီးရမှာနော်။ ဘာဖြစ်လို့ ပိုက်ဆံမလိုချင်ကျတာလဲ? ဘာကြောင့် လူတွေက ကောင်းကင်ပြာကြီးဖြစ်မယ်လို့ ယူဆတဲ့ စွပ်စွဲချက်ကို BBC က ထည့်မပြောလဲ? ဘာကြောင့် NASA က ကောင်းကင်ပြာကြီးပုံသတင်းစာမှာ ပြသခဲ့တဲ့ ကိစ္စထည့်မပြောလဲ? ဘာကြောင့် NASA ၀က်ဆိုက်မှာ အပြာရောင် ကောင်းကင်ကြီးနဲ့ ပုံရှိနေတာ လူတွေသိအောင် မပြောလဲ?

BBC နဲ့တင် မရတော့ဘူး။ ထပ်လိမ်ဖို့ လိုသေးတယ်ဆိုတာ ဒီမိုအစိုးရသိပါတယ်။ တစ်လကျော်မှာတော့ AP သတင်းဖြစ်တဲ့ Mars နေ၀င်ချိန်မှာ ကောင်းကင်ကြီးဟာ ပြာနေတယ်ဆိုတဲ့ သတင်းကို ရေးခဲ့ပါတယ်။ ဓါတ်ပုံကတော့ အစစ်လား အတုလား မသိပါဘူး။ ဖုံတွေကြောင့် ကောင်းကင်ဟာပြာနေတယ်လို့ ရေးထားပါတယ်။ တကယ်ပဲ ဖုံကြောင့်ကောင်းကင်ကြီးက ပြာသွားသလား။ ဒါမှ မဟုတ်ရင် အရင်တုံးက NASA ပြသခဲ့ ကောင်းကင်ပြာ ဓါတ်ပုံတွေဟာ ဖုံတွေကြောင့် ပြာနေတယ်လို့ အမှတ်မှားအောင် သတင်းလိမ်ရေးထားသလား? ဘာကြောင့် NASA ၀က်ဆိုက်မှာ တင်ထားတဲ့ ကောင်းကင်ပြာဓါတ်ပုံအကြောင်းကို ထည့်မပြောလဲ? လူတွေ စွပ်စွဲချက် ဘာကြောင့် မဖေါ်ပြလဲ? ဒီတော့လိမ်ရေးတာကတော့ သေခြာပါတယ်။

လိမ်တာတင်မကပါဘူး။ ဒီမိုမီဒီယာတွေဟာ လူတွေ စိတ်ဝင်စားတာကို အင်မတန် ရှာဖွေတင်ပြတတ်တဲ့ အလေ့အထရှိတယ်ဆိုတဲ့ အယူအဆဟာလည်း မှားတယ်ဆိုတာ သတိထားနိုင်ပါတယ်။ NASA ၀က်ဆိုက်မှာ တင်ထားတဲ့ ကောင်းကင်ပြာ ဓါတ်ပုံမှာ လူသားနဲ့ ဆင်တူတဲ့ ကျောက်ရုပ်လေးတစ်ခု ပါဝင်နေပါတယ်။ အဲဒီအရုပ်ဟာ တကယ် လူသားအရုပ်လေးဖြစ်နေရင် အင်မတန်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ (စိတ်ဝင်စားတဲ့အထဲမှာ တောသားနှစ်ယောက်မပါ)။ ဒါပေမယ့် FOX NEWS မှာပဲ သတင်းတိုလေးသာ ဖေါ်ပြပြီး NASA က လူရုပ်အကြောင်း မေးမြန်းချက် ပြန်မဖြေပါဆိုတဲ့ စကားနဲ့တင် ဇတ်လမ်းကို ပြီးဆုံးစေခဲ့ပါတယ်။ NASA ကလဲ စက်ရုပ်ကို အဲဒီသွားပြီး ကြည့်ခိုင်းသင့်တာပေါ့။ NASA သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ယောက်ကတော့ NASA ဟာ Marsကို တကယ်မသွားပဲ လိမ်ညာနေတယ်လို့ ထင်နေသူရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒီတော့ NASA က သူတို့လိမ်တယ်ဆိုရင် အိပ်ရေးပျက်ခံပြီး လုပ်နေဘူးဆိုပဲ။ အိပ်ရေးပျက်ခံတာ တကယ်ပဲ Mars ပေါ်ရောက်သွားလို့လား လိမ်တာ မပိမရိဖြစ်လို့ ခေါင်းချာချာလည်ပြီး အိပ်မပျော်ဖြစ်သွားသလားဆိုတာ နတ်တွေပဲ သိမှာပေါ့။

လပေါ်သွားတဲ့ကိစ္စတုံးကလည်း စမ်းတ၀ါးဝါးဖြစ်ခဲ့ပါတယ်။ အခု Mars ကိစ္စမှာလည်း ကောင်းကင်ပြာသလားဆိုတာ မိမိဖာသာ ရှာဖွေလေ့လာပြီး စဉ်းစားမှဖြစ်ပါမယ်။ သက်ရှိလူသားတွေ ရှိမရှိဆိုတာလည်း မိမိဖာသာ ထင်ချင်သလို ထင်မှ ဖြစ်ပါမယ်။
အခုဆောင်းပါးက Mars ဂြိုလ် အပြာရောင်လားဆိုတာ စမ်းစစ်တဲ့ ဆောင်းပါးမဟုတ်ပါဘူး။ သိချင်ရင်တော့ ကိုးကားချက်တွေမှာပဲ မိမိဖာသာလေ့လာကြည့်ပါ။ အခုဆောင်းပါးက ဒီမိုမီဒီယာတွေဟာ ဘယ်လောက်အထိ အမှန်တရားအတွက် အားကိုးထိုက်လဲဆိုတဲ့ ကိစ္စကို စဉ်းစားဖို့ပါ။ Mars ကို အပြာရောင်လို့ လူတွေကလည်းပြောနေတယ်။ NASA ၀က်ဆိုက်မှာလဲ အပြာရောင် မိုးကောင်းကင်နဲ့ ဓါတ်ပုံရှိတေယ်။ အဲဒီကိစ္စကို BBC တို့လို ဒီမိုမီဒီယာ ၀က်ဆိုက်တွေမှာ ရှာဖွေကြည့်တယ်။ ဘာမှ အားကိုးလို့ရတဲ့ သတင်းတွေ မတွေ့ရဘူး။ ဘာများအသုံးကျလဲ? BBC, CNN တို့ရယ်။

စဉ်းစားဖို့က Mars ကိစ္စမှာ အမေရိကန် သမ္မတနဲ့ မပတ်သက်ပါဘူး။ တခြားနိုင်ငံခေါင်းဆောင်တွေလဲ မပါတ်သက်ပါဘူး။ ဒါတောင် ဒီမိုမီဒီယာတွေက အမှန်တရားကို ဖေါ်ထုတ်ပေးတာ မဟုတ်ပါဘူး။ တကယ်လို့ နိုင်ငံခေါင်းဆောင် ပတ်သက်နေတဲ့ နိုင်ငံရေး ကိစ္စတွေမှာ ဒီမိုမီဒီယာတွေဟာ ဒီထက်ပိုလိမ်ပေးမယ်ဆိုတာ လုံးဝ သေခြာပါတယ်။ ဒါဆိုရင် ဒီမိုမီဒီယာတွေဟာ အရည်အသွေးမရှိဘူး၊ အားကိုးလို့မရဘူး ၊ မရိုးသားဘူးဆိုတာ လက်ခံလောက်ပါပြီ။ . . . . . . . စိတ်မဆိုးနဲ့ဦး။

(ထုံးဆံအတိုင်းပဲ အထောက်အထားတွေနဲ့ ဓါတ်ပုံတွေကို comment မှာပဲ တင်ပြပါမယ်။ တောသားနှစ်ယောက်ဟာ ဒီမိုမီဒီယာတွေနဲ့ ဒီမိုဘလော့တွေလို သက်သေမရှိပဲ စကားလုံးလှလှလေးတွေနဲ့ လှည့်စားတဲ့သူတွေ မဟုတ်ပါဘူး)

မြန်မာပြည်ကို သိပ်ချစ်တဲ့
တောသားနှစ်ယောက်

2 comments:

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အားလုံးနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကျပါစေ။ မြန်မာပြည်ကြီးလည်း 2009 မှာ နိုင်ငံရေး အကျပ်အတည်းကနေ လွတ်မြောက်နိုင်ပါစေလို့ ဆိုတောင်းလိုက်ပါတယ်။
ကိုးကားချက်တွေဟာ Mars ဂြိုလ်အရောင်မှန်က ဘာလဲ? ဂြိုလ်သားများရှိလား? Mars ကို တကယ် မသွားပဲ လိမ်ခဲ့သလား ရှာဖွရန် အဓိကမဟုတ်ပါ။ ဘာမှမဟုတ်တဲ့ ကိစ္စလေးမှာတောင် အမှန်ဘာလဲဆိုတာ ရှာဖွေဖို့ ခက်ခဲကြောင်း နှင့် ဒီမိုမီဒီယာတွေကို အားကိုးလို့မရကြောင်း သတိပြုမိစေရန်ဖြစ်ပါတယ်။

(၁) NASA Photo Shows Humanoid Figure on Mars

(၂) Blue Sunset On The Red Planet (CBS)

(၃) Rover stunning image of lander (BBC)

(၄) Nasa ၀က်ဆိုက်မှ အပြာရောင်ကောင်းကင် ဓါတ်ပုံ

(၅) True color Mars: Spirit´s database fully exposed (ဗီဒီယို)

(၆) !!!Mars Blue Sky & Water!!!

(၇) Evidence that NASA is altering the true colors of the pictures of Mars

(၈) Mars Phoenix Lander Cover Up By NASA?

(၉) UNCOVEROR EXCLUSIVE: MARS HOAX EXPOSED

(၁၀) Mars Blue Sky, Lightning Self-Removing Dust

(၁၁) Mars Self-Cleaning Rovers Changing Sundial Mystery

(၁၂) Mars Phoenix Lander ONLY Capable Of B/W Photos?

(၁၃) Evidence that NASA is altering the true colours of the pictures of Mars ( အသေးစိပ်ကို အမြင်အမျိုးမျိုးနဲ့ဆွေးနွေးထားတာမို့ ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။)

(၁၄) What NASA Isn’t Telling You About Mars - Part 3

(၁၅) What NASA Isn’t Telling You About Mars - PART 2

(၁၆) Scientists thought that Mars looked much like parts of the Arizona desert

(၁၇) NASA Tests Rover Concepts In Arizona

(၁၈) Nasa Lies. Richard C Hoagland

(၁၉) Mars Moon Hoax NASA - Capricorn One Anyone? (ဗီဒီယို)

(၂၀) Nasa Lies – Sabotage (ဆွေးနွေးချက်)

(၂၁) Nasa astronauts ‘drunk on duty’ (BBC)

(၂၂) Space computer ‘sabotage’ probed (BBC)

* * * * * * * * *

မြန်မာဖြစ်ရတာ အရမ်းဂုဏ်ယူတဲ့
တောသားနှစ်ယောက်


* * * * * * * * *

Junaid Alam said...

accoမding to Thalun Myanmar to English dictionary,

ကုလား = အိန္ဒိယနိုင်ငံသား...so အမေလိုးကြီးဖြစ်တဲ့ နွားဘုရား ဗုဒ္ဓဟာလဲ စောက်ကုလားပဲနော်.....